စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်မှာ ပျော်တဲ့ အမေရိကန်များ


------ ----- -----
အလုပ်လုပ်နေကြတဲ့ အမေရိကန်နိုင်ငံသား အားလုံးရဲ့ ၉၃ ရာခိုင်နှုန်းဟာ သူတို့အလုပ်အပေါ်မှာ နှစ်သက်မှုရှိတယ်ဆိုရင် သင်ယုံနိုင်မလား။ နောက်ပြီးတော့ ၉၀ ရာခိုင်နှုန်းသော အမေရိကန် အလုပ်ရှိသူတွေဟာ သူတို့ အလုပ်ရှင်အကြောင်း ဂုဏ်ယူစွာနဲ့ ပြောတတ်ကြတယ်။ အားလုံးနီးပါးဖြစ်တဲ့ ၉၈ ရာခိုင်နှုန်းကတော့ သူတို့ လုပ်နေတာတွေဟာ အောင်မြင်မှုရှိတယ်လို့ ယုံကြည်ကြပါတယ်။

အမေရိကန် ၅၂ ဒသမ ၃ ရာခိုင်နှုန်းဟာ သူတို့အလုပ်အပေါ်မှာ စိတ်ကျေနပ်မှုမရှိဘူးလို့ ဇွန်လမှာ The Conference Board အဖွဲ့ရဲ့ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက်ပိုင်း အထက်ပါ ကိန်းဂဏန်းတွေကို တွေ့လိုက်ရတော့ ပါးစပ်အဟောင်းသား ဖြစ်မိတယ်။ အခု ထွက်ပေါ်လာတဲ့ လူထုသဘောထား ကောက်ယူချက်ကို Allstate Insurance and National ဂျာနယ်အတွက် FTI လို့ခေါ်တဲ့ ဘော်လ်တီမိုမြို့ အခြေစိုက် အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုက ကောက်ယူပေးခဲ့တာပါ။ ဒီစစ်တမ်းအသစ်ဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ ကိန်းဂဏန်းတွေ ဆောင်ယူလာခဲ့တယ်။

ဒီစစ်တမ်းကို FTI အလုပ်လုပ်ကိုင်နေကြတဲ့ အမေရိကန် ၁၀၀၀ ဦးထံ စက်တင်ဘာလက ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တာပါ။
စစ်တမ်းသစ်ရဲ့ ခေါင်းကြီးပိုင်းမှာတော့ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အလုပ်လုပ်ကြသူတွေ အကြောင်းပါ။ ဒါကို မြင်လိုက်ရတော့လည်း အံ့အားသင့်မိပါတယ်။ အမေရိကန် ၄ ယောက်မှာ တစ်ယောက်နှုန်းဟာ ကျေးဇူးတော်နေ့၊ ခရစ္စမတ်နေ့ ၊ ဒါမှမဟုတ် နှစ်သစ်ကူး New Year နေ့တွေမှာ အလုပ် လုပ်လိုကြပါတယ်။ Walmart၊ Target နဲ့ Best Buy တို့လို စတိုးဆိုင်ကြီးတွေဟာ ကျေးဇူးတော်နေ့မှာ မွန်းလွဲပိုင်း၊ ညဦးပိုင်းတွေအထိ ဖွင့်လှစ်ဖို့ ကြေညာခဲ့ကြပေမယ့် အခြား လုပ်ငန်းအများစုဟာတော့ အဲဒီနေ့ တစ်နေ့လုံးကို ပိတ်ထားကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကဏ္ဍပေါင်းစုံက ၀န်ဆောင်မှုပေးနေတဲ့ ၀န်ထမ်းတွေရဲ့ စာရင်းကိုပါ ထည့်သွင်းလိုက်ရင်တော့ ပိုပြီးတိကျ မှန်ကန်တဲ့ ကိန်းဂဏန်းတွေ ထွက်လာမှာပါ။

