စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်သော မိုးနံပင်

                    

ယခုပုံတွင် မြင်ရသော အပင်ကို မိုးနဲကြီးပင် (အညာဒေသအခေါ် မိုးနံပင်၊ မွန်းနံပင်) ဟု ခေါ်ပါသည်။ ၄င်းအပင်သည် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။

အရွက်၏ အရင်းပိုင်းတွင် ဆူးတစ်ချောင်းထွက်နေပါသည်။ ၄င်းအပင်မှာလည်း အဖိုပင် အမပင်ဟူ၍ ၂ မျိုးရှိ၏။ ဆူးပါလျှင် အဖိုပင်ဖြစ်၍ ဆူးမပါလျှင် အမပင်ဖြစ်ပါသည်။

မြန်မာပြည်တွင် အထက်အညာဒေသတို့မှာ များစွာပေါက်ရောက်လေ့ရှိပြီး ပုဂံမြို့ဟောင်း ဓမ္မံရံစေတီကြီး၏ အရှေ့ဖက် မြေနီလမ်းမဘေးတို့တွင်လည်း မြင်တွေ့နိုင်ကြပါသည်။

ဆေးကို အသုံးပြုနည်း

အရွက်ကို ခူးယူ၍ အစိမ်းအတိုင်း ရေနွေးဆူဆူပွတ်ပွတ်ထဲ ၅ မိနစ်ခန့်ထည့်ပြုတ်၍ သောက်သုံးပေးပါက အသည်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ အပူအကြိတ်မြစ်ပွါးနာနှင့် ခန္ဓာကိုယ်ပေါ်တွင်ပေါက်သော အနာမျိုးမျိုးတို့ကို သက်သာ ပျောက်ကင်းစေပါသည်။

၎င်းဆေးနည်းကို သမားတော်ဦးနေ၀င်း(ညောင်ဦးသား )မှ မျှဝေပေးသော နန်းတွင်းဆေးတစ်လက်ဖြစ်ပါသည်။

လူတိုင်း အနာရောဂါကင်းဝေး၍ သက်တမ်းစေ့အောင် နေနိုင်သောသူများ ဖြစ်နိုင်ကြပါစေ။

ဆေးနည်းကို မိမိတို့၏ မိတ်ဆွေများကိုလည်း မျှဝေပေးနိုင်ကြပါသည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကာား ။ ။ ကိုမျိုးမြင့်ဦး(မတဆ)

------------

ဆေးအတွက် ထပ်မံဖြည့်စွပ်ချက်။ ။

(၁) တိုင်းရင်းဆေးဆရာတစ်ဦး၏ မှတ်ချက်အရ ၄င်းအရွက်ကို ဆန်ဆေးရည်ဖြင့် စိမ်၍ သောက်ရပါသည်။ ဆန်ဆေးရည်သည် အဆိပ်အတောက်များကို ပြေစေနိုင်သည်ဟု ပြောထားပါသည်။

(၂) လေရောဂါအမျိုးမျိုးအတွက် အသုံးပြုမည်ဆိုပါလျှင် မွန်းနံပင်၏ အမြစ်ကို ထန်းလျက်နှင့် စိမ်ထား၍ ၃ ရက်ခန့် နေလှန်းထားကာ ၄င်းဆေးမြစ်ကို ပြုတ်၍ သောက်ပေးပါက လေရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ (မြန်မာ့ရိုးရာဆေးကျမ်း)

ကျန်းမာရေးသတင်းများ


https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.231

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...