စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာပြည်မှ လူငယ် Clown Doctor အဖွဲ့

ကလေးငယ်တွေရဲ့ နာကျင်မူ ဝေဒနာများကို တဒင်္ဂ သက်သာစေဖို့ အတွက် မြန်မာပြည်မှ လူငယ် Clown Doctor
                    
                   

 
 
 
 
 

လူငယ် ၇ ဦးပါဝင်ပြီး ကလေး ဆေးရုံတွေမှာ လိုက်လံ၍ ဖျော်ဖြေ ပေးနေတဲ့ မြန်မာပြည်မှ လူငယ် Clown Doctor များ အကြောင်းကို တင်ပြ ပါရစေ။ ထိုလူငယ်အဖွဲ့ဟာ ကလေးငယ်တွေမှာ ခံစားနေရတဲ့ နာကျင်မူ ဝေဒနာတွေကို တဒင်္ဂ ပြေပျောက် စေရန်နှင့် ခဏတာ ရယ်မော ပျော်ရွှင်စေရန် ရည်ရွယ်ပြီး လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ' ရယ်ခြင်းဟာ အကောင်းဆုံး ဆေးတစ်ခွက် ' ဆိုသည့် စကားနှင့် အညီ ရောဂါ ခံစားနေတဲ့ ကလေးငယ်တွေကို ရယ်မော ပျော်ရွှင်အောင် လုပ်ပေးနေတဲ့ အဖွဲ့ဆိုလည်း မှားမယ် မထင်ပါဘူး။ ထိုအဖွဲ့လေးဟာ ယခုဆိုလျှင် ၃ နှစ်ပြည့်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဖွဲ့ စတင်ချိန်၌ အခက်အခဲတွေ များစွာကိုလည်း ရင်ဆိုင် ခဲ့ရကြောင်း သိရပါတယ်။

တစ်ချို့သော သူတွေကဆိုရင် မနှစ်သက်သော မျက်လုံးများနှင့် ပြုမူဆက်ဆံခြင်း
များကိုလည်း ခံခဲ့ရပြီး အခြားသော အခက်အခဲ များနှင့်လည်း ရင်ဆိုင် ခဲ့ရကြောင်း
သိရပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်တွေ အားလုံးဟာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့
ဖြစ်ပြီးတော့ စနေနှင့် တနင်္ဂနွေ နှစ်ရက် အတွင်း ကလေးဆေးရုံ နှစ်ခုမှာ လိုက်လံ၍ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကလေးငယ် လေးတွေ အတွက် ပြုစုယုယ ပေးကြောင်း သိရပါတယ်။ တစ်ချို့သော ဆရာဝန် ကြောက်တဲ့ ကလေးငယ်တွေ ဆိုရင် အရမ်းငိုနေ
ကြချိန်၌ ထိုအဖွဲ့၏ ဟာသ ရုပ်များကြောင့် အငိုတိတ် ခဲ့ရကြောင်းနှင့် ဆေးများလည်း
သောက်ခဲ့ကြောင်း သိရပါတယ်။

ရောဂါ ခံစားနေတဲ့ ကလေးငယ် လေးတွေဟာ အဖွဲ့ဝင်များ၏ ဟာသရုပ် များကို
ကြည့်ရှု၍ နှစ်သက်ကာ နောက်မှ ဆေးပိုက် တန်းလန်းများ နဲ့တောင် လိုက်လာ
ခဲ့တယ်လို့ ဆိုပါတယ်။

 မြန်မာပြည်မှာလည်း ဒီလိုမျိုး အဖွဲ့တွေကို များစွာ
ပေါ်ပေါက် စေခြင်းကြောင်းနှင့် ၎င်းတို့ အဖွဲ့ အနေဖြင့်လည်း ကူညီပေးသွားမည်
ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းတို့ အဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင် မဟုတ်ဘဲ အခြားသော
နယ်မြို့ရှိ ကလေးဆေး ရုံများကိုပါ သွားချင် သော်လည်း ငွေအားနှင့် လူအင်အား
အခက်အခဲများ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးဆေးရုံတိုင်းမှာ Clown Doctor
တွေ ရှိသင့်တယ် လို့လည်း ၎င်းတို့က ဆိုပါတယ်။

၎င်းတို့ အဖွဲ့၏ လုပ်ဆောင် ချက်များကို စိတ်ဝင်စားလို့ ကြည့်ချင် တယ် လေ့လာချင်တယ်
ဆိုရင် လာရောက်လေ့လာ နိုင်တယ်လို့ သိရပါတယ်။ ထိုအဖွဲ့ရဲ့ Facebook Page
လေးကတော့ https://www.facebook.com/…/Myanmar-Clown-Do…/391106120946219 ဖြစ်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

 https://www.facebook.com/yoyarlaydotcom/posts/791429527566968

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...