စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မသိ၍လိုချင် တပ်မက်ခြင်း



ကဲ .... မောင်လေးညီမလေးတို့ရေ ....
.
ပုံပြင်တစ်ခုပြောပြမယ်နော်..... ပြီးရင်ပုံပြင်ထဲက အမျိုးသမီးကဘယ်သူလဲပြောပြပေးပါ.....
.
ဒီပုံပြင်လေးဖတ်ပြီး နူးတို့တွေလဲ မသိလို့ ဘယ်လောက်တောင်မှားပြီးကြပြီလဲ ....သံဝေဂ ရ ..... ချင့်ချိန်တတ်အောင်ပါ.....
.
★ ★ အခန်း ( ၁ )
.
အမေ့သားရဲ့ သွေးအစစ်ပါအမေရယ် …. ကျမမလိမ်ရပါဘူး …. သူပြန်လာရင်သက်သေတည်ရပါစေ့မယ် ရှင် …။
.
ကျမ ဘယ်လိုပဲ အတန်တန် ကျိမ်တွယ်ပြောပါသော်လဲ …. ကွဲစေလို လို့ ခွဲတာရှင် … ကျမမှာရွေးစရာ မရှိတော့ပါဘူး … ဒီလိုနဲ့ ကျမ ယောက္ခမအိမ်ကနေ တရွေ့ရွေ့ထွက်လာခဲ့တယ် … ကျမခင်ပွန်း ကုန်ကူးသွားရာ ရာဇဂြိုဟ် မြို့ဆိုတာကိုပေါ့ …
.
အင်းလေ တစ်နယ် တစ်ကြေးမာကုန်ကူးသန်းရင်း မေတ္တာမျပြီး အိမ်ကိုခေါ်လာတဲ့ ချို့တဲ့တဲ့ မိန်းခလေးကို ဘယ်ယောက္ခမကကြည်ဖြူမှာလဲ … ပြီးတော့ အမေတစ်ခု သားတစ်ခု ဆိုတဲ့သံယောဇဉ် … ခင်ပွန်းရှိထဲကိုက … အကြိမ်ကြိမ် ဂုန်းချောခဲ့တာပဲ … ခင်ပွန်းသည်လဲ မိခင်အိုကြီးနဲ့ မယားကြား ဗျာများရတာအကြိမ်ကြိမ် …။
.
ဖြစ်ချင်တော့ ခင်ပွန်းသည် ခရီးပြန်ထွက်ပြီး နှစ်လကြာ မအီမသာဖြစ်ခါမှ ဆေးဆရာက ရင်သွေးလေး လွယ်ထားရကြောင်း ပြောလာတာ … ခင်ပွန်းသည် ဘယ်လောက်ဝမ်းသာလိုက်လေမလဲ …. ဒါပေမယ့် အတ္တကြီးလွန်းတဲ့ ယောက္ခမကတော့ … ဒီရင်သွေးဟာ သူ့သားရဲ့ သူ့အပေါ်မှာရှိတဲ့ အချစ်တွေ အကုန်လုံးကို ထုတ်ယူသွားတော့မယ် ထင်ပြီး အပြစ်ရှာ အိမ်ပေါ်က နှင်ချပါတော့တယ် …။
.
အင် … ဘာလိုလိုနဲ့ ခရီးထွက်လာတာ ဘယ်နှစ်ရက် ဘယ်နှစ်လရယ်လို့တောင် မမှတ်မိတော့ပါဘူး … ဒီတောအုပ်လေးကို ကျော်ဖြတ်တာနဲ့ … ခင်ပွန်းသည် ကုန်ရောင်းသွားရာ ရာဇဂြိုဟ် ဆိုတဲ့ မြို့ကိုရောက်ပြီ … ခင်ပွန်းနဲ့တွေ့မှပဲ … သူ့မိခင်ရက်စက်မှုတွေကို … ပြောပြပြီး အနားယူတော့မယ် …
.
ဘုရား ဘုရား ခါးထဲက မအီမသာ အောင့်လာပါလား …. ဒီတောအုပ်က မြန်မြန် ထွက်နိုင်အောင်ကြိုးစားမှပဲ … တစ်ဖြေးဖြေးနဲ့ မခံမရပ်နိုင်အောင် နာကျင်လာတာပဲ … ကျမရဲ့ ကမ္မဇလေ ကလှုတ်ရှားလာတာ …
.