The Allstate/National ဂျာနယ်ရဲ့ စစ်တမ်းဟာ ပိုပြီး အပေါင်းလက္ခဏာဆောင်တဲ့ ကိန်းဂဏန်းတွေ လျှံတက်နေပါတယ်။ ဖြေကြားသူ အားလုံးထဲက ၈၂ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အလုပ်ရှင်တွေဟာ သူတို့ရဲ့ အသိုက်အ၀န်းအပေါ် အပြုသဘော သက်ရောက်မှုတွေ ပေးတယ်လို့ ဆိုတယ်။ ၈၇ ရာခိုင်နှုန်းက သူတို့ရဲ့ အလုပ်ကို လာခဲ့ကြဖို့ အကြုံပြုကြတယ်။
စစ်တမ်းရလဒ်တွေဟာ ကောက်ယူသူတွေ မေးတဲ့ မေးခွန်းတွေနဲ့ မုချ ရောင်ပြန်ဟပ်နေတယ်။ Conference Board ရဲ့ စစ်တမ်းနဲ့ Allstate ရဲ့ စစ်တမ်း နှစ်ရပ်ကို ယှဉ်ကြည့်ရင် Allstate က ပိုပြီး ရှင်းလင်း တိကျတယ်။

အမေးခံရသူတွေကို သူတို့အလုပ်နဲ့ ပတ်သက်ပြီး “အရမ်းကျေနပ်တယ်” ဒါမှမဟုတ် “နည်းနည်းပဲကျေနပ်တယ်” လို့ ဖြေဖို့ ရွေးချယ်ခွင့် ပေးထားတယ်။ “အရမ်းကျေနပ်တယ်” လို့ ဖြေခဲ့တဲ့ သူက ၅၄ ရာခိုင်နှုန်းပဲ ရှိပြီး ဒါဟာ Conference Board ရဲ့ အရေအတွက်နဲ့ ပိုပြီး နီးစပ်ပါတယ်။ အလယ်အလတ်လောက်ပဲ ကျေနပ်တယ်ဆိုရင် “နဲနဲတော့ ကျေနပ်စိတ်တိုင်းကျပါတယ်” လို့ ဖြေလို့ရတယ်။ ဒီလိုဖြေခဲ့သူပေါင်းက ၃၄ ရာခိုင်နှုန်းရှိတယ်။ တခြားရွေးချယ်မှုတွေကတော့ “တော်တော်လေးကို စိတ်တိုင်းမကျဘူး” နဲ့ “လုံးဝကို စိတ်တိုင်းမကျဘူး” ဆိုတာတွေပါ။

ဘယ်လို အလုပ်မျိုးမှာ စိတ်တိုင်းကျ ပျော်မွေ့တတ်ကြသလဲ။ ၀န်ထမ်း ၁၀ ယောက်နဲ့ အောက်ပဲ ရှိတဲ့ အလုပ်တွေမှာ အပျော်ကြဆုံးပါ။ အဲဒီလို အလုပ်တွေမှာ လုပ်နေကြသူ ၆၉ ရာခိုင်နှုန်းက အခုလို ဖွင့်ဟလာတာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ၀န်ထမ်း ၁၁ ဦးကနေ ၁၀၀ အထိ ရှိတတ်တဲ့ ကုမ္ပဏီတွေမှာ လုပ်နေကြတဲ့ အလုပ်သမား ၅၂ ရာခိုင်နှုန်းကတော့ တော်တော်လေးပျော်ပါတယ်လို့ ဖြေလာတယ်။ ၀န်ထမ်း ၁၀၀ အထက်ရှိတဲ့ ကုမ္ပဏီတွေမှာ လုပ်နေကြသူတွေရဲ့ ထက်ဝက်နီးပါးလောက်ကတော့ တော်တော်လေး ကျေနပ်စိတ်တိုင်းကျတယ်လို့ ဖြေလာတယ်။

