
An eye for an eye make the world blind လို့ ဂန္ဓီက ပြောဆိုခဲ့ ပါတယ်။ တကယ် အမှန်ပါပဲ။ မျက်လုံး တစ်လုံး ဖောက်သွားတဲ့အတွက် ဖောက်သွားသူရဲ့ မျက်လုံး တစ်လုံးကို ပြန်လိုက်ဖောက်နေမယ် ဆိုရင် ကမ္ဘာကြီး တစ်ခုလုံးက မျက်ကန်းတွေ ဖြစ်သွားပါလိမ့်မယ်။
လူပေါင်းများစွာထဲ အသက်ရှင်နေထိုင်ရပြီး လူတိုင်း အမှားမကင်းပါဘူး။ တမင်ရည်ရွယ်ပြီး မှားတာ ရှိသလို၊ မရည်ရွယ်ပဲ မှားတာလည်း ရှိပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ မှားပါစေ ယင်းအမှားအတွက် ရန်ငြိုးထား လိုက် တုံ့ပြန် နေရင် လောကမှာ ဒုက္ခတွေ ဘယ်ဆုံးနိုင်တော့မလဲ။ ရန်ငြိုးကြောင့်မို့ ဘဝပေါင်း များစွာ သတ်ဖြတ်ကြတဲ့ ဓမ္မပဒ ဇာတ်တော် တစ်ခုကိုလည်း ဖတ်ဖူး သူတို့ သိကြမှာပါ။
ရန်ကိုရန်ခြင်း တုံ့ပြန်ခြင်း၊ သင်မကောင်း ကျနှုပ်မကောင်းခြင်း၊ သင်ဆိုးလျှင် ကျန်ုပ် မကောင်းခြင်း အစရှိတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကြောင့် ဘဝရဲ့ ပျော်ရွှင်မှုတွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီလဲ။ ဒါကြောင့်မို့ လောကကြီး တစ်ခုလုံး မျက်ကန်းဖြစ်အောင် လုပ်နေကြတဲ့ ပွဲမှာ သင်မပါဖို့ အရေးကြီး ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)
http://
No comments:
Post a Comment