ဒါနဲ့ မနီးမဝေးမှာ လှမ်းတွေ့တဲ့ ဇရပ်ပျက် တစ်ခု ပေါ် ယိုင်နဲ့စွာ တွယ်ဖက်တက် …. နာကျင်မှုရဲ့ အထွတ်ထိပ်မှာ ကျမ မေ့မြောသွားတော့တယ် …။
.
အူဝဲ … အူဝဲ ဆိုတဲ့ အသံကြားမှ ကျမသတိပြန်လည်လာခဲ့တယ် … သားလေး … ကျမသားလေး အချင်းတန်းလန်းနဲ့….
.
ဒါနဲ့ကျမလဲ … သားလေးကို သေချာနွေးထွေးအောင်ထုတ်ပိုး …. ဇရပ်လေးမှာ ခနထားခဲ့ပြီး … ကျမကိုယ်ကျမ အညစ်အကြေးတွေသန့်စင်ဖို့ ရေရှိရာ စမ်းချောင်းကိုအရှာထွက်လာခဲ့တယ် …။
.
စမ်းချောင်းကလဲ ရှာမတွေ့တာနဲ့ … အချိန်နဲနဲကြန့်ကြာသွားခဲ့တယ် … ကိုယ့်ကိုကိုယ် သန့်စင်ပြီး သားလေးဆီ အပြေးတစ်ပိုင်း ပြန်သွားတဲ့အချိန် မှာ ဇရပ်မှာ သားလေးက မရှိတော့ဘူး …။
.
သွားပြီ … ကျမဘ၀ … တောထဲမှာ အနီးအနား ရွားနီးချုပ်စပ်မှာ … လိုက်မေးတာပေါ့ …
ကျမသားလေးကို တွေ့မိလားဟင် … ကျမဇရပ်မှာခနလေး ထားခဲ့ပြီး ရေသွား သန့်စင် တုန်း ပျောက်သွားတာပါ ရှင် ….
.
တစ်ရက်မှ တစ်လ … တွေ့သလိုစား … သွားစရာလမ်းရှိသမျှ …လျှောက်မေးခဲ့တာ … တစ်နေ့ တောတန်းတစ်ခုထဲမှာ ….
.
ဟဲ့ … အမျိုးသမီး … ရပ်စမ်း
.
ဓါးလွတ်ကိုင်လူတစ်ယောက် … ဒါနဲ့ကျမလဲ …
.
မောင်ကြီးရယ် … ကျမဒုက္ခသည်ပါ … သားငယ်ပျောက်လို့ လိုက်ရှာနေတဲ့ မိခင်ပါ …. တစ်ဆိတ်ရှင် … ဒီအနီးအနားမှာ တစ်ယောက်ယောက်က လသားလေး တစ်ယောက်ကောက် ရတယ်လို့များ … သတင်း ကြာမိသလား မောင်ကြီးရယ် …။
.
ဟား ဟား …. သားပျောက်တာများ … ရှာနေဖို့လိုသေးလားနှမ … လင်ရရင် သားဆိုတာ ရှိလာရမှာပေါ့…..
.
ရေနစ်သူကို ၀ါးကူထိုးပြီး … နံဘေးမှာချထားတဲ့ ဓါးပြန်ကောက် တည့်ကာ … ကျမကိုဆောင့်ဆွဲခေါ်ပြီး …
.
ငါနဲ့လိုက်ခဲ့စမ်း … အဟောင်းတွေမေ့ပလိုက် … မယားမှတ်မှတ် သားမှတ်မှတ်ပေါင်း မယ် ဆိုဆွဲခေါ်သွားတော့တာပါပဲ …။
စောရ တစ်ယောက်ရဲ့ အနိုင်ကျင့်သိမ်းပိုက်တာ ခံလိုက်ရပြီပေါ့
.
ဟဲ့ … ကောင်မ … ခလေးငိုနေတာ မကြားဖူးလား ….
.
