စာလုံးအသစ်တွေကိုလေ့လာတိုင်းခက်ခဲလေ့ရှိပါတယ်။ Englishစာလုံးတွေအသစ်တွေကိုလေ့လာတိုင်း မမှတ်မိဘူးလို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကပြောပါတယ်။ သူကစာလုံးအသစ်တွေကိုလေ့လာတဲ့နေရာမှာ ဥာဏ်မကောင်းဘူး
လို့ပြောပါတယ်။ တကယ်တော့ သူတစ်ယောက်ထဲ မမှတ်မိတာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး စာလုံးအသစ်တွေ
ကိုမှတ်သားရာမှာ ခက်ခဲလေ့ရှိပါတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ စာလုံးအသစ်တွေမှတ်သားနိုင်မည့် အသုံးဝင်သော နည်းလမ်းအချို့ရှိနေပါတယ်။ အောက်မှာတော့ စာလုံးအသစ်တွေကိုမှတ်မိနိုင်မည့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်
ပါတယ်။
- ပထမဆုံး သင်နဲ့မရင်းနှီးတဲ့စာလုံးတစ်လုံးကိုလေ့လာတော့မယ်ဆိုရင် သင်သိပြီးသား စာလုံးနဲ့တွဲပြီးမှတ်ပါ။
လူ့ရဲ့ဦးနှောက်က အသစ်စက်စက်တွေကို အဟောင်းတွေနဲ့တွဲမှတ်ရင်ပိုမှတ်မိလေ့ရှိပါတယ်။ ဥပမာ cultivated
ဆိုရင် well educated and behave politely ဆိုပြီးမှတ်လို့ရပါတယ်။ - နောက်တစ်ချက်က သင်ကျက်မှတ်ထားတဲ့စာလုံးတွေကို စကားပြောခွင့်ရတိုင်းသုံးဖို့ပါပဲ။ အခွင့်အရေးရတိုင်း
စာလုံးအသစ်လေးတွေကို စကားပြောရာမှာထည့်သုံးပါ။ အဲဒါမှပိုမှတ်မိမှာပါ။ - နောက်တစ်ခုက သင်ကျက်ထားတဲ့စာလုံးနဲ့ ၀ါကျသုံးကြောင်းလောက်ရေးဖို့ပါပဲ။ ၀ါကျရေးခြင်းက
စာလုံးအသစ်တွေကို မှတ်မိဖို့ အကူအညီပေးပါတယ်။ ဥပမာ crucial ဆိုပါစို့။ crucial=extremely
important, because it will affect other things အရေးပါသော၊အလွန်အရေးကြီးသော
E.g.1 Education is really crucial for a country.
E.g.2 I made a crucial decision this morning.
E.g.3 He played a crucial role in the team for a long time. - နောက်တစ်ချက်ကတော့ ဘယ်စာလုံးပဲလေ့လာ လေ့လာအတွဲလိုက်လေ့လာတာက ပိုမှတ်မိလွယ်ပါတယ်။
ဥပမာ rapportဆိုပါစို့။ rapport= a friendly relationship in which people understand each
other very well (အပေါက်အလမ်းတည့်ခြင်း၊ အစေးကပ်ခြင်း၊ရင်နှီးသောဆက်ဆံမှုရှိခြင်း) ၊ A
close rapport with client လို့မှတ်ရင် rapportရဲ့ ဆိုလိုရင်းကိုပိုပြီးနားလည်ပြီး ပိုပြီးမှတ်မိလွယ်
ပါတယ်။ the tall, arrogant man လို့မှတ်ရင် arrogantရဲ့ဆိုလိုရင်းကိုပိုမိုမှတ်မိလွယ်ပါတယ်။ - နောက်ဆုံးတစ်ချက်ကတော့ပုံနဲ့တွဲမှတ်တာပါပဲ။ cruise shipဆိုရင်အပျော်စီးသဘောင်္ပုံကြီးကိုအင်တာနက်
မှာရှာလို့ရပါတယ်။ အဲဒါမှစာလုံးမြင်ရင်ဘာလဲဆိုတာဦးနှောက်ကမှတ်မိနေမှာပါ။ စာလုံးအသစ်တွေကျက်မှတ်ရာမှာ အဆင်ပြေကြပါစေ။
https://www.work.com.mm/…/h…/remember-new-english-words.html
No comments:
Post a Comment