စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Selfie ရိုက်ရင်း တံတားပေါ်က ပြုတ်ကျသေဆုံးသွားခဲ့ရတဲ့ ခရီးသည်အမျိုးသမီး



 

အသက် ၂၃နှစ်အရွယ်ရှိ Sylwia Rajchel ဆိုတဲ့ အမျိုးသမီးဟာ စပိန်ကို အပန်းဖြေခရီးထွက်လာခဲ့ပြီး စပိန်ရဲ့ Sevilleက နာမည်ကြီး Puente de Triana တံတားအရောက်မှာ သူမဘာသာသူမ selfie ရိုက်ဖို့ကြိုးစားရင်း ၁၅ပေမြင့်တဲ့ တံတားအောက်ကို ပြုတ်ကျသွားခဲ့တာလို့ Daily Mail ရဲ့ ဖော်ပြချက်အရသိရပါတယ်။ လူနာတင်ယာဉ်က ချက်ချင်းဆိုသလို ရောက်လာပြီး ဆေးရုံကို ခေါ်သွားခဲ့ပေမယ့် အသက်မမီတော့ပါဘူး။

"စပိန်ကို အရမ်းသွားချင်ခဲ့တာ ကျွန်မသမီးလေးရဲ့အိပ်မက်ပါ။ ဒီအဖြစ်အပျက်ကို ယုံဖို့တော်တော်ခက်ပါတယ်။ သမီးလေးကို ဘယ်တော့မှလည်း မမြင်ရတော့ဘူး။ တစ်ချက်ကလေးမှတောင် မပွေ့ဖက်လိုက်ရဘူး။ သူ့ကိုဘယ်လောက် ချစ်တယ်ဆိုတာလည်း မပြောလိုက်ရဘူး။ ကျွန်မနှလုံးသား ကြေကွဲရပါပြီ။ အိပ်မက်ဆိုးကြီး မက်နေသလိုပါပဲ"လို့ Sylwia ရဲ့မိခင်ဖြစ်သူ Bernadeta က ဖွင့်ဟသွားခဲ့ပါတယ်။

ခုဆိုရင် အဲ့ဒီတံတားကို ပိုပြီးအန္တရာယ်ကင်းစေဖို့ ဘေးအကာတွေတပ်ဖို့ ညွှန်ကြားထားလိုက်ပြီလို့လည်း သိရပါတယ်။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...