သူပစ္စည်းခိုးမရတဲ့နေ့တွေ … သေရည်မူးတဲ့နေ့တွေ … စိတ်မထင်တဲ့နေ့တွေမှာ … သူစိတ်မပြေမချင်း ရိုက်နှက်ညှင်းပန်း အနိုင်ကျင့် တိရစ္ဆာန်သာသာ နေတတ်ပေမယ့် သူ့သွေးသားကျတော့ ချစ်တတ်သားရှင် ….။
.
ကျမ ငိုနေတဲ့ သမီးလေးကိုကောက်ချီလိုက်တဲ့ အခါမှာတော့ … သူငှက်ကြီးတောင်ဓါးသွေးနေရာကနေ … တဲပေါ်တက်လာခဲ့ပါပြီ … ကျမကြောက်လိုက်တာ … မပြောပါနဲ့တော့ ။
.
ဗိုင်းတာမ လင်ဟောင်း သားဟောင်းကို သတိရပြီး ငါ့သမီးကိုနင်ဂရုမစိုက်တာမလား … နင့်သားကိုတစွဲစွဲ တလမ်းလမ်း သတိရနေရအောင် … ရွှေလန်ဗန်းနဲ့ အချင်း ဆေးခဲ့လို့လား … နင့်လင်ကရော … ဒေ၀ဒဟ ကပိလက သကျသာကီဝင်မို့လို့လား ဟင် … မိန်းမယုတ်ဆိုပြီး
.
…. သမီးလေးကိုပွေ့ထားတဲ့ ကျမကို စိတ်၇ှိလက်ရှိ ရိုက်နှက် ကန်ကျောက်ပြီး …. သေရည်သောက်ဖို့ထွက်သွားပါတော့တယ် ….။
.
ဟင် … သွေးတွေ … ကျမသမီးလေးခေါင်းမှာ သွေးတွေပါလား … အော်..သူကျမကိုကန်လိုက်တဲ့ အရှိန်နဲ့ … သမီးလေးခေါင်း ကတိုင်နဲ့ဆောင်မိတာကိုး …. မဖြစ်တော့ဘူး … သူပြန်လာရင် ကျမကို တစ်ကယ် မသေမချင်းနှိပ်စက်တော့မှာ … ။
.
ကျမသမီးလေးကို နို့ဝအောင်တိုက် … ပုခက်ထဲ သေချာ ယုယုယယလေး သိပ်ပြီး … ကျမယောက်ျားရန်ကလွတ်အောင် … အိမ်ကတိတ်တဆိတ်ထွက်ခဲ့ပါတော့တယ် …။
.
★ ★ အခန်း ( ၂ )
.
ရာဇဂြိုဟ်က ဗုဒ္ဓသမီးတော် ဘိက္ခူနီ တစ်ပါးက ကျမလင် ငမိုက်သားရဲ့ ရန်က ကာကွယ်ပေးခဲ့ပါတယ် … တစ်ဆယ့်ငါးနှစ်တောင် ရှိခဲ့ပြီ ….ဗုဒ္ဓရဲ့ တရားရိပ်မှာ ခိုလှုံခဲ့တာ ဆယ့်ငါးနှစ်တောင်ရှိနေမှပဲ ….
.
ကျမမှာ ၀ဋ်မကုန်သေးလို့လားမသိပါဘူး … မိထွေးတော်ဂေါတမီနဲ့ ထေရီများ တရားအထပ်ထပ်ချနေတဲ့ကြားက တစ်နေ့မှာ …
ကျောင်းသခ်န်းနား မှာခရီးတစ်ယောက်နားတဲ့ ကုန်သည် အဖွဲ့ကခေါင်းဆောင်ရဲသားလေး … ကျမထက် အသက် ထက်ဝက်လောက်ငယ်တဲ့ ခလေးကို ကျမအရိပ်တကြည့်ကြည့်နဲ့ မျက်စိအောက်ကအပျောက်မခံနိုင်ဖြစ်လာတယ် … သူကလဲ
.
