စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောက်ကပ်ကိုအကျိုးပြုတဲ့ စူပါအစားအစာများ


ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အဆိပ်အတောက်တွေကိုစစ်ယူပြီး ဆီးအဖြစ်စွန့်ထုတ်ပေးတာကြောင့် ကျောက်ကပ်ကျန်းမာဖို့ဆိုတာ နှလုံးကျန်းမာဖို့လိုအပ်သလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကျောက်ကပ်ကျန်းမာရေးအတွက် ထောက်ကူပေးတဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

ဂေါ်ဖီထုပ် – ကျောက်ကပ်အတွက်အားဖြစ်စေတဲ့ သဘာဝ အစားအစာတစ်ခုဖြစ်ပြီး ဗီတာမင်ဘီ၆၊ ဗီတာမင်စီ၊ ကေနဲ့ အမျှင်ဓာတ်၊ ဖောလစ်အက်စစ်တို့ကြွယ်ဝပါတယ်။

ဘယ်ရီသီးများ – စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီ စတဲ့ ဘယ်ရီသီးအားလုံးလိုလိုမှာ မဂ္ဂနိစ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ကျောက်ကပ်အတွက် အကျိုးပြုပါတယ်။

ငါး – အသားဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ကျောက်ကပ်သမားတွေ ငါးများများစားပေးသင့်ပါတယ်

ကြက်ဥအကာ – ကြက်ဥအကာတွေချည်းပဲ မွှေကြော်စားတာပဲဖြစ်ဖြစ်၊ ကျက်ကျက်ပြုတ်ထားတဲ့ ကြက်ဥကိုအကာချည်းပဲဖြစ်ဖြစ် စားပေးသင့်ပါတယ်။

သံလွင်ဆီ – ကျောက်ကပ်အတွက်ရော နှလုံးအတွက်ရော ကောင်းကျိုးပြုပါတယ်။

ကြက်သွန်ဖြူ – ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး မလိုအပ်တဲ့ ကိုလက်စထရောတွေကိုဖယ်ရှား ပေးပါတယ်။

ကြက်သွန်နီ – အဆိပ်အတောက်တွေကင်းပြီး ကျောက်ကပ်ကိုသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

ပန်းငရုတ်ပွနီ – သွေးတွင်းအဆိပ်အတောက်တွေဖယ်ရှားပေးပြီး ဗီတာမင်အေ၊ ဘီ၆၊ စီ၊ ဖောလစ် အက်စစ်နဲ့အမျှင်ဓာတ်ကြွယ်ဝပါတယ်။

ပန်းဂေါ်ဖီ – ဗီတာမင်စီ၊ အမျှငဓာတ်နဲ့ဖောလစ်အက်စစ်တို့ပါဝင်ပြီး ဂေါက်ရောဂါနဲ့ကျောက်ကပ် ကျောက်တည်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ပန်းသီး – ဆီးလမ်းကြောင်းပိုးဝင်တာတွေ၊ ကျောက်ကပ်ကျောက်တည်တာတွေမဖြစ်အောင် ကာ ကွယ်နိုင်သလို ကိုလက်စထရောလည်းလျော့ကျစေပါတယ်။


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...