စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်းမာရေးကိုကောင်းကျိုးပြုတဲ့ အကျင့်ဆိုးလေးများ





ပုထုဇဉ်လူသားပီပီ အနည်းနဲ့ အများဆိုသလို၊ ဖျောက်မရတဲ့ နေထိုင်မှုပုံစံ အကျင့်ဆိုးလေးတွေရှိတတ်စမြဲပါ။ အဲဒီအကျင့်ဆိုးလေး တွေကဘဲ၊ အဆိုးထဲကအကောင်းဆိုသလို ကျမ္မာရေးကို တစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုနေတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့  ည ၉း၄၃နာရီတွင် Daily Health Tips(ခေါ်)အင်တာနက်သတင်းလွှာမှာ ဖော်ပြသွားတဲ့ “Bad habits for Good health” လို့ အမည်ရတဲ့ ကျမ္မာရေးဆောင်းပါးတစ်ပုဒ်ကို မျှဝေလိုက်ပါရစေ။

ပီကေ၀ါးခြင်း။

ပီကေ၀ါးခြင်းက၊ မှတ်ဥာဏ်အားကောင်းစေပါတယ်။ နောက်ပြီး ရှင်းလင်းရန်ခက်ခဲသော သွားအခေါင်းပေါက်ထဲရှိ အစာကြွင်း ကျန်များကိုလည်းပီကေက ကလော်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ပီကေအဆက်မပြတ်ဝါးခြင်းက အစာစားချင်စိတ်ကို ချိုးနှိမ်ပေးလို့  ဗိုက်သိပ်မဆာတော့ဘဲ ၀လာမှာကိုမစိုးရိမ်ရစေတော့ပါဘူး။

လေချဉ်တက်ခြင်း။

လူနေမှုအသိုင်းအ၀ိုင်းမှာ လေချဉ်တက်ခြင်းက ယဉ်ကျေးမှုမရှိတဲ့ အကျင့်ဆိုးတစ်ခုပါ။ သို့ သော် လေချဉ်တက်ခြင်းဆိုတာ ၀မ်းဗိုက်အတွင်း အစာချေဖျက်ပေးသောအင်္ဂါများထဲမှ မလိုလားအပ်သော လေအချဉ်များအပေါ်သို့ ပြန်လည် ဆန်တက်လာ တဲ့အတွက်ကြောင့် ကျမ္မာရေးနဲ့ ညီညွတ်စေပါတယ်။

နံက်စာကိုအိပ်ယာထဲစားခြင်း။

အိပ်ယာထဲအစာစားခြင်းက သန့် ရှင်းမှုမရှိတဲ့အကျင့်ဆိုးကြီးတစ်ရပ်ပါ။ ဒါပေမယ့် ကုတင်ပေါ်မှာခေါင်းဦးမှီ၍ ခန္ဓာကိုယ်မတ်မတ် ထိုင်စားခြင်းက အစာကျေညက်စေတာကြောင့်၊ အစာမကျေရောဂါဖြစ်မှာ မစိုးရိမ်ရတော့ပါဘူး။

အိပ်ချိန်ကြာမြင့်ခြင်း။

အိတ်ပုတ်ကြီး(၀ါ)ကာလနဂါးလို့  ခေါ်ခံရပေမယ့်၊ ရက်သတ္တ ၁-ပတ်မှာ တစ်ရက်လောက် အဲဒီလိုကြာကြာအိပ်စက်ခြင်းက မှတ်ဥာဏ်ရည်စွမ်းပကား တိုးတက်မြင့်မားလာစေပါတယ်။

ဂနာမငြိမ်အကြောဆွဲခြင်း။

အချို့ သူများဟာ စိတ်လှုပ်ရှားပူပန်တဲ့အခါ တစ်ချက်တစ်ချက် အကြောဆွဲလေ့ရှိပါတယ်။ တချို့ က သိသိသာသာ အကြော ဆွဲသလို၊ အချို့ က မသိမသာ အကြောဆွဲတတ်ပါတယ်။ ဒါကလည်း အကျင့်ဆိုးများထဲမှ ကောင်းကျိုးတစ်ခုပါဘဲတဲ့။ ဦးနှောက် ကိုပြေလျော့စေတဲ့လေ့ကျင့်ခဏ်းဖြစ်လို့  သင့်ကိုနိုးကြားတက်ကြွလာစေတဲ့ခံစားမှုဖြစ်စေပါတယ်။

တံတွေးထွေးခြင်း။

လူမြင်ကွင်းမှာ တံတွေးထွေးထုတ်ခြင်းကမနှစ်မြို့ စရာ၊ စက်ဆုပ်ဖွယ်ဖြစ်ပါတယ်။ သို့ သော် တံတွေးထွေးထုတ်လိုက်တဲ့အခါ လည်ချောင်းရှင်းပြီး၊ အသက်ရှုဖို့ ပိုမိုလွယ်ကူသွားနိုင်ပါတယ်။ အထူးသဖြင့် ချမ်းအေးတဲ့ရာသီဥတုများမှာ တံတွေး တပျစ်ပျစ် ထွက်လေ့ရှိပြီး၊ အသက်ရှုရခက်ခဲတတ်ပါတယ်။ အဲဒီအခါမျိုးမှာ တံတွေးထွေးပြီးနောက်၊ ရေအနည်းငယ်သောက်ခြင်းဖြင့် လည် ချောင်းရှင်းကာ အသက်ရှုလမ်းကြောင်းပွင့်သွားစေပါတယ်။ (ဒီနည်းက ပြေးခုန်ပစ်အားကစားသမားများအတွက် အသုံးဝင်ပါ တယ်တဲ့)

လက်ဆစ်ချိုးခြင်း။

လက်ဆစ်ချိုးလိုက်တဲ့အခါ အရိုးဆက် ၂-ခုကိုယာယီ ဆွဲဆန့် ခွာလိုက်သလိုဖြစ်တာကြောင့်၊ အရွတ်၊ ကြွက်သားနဲ့  အရိုးဆစ် များတောင့်တင်းမှုကို ဖြေလျော့ကုထုံးသဖွယ် ကောင်းကျိုးသက်ရောက်မှုရှိစေပါတယ်။

လက်သည်းကိုက်ခြင်း။

လူတစ်ရာမှာ ၁၅ ဦးခန့်  လက်သည်းကို ပါးစပ်နဲ့ ကိုက်လေ့ရှိကြပါတယ်။ အဲဒီလိုလက်သည်းကိုက်ခြင်းက ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေတယ်ဆိုတာ မယုံမရှိကြပါနဲ့ ။

(ပေါက်ပေါက်…မျှဝေသည်)

(မှီငြမ်း။ Internet@Daily Health Tips )
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...