စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာပြည် အထက်ပိုင်းမှာ တည်ရှိတဲ့ ပိတ်ချင်းမြောင် လှိုဏ်ဂူ







 
 
 

ပိတ်ချင်းမြောင် လှိုဏ်ဂူသည် မြန်မာပြည် အထက်ပိုင်း မန္တလေးတိုင်း ဒေသကြီး၊
ပြင်ဦးလွင် မြို့နယ်တွင် တည်ရှိသော အံ့ဖွယ် လှိုဏ်ဂူ ဖြစ်ပါတယ်။ လိုဏ်ဂူ အတွင်းမှ
စီးဆင်း လာသော ရေများကြောင့် ရေတံခွန် တစ်ခု ဖြစ်တည်နေပါတယ်။

ဒါ့အပြင် လှိုဏ်ဂူ အတွင်းထဲမှာ ကျောက်စက်ကျ ရေများကလည်း တစ်စက်စက်
ကျနေပါတယ်။ တစ်ချို့ နေရာတွေမှာဆိုရင် ရေများ ဒလဟော စီးဆင်းနေပါတယ်။
ဒါ့အပြင် လှိုဏ်ဂူအတွင်းရှိ ကျောက်ဆွယ်များကလည်း အလွန်ထူးဆန်းပါတယ်။
တစ်ချို့ ကျောက်ဆွယ်များဆိုရင် ဗုဒ္ဓရုပ်ပွား တော်များနှင့် တူပြီး တစ်ချို့သော
ကျောက်ဆွယ်များကတော့ မှိုပွင့်ပုံစံ တူညီနေပါတယ်။

လှိုဏ်ဂူအတွင်းမှာ မှောင်မည်းလျက် ရှိနေပြီး နေရာအနှံ့ အလင်းရောင် ရရှိနိုင်ရန်
မီးများထွန်းပေး ထားပါတယ်။ ဒါ့အပြင် ဗုဒ္ဓဆင်းတုတော် အများအပြား ကိုလည်း ဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော အံ့ဖွယ်အရာများ ကိုလည်း ထိုလှိုဏ်ဂူမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပမှ အလည်အပတ် လာရောက် သူများနှင့် စည်ကားလျက် ရှိနေပါတယ်။ ပုံတွင် အသေး စိတ်ကို လေ့လာနိုင် ပါတယ်။

သတင်းနှင့် ဓာတ်ပုံ - ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/posts/789397347770186

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...