ဒီစစ်တမ်းဟာ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကျေနပ်မှုတွေကိုလည်း မီးမောင်းထိုးပြထားတာဖြစ်တယ်။ လုပ်ငန်းရှင်အားလုံးရဲ့ ၆၈ ရာခိုင်နှုန်းဟာ အလုပ်အပေါ်မှာ “အတော်လေး စိတ်တိုင်းကျ ကျေနပ်တယ်” လို့ ပြောတယ်။ အလုပ်အမှုဆောင်တွေအားလုံးရဲ့ ၆၄ ရာခိုင်နှုန်းကလည်း ဒီလိုပဲ ပြောပြန်တယ်။
အလုပ်သမား အများစုက အနည်းဆုံး အလုပ်မှာ နည်းနည်းတော့ ကျေနပ်စိတ်တိုင်းကျပါတယ်လို့ ပြောနေချိန်မှာ “အလုပ်လုပ်ဖို့ အသက်ရှင်တာလား” ၊ “အသက်ရှင်ဖို့ အလုပ်လုပ်တာလား” လို့ ထပ်မေးလိုက်တော့ ၇၆ ရာခိုင်နှုန်း အသက်ရှင် ရပ်တည်ရေးအတွက် အလုပ်လုပ်ကြတာပါလို့ ဖြေပြီး ၂၂ ရာခိုင်နှုန်းသာ အလုပ်အပေါ်မှာ စိတ်အားထက်သန် ပြင်းပြမှုရှိပြီး အလုပ်လုပ်ဖို့ အသက်ရှင်နေတယ်လို့ ဖြေခဲ့ကြတယ်။ အများစု ပြောတာကတော့ ရတဲ့ လစာဟာ ဇိမ်ကျကျနေလို့ မရဘူး ဆိုတာပါ။ တခြား လှုပ်ခတ်မှုရှိတဲ့ တွေ့ရှိချက်ကတော့ ဒီစစ်တမ်းအပေါ် အပြုသဘောဆောင်လာစေပါတယ်။ ၃၁ ရာခိုင်နှုန်းသာ သူတို့ရတဲ့ လစာအပေါ် အတော်လေး ကျေနပ်မှုရှိပြီး အကျိုးအမြတ်များ ရရှိခံစားရမှု ပိုင်းမှာပေါ့ ၄၃ ရာခိုင်နှုန်းပဲ အတော်လေး ကျေနပ်ကြပါသတဲ့။ ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ ခရီးသွားစရာရှိလို့ပဲဖြစ်ဖြစ် ခွင့်ယူထားတဲ့ အချိန်မှာပေးတဲ့ လစာနှုန်းထားကိုတော့ အတော်လေး ကျေနပ်တယ်လို့ ပြောသူက ၄၅ ရာခိုင်နှုန်း ဖြစ်ပြီးတော့ ၃၈ ရာခိုင်နှုန်းကတော့ အလုပ်အကိုင်က ရရှိတဲ့ တိုးတက်ရေးအခွင့်အလမ်းတွေအပေါ်မှာ အတော်ကျေနပ်မိပါတယ်လို့ ပြောကြတယ်။

အလုပ်သမားအားလုံးရဲ့ သုံးပုံတစ်ပုံထက်နည်းတဲ့ ပမာဏဟာ ရရှိတဲ့ နစ်နာကြေးတွေအပေါ် ကျေနပ်မှု ရှိစဉ်မှာ “ပိုက်ဆံတော့ ပိုပေးပါရဲ့၊ ပေါ့ပေါ့ပါးပါး မရှိဘူး၊ အလုပ်ချိန်ကလည်း ကြာတယ်” လို့ ပြောလာကြတယ်။ ၂၆ ရာခိုင်နှုန်းကပဲ အတော်လေး ကျေနပ်တယ်လို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။ လူများစု ဖြစ်တဲ့ ၆၇ ရာခိုင်နှုန်းကတော့ “ပိုပြီးပေါ့ပေါ့ပါးပါးလေး လုပ်လို့ရချင်တယ်၊ အလုပ်ချိန်လည်း လျှော့စေချင်တယ်၊ ပိုက်ဆံကိုတော့ နဲနဲပဲပေးပါ ရပါတယ်” လို့ ဆိုလာတယ်။

