စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လှပဆန်းသစ်တဲ့ ကမ္ဘာ့ဘူတာရုံများ


တရုတ်(တိုင်ပေ)က ဖော်မိုဆာဘိုလီဗတ် ဘူတာ
အညွန်း(ပုံ-၁)
အီတလီနိုင်ငံသား ဗိသုကာပညာရှင် ကွာဂလီယယ်တာ ပုံဖော်ထားတဲ့ ဖော်မိုဆာဘိုလီဗတ် ဘူတာရုံဟာ ကမ္ဘာပေါ်မှာ ဖန်သားနဲ့ ပြုလုပ်သမျှ အဆောက်အဦတွေအနက် လက်ရာအမြောက်ဆုံး တစ်ခုလို့ ပြောနိုင်ပါတယ်။ ရုပ်စုံမှန်ပြောင်း တစ်ခုကို တစ်ခြမ်းခြမ်းထားသလို အနေအထားရှိပြီး မှန်ကူကွက်ပြောင်း ၄၅၀၀ ပါဝင်တယ်လို့ သိရပါတယ်။
ဖော်မိုဆာဘိုလီဗတ် ဘူတာရုံကို တည်ဆောက်တဲ့ ကွာဂလီယယ်တာက ဒီအဆောက်အဦးကို လေ၊ မီးနဲ့ အချိန်ကာလတို့ရဲ့ ရောယှက်မှုလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ အရောင်အသွေး စုံလင်ပြီး အနုပညာ လက်ရာမြောက်တဲ့ ဖော်မိုဆာမှာ မင်္ဂလာပွဲတွေ ကျင်းပဖို့ ကမ်းလှမ်းမှုတွေတောင် ရှိခဲ့ပါသတဲ့။
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့က ဖူလ်တန် ဘူတာ
အညွန်း(ပုံ-၂)
မြေအောက်ရထားလမ်း ကိုးခုဆုံတဲ့ ဖူလ်တန်ဘူတာဟာ မန်ဟတ်တန်ရပ်ကွက်မှာ တည်ရှိပါတယ်။ အလင်းရောင် ကောင်းစွာဝင်နိုင်တဲ့ မျက်လုံးပုံသဏ္ဍာန် အမိုးခုံးက ဖူလ်တန်ဘူတာကို အလှဆင်နေပြီး ဘူတာရုံကို မြင်လိုက်တာနဲ့ သစ်လွင်လတ်ဆတ်သလို ခံစားရနိုင်ပါတယ်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့က ကွမ်ဆိုမော်စကာယာ ဘူတာ
အညွန်း(ပုံ-၃)
မော်စကိုမြို့မှာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေဖို့ ၁၉၅၂ခုနှစ်ကတည်းက ကွမ်ဆိုမော်စကာယာဘူတာကို ဖွင့်လှစ်ခဲ့တာပါ။ နံရံနဲ့ အမိုးတွေမှာ အပြောက်အမွန်း တော်တော်များများ ချယ်မှုန်းထားတာက ဒီဘူတာရဲ့ ထူးခြားချက်ပါ။ ဂျိုးဆက်စတာလင်ကတောင် သမိုင်းဝင် လက်ရာတွေကို သဘောကျတယ်လို့ ပြောခဲ့ဖူးပါတယ်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ၀က်စ်မင်စတာ ဘူတာ
အညွန်း(ပုံ-၄)
လန်ဒန်မြို့ မြေအောက်ဘူတာရုံတွေက ကမ္ဘာ့ မြေအောက်ရထား ဘူတာရုံတွေရဲ့ ဘိုးအေတွေလို့တောင် ခေါ်ဆိုရမှာပါ။ ကွန်ကရစ်နဲ့ သံမဏိတွေကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ ၀က်စ်မင်စတာ ဘူတာရုံကတော့ စိတ်ကူးယဉ်ဆန်တဲ့ အနုပညာလက်ရာထက် အနာဂတ်ကာလမှာ ခေတ်စားလာမယ့် အသွင်သစ်ဒီဖိုင်းလို့ သတ်မှတ်နိုင်ပါတယ်။

အီတလီနိုင်ငံ၊ နေပယ်မြို့က တော်လီဒို ဘူတာ
အညွန်း(ပုံ-၅)
နေပယ်မြို့က တော်လီဒိုဘူတာဟာ မြေမျက်နှာပြင်အောက် မီတာ ၅၀ အကွာမှာ တည်ရှိပြီး ဘေးပတ်ဝန်းကျင်မှာ အလင်းနဲ့ ရေမှုန်တွေ ဖြန့်ကျဲနေတဲ့ ဒီဇိုင်းတည်ဆောက်ထားတာပါ။ တော်လီဒို ဘူတာကို ၂၀၁၂ခုနှစ်မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က ၀က်စ်ဖရိုင်းဟော့ဖ် ဘူတာ
အညွန်း(ပုံ-၆)

၁၉၉၈ခုနှစ်တုန်းက သာမန်ဘူတာ တစ်ခုထက် မပိုခဲ့တဲ့ ၀က်စ်ဖရိုင်းဟော့ဖ် ဘူတာဟာ နောက် (၃)နှစ်အကြာမှာတော့ အနုပညာမြောက်တဲ့ မွမ်းမံမှုတွေနဲ့အတူ ဒီဇိုင်းဆန်းသစ်တဲ့ ဘူတာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဘူတာမျက်နှာကျက်မှာ ကြီးမားတဲ့ မီးဆိုင်း ၁၁ခုကို ချိတ်ဆွဲထားပြီး ဒီမီးဆိုင်းတွေက ထွက်ပေါ်လာတဲ့ ပြာ၊ ၀ါ၊ နီ မီးရောင်တွေ ဘူတာနံရံမှာ ဖြာကျနေတာက ခရီးသွားတွေကို အ
Ref:cnn
Nz(ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...