အမကြီးရယ် … ရိုင်းတယ်လိုကတော့မအောင့်မေ့ပါနဲ့ …ကျနော်စိတ်ထဲမှာ …အမကြီးကို မြင်မြင်ချင်း … မခွဲနိုင်လောက်အောင်ချစ်နေမိပါတယ် … ကျနော်ဒီက အမကြီးမပါပဲ ခရီးဆက်ထွက်ရင် … သေဖို့သာရှိပါတော့တယ် …
ကျမကလဲ သူလေးကို မျက်စိအောက်မှာ မြင်နေရရင်ပဲ … ကြည်နူးနေသူဆိုတော့ … ထေရီကြီးတွေကိုခွင့်တောင်းပြီး … ကောင်လေးနဲ့ လက်ထပ်လိုက်ပါတော့တယ် …
.
ဒီလိုနဲ့ခင်ပွန်းနဲ့ အတူ ကုန်ကူးသွားရင်း တစ်နေ့မှာ ရာဇဂြိုဟ်က ကုန်သည်ခလေးမလေးတစ်ယောက်နဲ့ဆုံခဲ့တယ် … သူဟာ ဗုဒ္ဓရဲ့သတင်းတွေ တရားတော်တွေကို ကျမဆီသယ်လာခဲ့တယ် ဖောက်သယ်ချခဲ့တယ်ပေါ့ …
ကျမသူ့ကို သိတ်ချစ်ခဲ့တယ် … သူလေးကမွန်ရည်တယ် … စကားပြောရင်ချစ်စရာကောင်းတယ် … ပြီးတော့ဖြူစင်လွန်းတယ်လေ …
.
ကျမကလဲ အသက် ( ၄၀ ) ကျော် ငါ့းနှစ်တွင်း … ကျမခင်ပွန်းကလဲ … အခုမှတစ်သွေးတစ်မွေး … ခန့်ထည်နေချိန် … သူနဲ့ရွယ်တူ တွေကိုပဲရင်ခုန်နေချိန် … ကျမကို အမကြီးတစ်ယောက်နေရာ ထက်ပိုမထားချင်တော့တဲ့အချိန်ပေါ့ … သူလေးနဲ့ ကျမခင်ပွန်း ငြိစွန်းနေတာလဲ ကျမရိပ်မိတာပေါ့ …
.
ဒီလိုနဲ့တစ်နေ့မှာ … ခလေးမလေးမလေးက ကျမတို့လင်မယားအကြောင်းမေးလာတယ် ….ကျမကလဲ
.
သမီးလေး … ညည်းသိလား … ငါသူ့ကိုလက်ထပ်ထဲက … ခင်ပွန်းလိုထက် …သားသမီး … မောင်ငယ်တစ်ယောက်ကို… မျက်စိအောက်မှာ ထားချင်နေတဲ့ စိတ်နဲ့ လက်ခံခဲ့တယ် ငါ့သမီးလေးနဲ့ အဒေါ့်ခင်ပွန်းရည်ငံနေတာလဲသိတယ် …
.
ဒီမယ်သမီး … အဒေါ့် မျက်စိရှေ့က သူ့ကို ဆွဲမထုတ်သွားပါဘူးလို့ … ကတိပေးစမ်း … အဒေါ်သဘောတူတယ်လို့ပြောခဲ့တယ် …။
.
သူဟာကျမခြေထောက်ပေါ်လှဲချငိုယိုပြီး ..ကျမကို သူ့အမေအဖြစ် … လက်ခံဖို့တောင်းပန်ခဲ့တာပေါ့ …
.
ကျမနဲ့သူ အမေ့မျက်စိအောက်က ဘယ်ကိုမှ မရောက်စေရပါဘူးအမေ … ကျမကတိပေးပါတယ် …
.
ထ ထ သမီးလေး … မင်းလိုချင်တာ ရ ရပါစေ့မယ်ကွယ် …
.
ဒီလိုနဲ့ ကျမခင်ပွန်းနဲ့ ဒီလိမ်မာတဲ့ ခလေးမလေးကို လက်ဆက်စေခဲ့တယ်..... ဒီလိုနဲ့ တနေ့မှာပေါ့ … ခလေးမလေးက ကျမနားလာ ကျမကိုဖက်ပြီး …
.
အမေ … အမေ့မျက်နှာ ဒီနေ့ညိုနေပါလား … ကျမ အပြစ်လုပ်မိလား … ကျမယောက်ျား အပြစ်လုပ်မိသလားဟင် .... တဲ့ …
.
