စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယုန် နဲ့ လိပ်ပုံပြင် (နောက်ဆက်တွဲ)


                        
ယုန် နဲ့ လိပ် ပုံပြင်ကို မူလတန်းကတည်း က သင်ဖူးကြပြီးသားပါ … လုံ့လ ဝီရိယ ရှိဖို့ အပျင်း မကြီးဖို့ … ဖြေးဖြေး နဲ့ မှန်မှန် လုပ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေကို တွေ့မြင်နိုင်ပါတယ် … ဒါပေမယ့် အင်တာနက်မှာ ဆက်ဖတ်ကြည့်တော့ ယုန် နဲ့ လိပ် ပုံပြင်က နောက်ထပ် ပြိုင်ပွဲတွေ ရှိပါသေးတယ် … ။ ပထမဆုံး အကြိမ် ပြိုင်ပွဲမှာ ယုန်က ရှုံးနိမ့်သွားတဲ့အတွက် နောင်တရပြီး နောက်တစ်ကြိမ် ထပ်ပြိုင်ဖို့ လိပ်ကို ကမ်းလှမ်းပါတယ် … ။ လိပ်ကလည်း အနိုင်နဲ့ မပိုင်းချင်တဲ့အတွက် ပြိုင်ဖို့ လက်ခံလိုက်ပါတယ် … ။ ဒီလိုနဲ့ ဒုတိယ အကြိမ်ပြိုင်ပွဲမှာ … ယုန်က သူ့အမှားကို သင်ခန်းစာယူပြီး အပျင်းမကြီးပဲ မရပ်မနား ပြေးလိုက်တာ ပြိုင်ပွဲကို အနိုင်ရသွားပါတယ် … ။

ဒါပေမယ့် ပြိုင်ပွဲက အဆုံးမသတ်သေးပါဘူး … သမိုင်းအဆက်ဆက် အနိုင်ရခဲ့တဲ့ လိပ်ဟာ ဒီတစ်ပွဲမှာ ရှုံးသွားတဲ့အတွက် … ရာဇဝင်တော့ အရိုင်းမခံပါဘူး … တတိယ အကြိမ်မြောက် ယှဉ်ပြိုင်ဖို့ အတွက် လိပ်က ယုန်ကို ကမ်းလှမ်းပါတယ် … ။ ဒီတစ်ကြိမ်မှာတော့ လိပ်က ပြေးလမ်းကြောင်းကို သူကိုယ်တိုင် ရွေးချယ်ပါတယ် … ။ ယုန်ကလည်း သူသာ အပျင်းမကြီးဘဲ မရပ်မနား ပြေးမယ် ဆိုရင် အနိုင်ရမယ် လို့ သူ့ကိုယ်သူ ယုံကြည်နေပါတယ် …. ။ ဒီလိုနဲ့ တတိယအကြိမ်မြောက် ပြိုင်ကြတဲ့ အခါ ယုန်က ကြိုးစားပြီး ပြေးပေမယ့်လည်း ရှုံးနိမ့်သွားပြန်ပါတယ် … ဘာကြောင့်လဲ ဆိုတော့ ပြေးလမ်းကြောင်း မှာ မြစ်တစ်ခု ရှိနေလို့ပါ … ။ ယုန်က ကြိုးစားပေမယ့် ပြေးလမ်းကြောင်းက သူနဲ့ မကိုက်ညီတဲ့ အတွက် ရှုံးနိမ့်သွားတာပါ … ။

