စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ်



 

လူရဲ့အရေပြားကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုလို့ရမယ့်လက်ကောက်တွေ ဈေးကွက်ထဲ
ရောက်လာတော့မယ့် အကြောင်းကို DailyMail က ဖော်ပြခဲ့ပါတယ်။
Cicret လို့ခေါ်တဲ့ ဒီလက်ကောက်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို အစားထိုးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။

လက်ကောက်ထဲမှာ အသေးစားပရောဂျက်တာကို ထည့်ထားမှာ ဖြစ်ပြီး အရေပြားမျက်နှာပြင်ကို ထိတွေ့အသုံးပြုနိုင်ဖို့ ဆင်ဆာ ၈ ခုက ပြုလုပ်ပေးထားမှာ ဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုခြင်း၊ အီမေးအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း စတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်မယ်လို့ဆိုပါတယ်။
ဘလူးတု၊ ဝိုင်ဖိုင်တို့အပြင် USB ပေါက်ပါ ပါဝင်တယ်လို့ ဆိုပါတယ်။

Cicret ကုမ္ပဏီကို ဦးဆောင်တည်ထောင်သူ Guillaume Pommier က “ ကျွန်တော်တို့ ခေါ်ဆိုမှုတွေရဖို့အတွက် 3G ကဒ်တွေ ထည့်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်ကောက်ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လာမယ့် ဇွန်လထဲမှာ ဈေးကွက်ထဲရောက်မယ်လို့ ဆိုပါတယ်။

16 GB နဲ့ 32 GB ဆိုပြီး နှစ်မျိုးလာမှာဖြစ်ပါတယ်။ အရောင်ကိုတော့ ၁၀ မျိုးရွေးချယ်နိုင်ပြီး ရောင်းဈေး ပေါင် ၃၀၀ လောက်ကျမယ်လို့ဆိုပါတယ်။

www.myanmarlatestnews.com

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...