စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"ကဲ……ဆဲချင်ကြသေးလား"



ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာ တစ်ပါးကမေးတယ်။ အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲ့နဲ့ ဘာကြောင့် အိမ်ထောင်မပြုတာလည်း ဆိုတော့ တစ်ပါးကသူ့ဇာတ်ကြောင်းကို ပြောပြတယ်။

သူဟာဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ပေါင်းသင်းပြီး မကြာခင်မှာပဲ ယောကျာင်္းက ကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ယောက္ခမတွေက သူ့သားနဲ့ရတဲ့ကိုယ်ဝန် မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။ ဗိုက်တစ်လုံးနဲ့ထွက်သွားခဲ့ရတယ်။ ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်က စွန့်ပစ်ထားတဲ့ခလေးဆိုပြီး ယူသွားတယ်။

ဒီလိုနဲ့စိတ်လေပြီးလျောက်သွားနေတုန်း ဓါးမြဗိုလ်ကြီးနဲ့တွေ့ပြီးပေါင်းသင်းခဲ့ပြန်တယ်။ မိန်းခလေး တစ်ယောက်မွေးတယ်။ တစ်နေ့ ခလေးပုခက်ထဲက ပြုတ်ကျပြီးခေါင်းမှာ ဒဏ်ရာရလို့ ယောကျာင်္းကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။

အဲဒီလိုနဲ့ တစ်ယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွားနေတုန်း ကုန်သည်လေး တစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။ အဲဒီကုန်သည်ပေါက်စလေးနဲ့ပေါင်းသင်းနေတုန်းမှာပဲ တစ်နေ့ ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကိုခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။

တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့ တူလိုက်တာလို့တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ပဲ ဓါးမြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီးဖြစ်နေပါတော့တယ်။

သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး သူတိုလင်ကိုပြောပြတော့ သူ့လင်ကလည်း တစ်ချိန်က ဇရပ်မှာပျောက်သွားတဲ့ သူ့သားလေးဖြစ်နေပြန်တယ်။

အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့…ပြောပြခဲ့ပါတယ်။

အဲဒါဟာသူ "မအေ"နဲ့တပ်ပြီး ဆဲခဲ့လို့ပြန်လည်းပေးဆပ်ရတာပါ…တဲ့။ ဘယ်လောက်ထိကြောက်စရာကောင်းလိုက်ပါသလဲ…။

ဓမ္မမိတ်ဆွေတို့…………
ဘာကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လောက်ပဲဒေါသထွက်နေပါစေ…သူတစ်ပါးကို
" မအေ"နဲ့တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။
ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ ဆဲလို့ သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်ကထွက်တာပါပဲ။
ဘုရားရှင်က
"ပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ အကျိုးမခံစားရပဲ …ပျောက်ပျက်မသွားပါဘူး"…တဲ့
ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ……။

U Ti Law Ka

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...