ဒီလိုနဲ့ ယုန်ကလည်း အရှုံးနဲ့ အဆုံးမသတ်ချင်တော့ ၄-ကြိမ်မြောက် ပြိုင်ပွဲအတွက် လိပ်ကို ထပ်ပြီး ကမ်းလှမ်းပြန်ပါတယ် … လိပ်ကလည်း လက်ခံလိုက်တယ် … ဒီတစ်ကြိမ်မှာတော့ ပြေးလမ်းကြောင်းကို ယုန်က ရွေးချယ်ပါတယ် … ဒီလောက်ဆိုရင် ဒီတစ်ကြိမ်မှာ ဘယ်သူ အနိုင်ရမယ် ဆိုတာကို စာဖတ်သူ ခန့်မှန်းမိလောက်ပါပြီ … ဟုတ်ပါတယ် … ယုန်က အနိုင်ရသွားပါတယ် … ပြေးလမ်းကြောင်းမှာ ယုန်က တောင်ကုန်းတစ်ခု ကိုဖြတ်ဖို့ စီစဉ်ထားလို့ပါ … ။

အခုအချိန်အထိ ပြိုင်ပွဲက မပြီးသးပါဘူး … ၅-ကြိမ်မြောက် ဆက်ပြီးတော့ ပြိုင်ကြပါသေးတယ် … ၅-ကြိမ်မြောက်မှာတော့ ပြေးလမ်းကြောင်းမှာ မြစ်တစ်ခု ပါသလို တောင်ကုန်းတစ်ခုလည်း ပါတယ် … ဒီတစ်ကြိမ်ကတော့ နောက်ဆုံး အကြိမ်ပါ … နောက်ဆုံး အကြိမ်မှာတော့ တစ်ယောက်ကို တစ်ယောက် ကူညီပြီးတော့ ပန်းတိုင်ကို အတူတူ ရောက်သွားကြပါတယ် … ။ ပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်းမှာ အားနည်းချက် … အားသာချက်တွေ ကိုယ်စီရှိကြတယ် … တစ်ယောက်ကို တစ်ယောက် သူသာတယ် … ကိုယ်သာတယ် မတွေးဘဲ ပူးပေါင်းဆောင်ရွက်ခြင်းက လုပ်ငန်းကို ပိုမို အောင်မြင်စေတယ်လို့ ပြောတာပါ …. ။

ကျွန်တော်ကလည်း ကျွန်တော့်အတွေးနဲ့ ဆက်စဉ်းစားကြည့်ပါတယ် … ။ ဘဝအောင်မြင်ရေး အတွက် ကြိုစားကြတဲ့အခါ လမ်းရွေးချယ်တာ မှန်ကန်ဖို့ လိုပါတယ် … လမ်းရွေးချယ်မှု မှန်ဖို့အတွက် ကိုယ့်ရဲ့ အားသာချက်ကို သိဖို့လိုပါတယ် … တနည်းအားဖြင့် ပြောရင် ကိုယ့်ရဲ့ အရည်အချင်း ကိုယ့်ရဲ့ ပါရမီကို သိဖို့ လိုပါတယ် … အဲဒါကို သိပြီး ကိုက်ညီတာကို ရွေးချယ်ကြမယ် ဆိုရင် ပန်းတိုင်ကို ဖြောင့်ဖြောင့် ဖြူးဖြူး ရောက်ရှိနိုင်ကြပါမှာပါ …

လူတစ်ယောက် အောင်မြင်ဖို့ အတွက် ကိုယ့်ရဲ့ Talent ကိုသိဖို့လိုပါတယ် …. Talent ကို Polish လုပ်နိုင်မယ် ဆိုရင် သက်ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်လာကြမှာ ဖြစ်ပါတယ် … ဒီပုံပြင်က ချဲ့တွေးရင် တွေးသလို နောက်ထပ် သင်ခန်းစာတွေ ရနိုင်ပါသေးတယ် … စာဖတ်သူ မိတ်ဆွေများလည်း ရပ်မထားဘဲ ကိုယ့်ရှု့ထောင်နဲ့ ကိုယ် ဆက်တွေးကြည့်ကြပါ ….

“လူငယ်တိုင်း ကိုယ့်ရဲ့ အားသာချက်ကို အကြောင်းပြုပြီး သက်ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်နိုင်ကြပါစေ … ”

အောင်ကိုဦး(UMK)
Be The Best !



https://www.facebook.com/books4friends/photos/a.238058026339423.1073741828.238

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...