စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါးရဲ့ လျှာကို စားတဲ့ ပိုးကောင်



ပုံမှာ မြင်တွေ့နေရတဲ့ ပိုးကောင်ဟာ ငါးရဲ့ လျှာကို စားသုံးတဲ့ ပိုးကောင် ( (parasite) ဖြစ်ပါတယ်။ ပင်လယ်သတ္တဝါတစ်မျိုး ဖြစ်ပြီး ငါးရဲ့ ပါးစပ်ထဲကနေ ဝင်ပြီးရင် တစ်ကိုယ်လုံး အထိတောင် ဝါးမြိုသွားနိုင်တဲ့ ပိုးကောင်မျိုး ဖြစ်ပါတယ်။ ယင်း ပိုးကောင်များကို ဖမ်းမိတဲ့ ငါး အချို့မှာ မြင်တွေ့ရတတ်ပါတယ်။

ယင်းကဲ့သို့ တွေ့ရှိမျိုးကို ပင်လယ်မှာ မြင်ရင် မဆန်းပေမယ့် စူပါမားကတ်မှာ ရောင်းတဲ့ ငါးမှာ မြင်တာကတော့ ဆန်းပါတယ်။ ဗြိတိန်နိုင်ငံက စူပါမားကတ် တစ်ခုမှာ ရှိတဲ့ ငါးတစ်ကောင်မှာ ပါနေပြီး ဒါကို ဝယ်ယူမိတဲ့ လူတစ်ဦးကို ချက်စားဖို့ ခွဲလိုက်စဉ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ အရွယ်အစားအားဖြင့်လည်း ပုံမှာ မြင်တွေ့ရသလောက်လောက် ကြီးပါတယ်။ အပူချိန်နဲ့ အအေးကိုလည်း အတန်အသင့်ခံနိုင်တာကြောင့်လည်း စက်ရုံကနေ ထုတ်ပြီး စူပါမားကတ်ရောက်လာတဲ့ ငါးမှာ ပါလာခြင်း ဖြစ်ပါတယ်။ အကယ်၍ စားတဲ့ ဟင်းထဲမှာ အရှင်လိုက် ပါသွားရင်တော့ မတွေးရဲ စရာပါပဲ။

ဒီအတွက်ကြောင့် ဗြိတိန်က ငါးလုပ်ငန်းတွေမှာ ယင်း ပိုးကောင် မပါဝင်အောင် သတိပေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။
.
Ref: Dailymail
အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/11/blog-post_24.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...