ဘယ်သူမှ အဖြစ်မလုပ်ပါဘူးသမီးရယ် … လာစမ်းသမီးလေး … အမေသမီးကိုခေါင်းဖြီးပေးစမ်းပါရစေ …
.
ဟင် … ညည်းခေါင်းမှာ အမာရွတ်ကြီးနဲ့ပါလား … ဘယ်လိုဖြစ်ရတာလဲအေ ….
.
ကျမမိခင်ရဲ့ရက်စက်မှုကြောင့်ပေါ့ အမေရယ် … ကျမမိခင်ဟာ အဖေနဲ့ရန်ဖြစ်သတဲ့ … ရန်ဖြစ်ရင်း ကျမခေါင်းပေါက်သွားသတဲ့ … ကျမမိခင်ဟာ အဖေ့ကိုစိတ်နာလို့ ကျမနို့စို့အရွယ်လေးကို ပြစ်ထားခဲ့ပြီး … ထွက်ပြေးတော့တာပဲတဲ့ အမေရယ် …။
.
ဟင် … ဘုရား …ဘုရား …. သမီးလေး …. မင်းဟာ ငါ့သမီးလေးပါလား …. ညည်းကိုခေါ်သွားပြီးသွားချင်ပေမယ့် ညည်းအဖေ လူဆိုး လူသတ်သမားကြီး ရန်ကို ကြောက်လွန်းလို့ … မခေါ်ရဲပဲထားခဲ့ရတာပါ သမီးလေးရယ် ။
.
ဟင် … အမေ … အမေ …ဒါဆို အမေဟာကျမအမေ အရင်းပေါ့ … ဖြစ်ရလေအမေရယ် ..ဘယ်ဘ၀ပေးကံကြောင့် … သားအမိနှစ်ယောက် .. တစ်လင်ထဲ မယားဖြစ်ရတာလဲဟင် အမေ … သမီးတို့ဘ၀ ဆိုးလိုက်တာအမေရယ် …
.
ဒီအချိန်မှာပဲ ကျမတို့ယောက်က်ျားဟာ အခန်းထဲဝင်လာပြီး … ကျမတို့နှစ်ယောက် ဖက်ငိုနေတာတွေ့တော့ …
.
ဘယ်လိုလဲ .. ခင်ဗျားတို့ နှစ်ယောက် သင့်သင့်မြတ်မြတ်နေပါ့မယ်ဆိုပြီး … အခုတော့ ဘာလို့ စကားများ ရန်ဖြစ် …ငိုယိုနေကြရတာတုန်း ….။
.
ဒါနဲ့ ကျမလဲ ဖြစ်ကြောင်းကုန်စင် ရှင်းပြတော့သူက …
.
ရေစက်လို့သာသဘောထားကြပေါ့ဗျာ … ခင်ဗျားတို့ကဘာဟုတ်သေးတုန်း … ကျုပ်ဆို ကျုပ်အမေကိုတောင်မမြင်ဖူးခဲ့ဖူး … ကျုပ်ကို မွေးပြီးပြီးချင်း ကျုပ်အမေက … ချက်ကြိုးတန်းလန်းနဲ့ …. သာဝတ္ထိနဲ့ … ရာဇဂြိုဟ်ကြားကဇရပ်ပျက် မှာထားခဲ့တာ … ဒါကို ကျုပ် မွေးစားဖခင်က ကုန်သည်ခေါင်းဆောင်က တွေ့ပြီး ကောက်ယူမွေးစားထာတာဗျ …
.
ဘာာာာာ …. ဘယ်လို ….
.
ခင်ဗျားတို့ကိုပြောပါပကော … ကျုပ်အမေဟာ လင်မပေါ်ပဲ ကျုပ်ကိုမွေးလာတဲ့ အတွက် … သူ့အရှက်နဲ့သိက္ခာကို ကျုပ်အသက်နဲ့လဲပြီး ဇရပ်ပျက်မှာ ဖြစ်ထားခဲ့တာဗျ … ကျုပ်ရဲ့လက်ရှိအဖေဆိုတာ ကျုပ်မွေးစားအဖေပါဗျာ …
.
