
၁။ကျောက်ကပ်=ကစ်ဒနီ (Kidney)
၂။ကျောက်ကပ် သွေးလွှတ်ကြော=Renal Artery.
၃။ကျောက်ကပ် သွေးပြန်ကြော= Renal Vein
၎။ ဆီးပြွန်= ယူရီတာ (Ureter)
၅။ ဆီးအိမ်=ဘလတ်ဒါ (Bladder)
ဆီးလမ်းကြောင်းစံနစ်နှင့်ဆီ
ကျောက်ကပ် သည် ခန္ဓာကိုယ် တွင် ညာဘက် နှင့် ဘယ်ဘက် နှစ်ဘက်စလုံးတွင် ရှိသည်။
ကျောက်ကပ်တစ်လုံး နှင့်လည်း အသက်ရှင်သန်နိုင်သည်။
မွေးရာပါကျောက်ကပ်တစ်လုံးသာ
ကျွန်တော်၏အမေသည် ကျောက်ကပ်တစ်လုံးသာပါသူဖြစ်
ကျောက်ကပ်သည် ခန္ဓာကိုယ်၏ ကျောရိုးရှိ ခါးနေရာ၌ ဘေးတစ်ဖက် တစ်ချက်စီတွင် နေရာယူ ထားကြသည်။
ကျောက်ကပ် တစ်လုံးစီသည် ပဲကြီးစေ့ ပုံသဏ္ဍာန် ရှိသည်။
၎င်းတို့သည် ဒေါင်လိုက် အနေအထားဖြင့် ကျောရိုးနှင့် အပြိုင် ရှိနေကြသည်။
ကျောက်ကပ်တစ်လုံး စီသည် အလျား ၁၀ စင်တီမီတာ ခန့် ၊ အနံ ၅ စင်တီမီတာခန့် နှင့် အထူ ၂.၅ စင်တီမီတာ ခန့် စီရှိကြသည်။ ကျောက်ကပ်တစ်ခုသည် ၅ အောင်စခန့်သာ လေးသော်လည်း ၎င်းအတွင်း၌ သွေးများကို သန့်စင် စစ်ထုတ်ပေးသည့် စစ်ထုတ်ပြွန်ကလေးပေါင်း တစ်သန်း ကျော် ပါရှိလေသည်။
ကျောက်ကပ်သည် သွေးထဲရှိ ဓာတ်ပစ္စည်း များစွာ အနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ်သည်များကို ဆီးနှင့် အတူ ဖယ်ထုတ်ပစ်ခြင်းတို့ကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည့် အင်္ဂါဖြစ်ပါသည်။
အတွင်းဘက်၏ အလယ်တွင် ကျောက်ကပ်၏ ရိုးတံ အညှာရှိသည်။
အညှာအတွင်းမှ ကျောက်ကပ်သွေးလွှတ်ကြော ၊ သွေးပြန်ကြော နှင့် ဆီးပို့ပြွန်တို့ ဖြတ်သန်းသွားကြသည်။
ဆီးပို့ ပြွန်မှ တဆင့် ကျောက်ကပ်မှ စွန့်ထုတ်သော ဆီးများကို ဆီးအိမ် အတွင်းသို့ ရောက်စေသည်။
by Warazein Min
No comments:
Post a Comment