ဒါက ပုံမှန် အလုပ်ချိန်နဲ့ ပုံမှန် အကျိုးခံစားခွင့်ရှိတဲ့ အလုပ်တွေကို စွန့်ခွာသွားစေတဲ့ အချက်ကို ရောင်ပြန်ဟပ်လို့နေပါတယ်။ ၅၃ ရာခိုင်နှုန်းသော အလုပ်သမားတွေသာ ပုံမှန်အလုပ်ချိန်အတိုင်း တနင်္လာကနေ သောကြာအထိ အလုပ်ဆင်းနေကြရတာကို ပျော်ရွှင်ကြတယ်။

ပုံမှန်အလုပ်ချိန်မဟုတ်သူတွေကတော့ သူတို့ရဲ့ အလုပ်ချိန်အပေါ်မှာ မပျော်ရွှင်မိဘူးလို့ ဆိုတယ်။ အလုပ်ချိန်တွေနဲ့ ပတ်သက်လို့ အတော်လေး ကျေနပ်စိတ်တိုင်းကျပါတယ်လို့ ပြောလာသူကတော့ ၄၂ ရာခိုင်နှုန်းသာရှိပြီး ၄၀ ရာခိုင်နှုန်းက နားချိန်နဲ့ အလုပ်လုပ်ချိန် မညီမျှဘူးလို့ ညည်းတွားကြတယ်။ မနက် ၉ နာရီက ညနေ ၅ နာရီအထိ အလုပ်လုပ်ကြသူတွေဟာ ပိုမိုပြီး စိတ်ကျေနပ်မှုရှိတယ်။ ၆၄ ရာခိုင်နှုန်းက အဲဒီလို လုပ်ရတာ ကျေနပ်စိတ်တိုင်းကျတယ်လို့ပြောပြီး ၅၄ ရာခိုင်နှုန်းကတော့ အလုပ်နဲ့ ကိုယ်ပိုင်အချိန် မျှခြေကို နှစ်သက်ကြတယ်။

အားလုံး သိကြတဲ့ အတိုင်းပါပဲ၊ ကိုယ်ပိုင်အချိန်တွေကို ကာကွယ်ဖို့ ပိုပိုပြီး ခက်ခဲကြမ်းရှလာတယ်။ ၈၁ ရာခိုင်နှုန်းသော အလုပ်သမားတွေက အလုပ်ချိန်ပြင်ပမှာ ရုံးခန်းနဲ့ အဆက်အသွယ်မပြတ်ချင်ကြဘူး။ ၅၆ ရာနှုန်းကတော့ သူတို့ရဲ့ အလုပ်နားရပ်တွေထဲက ဖဲ့ပြီး အလုပ်ဆင်းနေရတယ်။
ဒီစစ်တမ်းကို အနှစ်ချုပ်ကောက်ချက်ချရမယ်ဆိုရင် ပျော်ရွင်စရာတော့ ကောင်းနေပါသေးတယ်။ ဖြေကြားသူတွေကို သူတို့အလုပ်ကို ကြိုက်ပါတယ်လို့ ပြောစေဖို့ ဦးတည်ထားရင်တောင်မှ၊ လေးပုံတစ်ပုံလောက်က အနည်းဆုံး အားလုံးရက် တစ်ရက်မှာတော့ အလုပ်လုပ်နေရလို့ ပင်ပန်းနေရင်တော်မှာ စစ်တမ်းမှာ ဖြေကြားခဲ့တဲ့ လူများစုဟာ အနည်းဆုံးတော့ သူတို့ အလုပ်တွေဟာ “နည်းနည်းလေးတော့ ပျော်ကြတယ်” ဆိုတဲ့ ရလဒ်ကို မြင်ရပါတယ်။ ဒါဟာ စွဲမှတ်ဖွယ်လက်ဆောင်လေး တစ်ခုပါ။

ကျော်လင်းထွန်း
Ref; Americans are much happier at work than you think says new poll (Forbes)


https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.34355

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...