ကမ္ဘာပထ၀ီမြေကြီး သွက်သွက်ခါအောင်လည်သွားခဲ့ပါပကော … ကျမဘာမှ မမြင်တော့ပါဘူး .. ငါ့သား … ငါ့သမီး … ငါ့သား … ငါ့သမီး ..ပြောရင်း ရင်ဆို့ … သတိလစ်သွားပါတော့တယ် ..။
.
ကျမသတိရလာတော့လဲ … သားလေး … သမီးလေး အတန်တန် ခေါ် ပြီး ငိုယိုကာ … ဖြစ်ကြောင်းကုန်စင်ကို မချိတင်ကဲ … ငိုယိုရှင်းပြရပါတော့တယ် …
.
ရှက်ခြင်း … ၀မ်းနဲခြင်း … ယူကျုံးမရဖြစ်ခြင်း … ထိန်လန့်တုန်လှုပ်ခြင်း …. နောင်တကြီးစွားဖြစ်ခြင်း စသည်တို့ ကျမ၏သားမျက်နှာပေါ်မှာရောပြွမ်းတွေ့ရပြီး နောက်ဆုံးမှာတော့ … ကျမသားဟာ … သူ့ခါးကြားက ဓါးမြှောင်ကိုထုတ် … သူ့ရင်ကို ထိုးဖို့ရွယ်တဲ့အခါမှာ … သမီးက …
.
အကို … ကျမကို အရင်သတ်ပေးပါအကိုရယ် … ကျမကိုယ့်ကိုကိုယ်မသတ်ရဲလို့ ပါ .. ကျမကိုသတ်ပြီးမှ … ကိုယ့်ကိုကိုယ် လက်စသတ်လဲ နောက်မကျသေးပါဘူး အကိုရယ်နော် …
.
ငါ့ကိုယ်ငါလည်း သတ်သေဖို့ကောင်းပါတယ် သားနဲ့ သမီးတို့ရယ် … လို့ ယူကျုံးမရ ပြောမိတယ် ….
.
ဒီလိုပြောရင်း ..ကျမဥဏှောက်ထဲ အလင်းတစ်ချက်လက်သွားခဲ့တယ် … မိထွေးတော် ဂေါတမီ ထေရီ … ကျမဆရာ ထေရီမ … ပြီးတော့ ပဋာစာရီ ထေရီ … ဒါတွေကိုသတိရပြီး …
.
ဒီမှာ သားနဲ့သမီး …. ငါတို့ အခု သတ်သေလိုက်ရင် တစ်ဘ၀ပဲ တုန်းမယ် … သံသရာမှာ အထပ်ထပ် မှားခြင်းက ရှောင်ရှားနိုင်ဖို့ … ဗုဒ္ဓအဆုံးအမကိုပဲ ..နာခံကြရအောင် ဆိုပြီး ဗုဒ္ဓထံသွားဖို့ ဆုံးဖြတ်လိုက်ကြတယ် …
.
★ ★ အခန်း ( ၃ )
.
အခုဆို ကျမ နဲ့ သမီးလေးဟာ … ဗုဒ္ဓရဲ့ မဟာဂရုဏာတော်ကြောင့် … အာသဝေါကုန်ခမ်း ရဟန္တာမများ ဖြစ်ကုန်ကြပြီး …
.
ကျမသားလေးကတော့ … ဂင်္ဂါ မြစ်ကမ်းနှဖူးမှာ သလ္လေခ အကျင့်မြတ်ကိုဆောက်တည်ပြီး …. သင်္ချိုင်းတို့မှ အ၀တ်စတို့ကို ပံ့သကူ ကောက်ယူ ဓူတင်ကျင့်ဆောင်လျှက် … အဓိဌါန်ပြုကျင့်ပြီး … သစ္စာလေးပါးကို မျက်မှောက်ပြုနိုင်သောကြောင့် …. ဂင်္ဂါ တိရိယ မထေရ်ဟု ပင် ကျော်ကြား ခဲ့လေပြီ ။
တစ်ကယ်ဆိုတော့ … မသိ၍လိုချင် တပ်မက်ခြင်း … များမျှသာပါလား …။
.
ကျမ်းကိုး
????????
ရဟန္တာမ အမည်
????
.
ချမ်းမြေ့ကြပါစေရှင် .....


https://www.facebook.com/photo.php?fbid=1585518978349249&set=a.13769051425

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...