စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တက္ကစီသမား ဆွံ့အနားမကြား



============================
အငှါးကား အဖြူရောင် နစ်ဆန်း AD Van လေးကို လက်တားလိုက်တော့ သူက စာအုပ်လေးလှမ်းပေးတယ်ဗျ။ စာအုပ်ပေါ်မှာ ရေးထားတာက ...
"ဘယ်သွားမလဲတဲ့"


ဘော့ပင်ပါ လှမ်းပေးတယ်ဆိုတော့ သူက ဆွံ့အနေတဲ့အပြင် နားပါမကြားမှန်း သိလိုက်ရတယ်။ ကျွန်တော်က ဗိုလ်အောင်ကျော်လမ်းလို့ရေးပေးလိုက်တော့ သူက ၃၀၀၀ လို့ ပြန်ရေးပါတယ်။
ဈေးမဆစ်တော့ပါဘူး။ လေးစားလို့ပါ။ ဘာပဲဖြစ်နေနေ လူ့တန်ဖိုးမကျအောင် လူပီပီသသ အလုပ်လုပ်တဲ့လူမို့လို့ တကယ်လေးစားတယ်ဗျာ။ ကျွန်တော်လည်း မချမ်းသာပါဘူး။ ကျွန်တော်လည်း အလုပ်သမားပါ။ အလုပ်သမားချင်းအတူတူ သူ့မှာရှိတဲ့စိတ်ဓာတ်ကို ချီးကျူးပါတယ်။


ဒါနဲ့ ကျွန်တော်လည်း သူ့ကားပေါ်စီးလာရင်း သူနဲ့ စကားပြောဖြစ်တယ်ပေါ့။ အဲ.. ပြောတယ်ဆိုတာ စာရေးတာပေါ့လေ။ သူ့နာမည်က ကိုဖြိုးမင်းစိုးတဲ့။ သူ့ကားနံပတ်က BB-6999 တဲ့။ တစ်နေကုန်ငှါးလို့ရလားလို့မေးတော့ တစ်နာရီကို ၅၀၀၀ ကျပ်နဲ့ လိုက်ပါတယ်တဲ့။ နောင်လည်း ငှါးချင်တယ်လို့ပြောတော့ သူက မက်ဆေ့ပို့ပြီးငှါးလို့ရတယ်လို့ ဆိုပါတယ်။

အဲ့တာနဲ့ပဲ သူ့ဖုန်းနံပတ်ကို ကျွန်တော်တောင်းခဲ့တယ်။ 09- 43136622 တဲ့။
လူကောင်းတွေ လိမ်ညာနေတာတွေမြင်တဲ့အခါတိုင်း ကျွန်တော် မနှစ်မြို့ခဲ့သလို မသန်ပေမယ့် စွမ်းနေကြတဲ့ လူ့အဖိုးတန်တွေကိုတော့ တကယ်လေးစားပါတယ်ဗျာ။ သူ့ကားကို ငှါးချင်ရင် ငှားလို့ရအောင် ခွင့်တောင်းပြီး သူ့ပုံကိုပါ ဓာတ်ပုံရိုက်ခဲ့တယ်။
============
Ja Poe

https://www.facebook.com/yan.shin.96/posts/964814230214087 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...