စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘာလင်တံတိုင်း အစိတ်အပိုင်းများပေါ်မှ ငြိမ်းချမ်းရေးဗိသုကာများ


အမ် ရေးခြယ်ခဲ့သည့် ငြိမ်းချမ်းရေးဆုရှင်များ (ဓာတ်ပုံ−ရိုက်တာ)
 
ကမ္ဘာ့အနောက်ခြမ်းမှ အရှေ့ခြမ်းသို့   မိုင်ငါး ထောင်(ကီလိုမီတာ ရှစ်ထောင်ကျော်) ခရီးကို ကျော်ဖြတ်ပြီးနောက် သူခြေချခဲ့သော တိုင်းပြည်မှ အမျိုးသမီးကြီးတစ်ဦး သည် နောင်နှစ်အနည်းငယ်အ ကြာတွင် သူ့ကို ကမ္ဘာကျော်စေ မည့် စီမံကိန်းတစ်ခု၏ အဓိက ဇာတ်ကောင်တစ်ဦး ဖြစ်လာမည် မှန်း ကြိုတင်မသိရှိခဲ့ပါ။

အရှေ့တောင်အာရှနိုင်ငံ တစ်ခုဖြစ်သော မြန်မာနိုင်ငံသို့ ရောက်ချိန်က တိုက်တိုက်ဆိုင် ဆိုင် ထိုတိုင်းပြည်၏ နိုင်ငံရေးအ သွင် ကူးပြောင်းမှု အမှောင်မှ အ လင်းသို့ စတင်ရွေ့လျားပြီဟု အသံဗလံလှုပ်ခတ်လာချိန်လည်း ဖြစ်နေသည်။ ထိုအခိုက်အတန့် မှာပင် ဤနိုင်ငံမှ အမျိုးသမီး၏ ရုပ်ပုံကို အနောက်ဥရောပနိုင်ငံ ကြီးတစ်ခုဖြစ်သော ဂျာမနီမြေ ပေါ်တွင် အတိအကျပြောရလျှင် သမိုင်းဝင် ဘာလင်တံတိုင်းနံရံ ပေါ်တွင်  ရေးခြယ်ပုံနှိပ်ရန် သန္နိဋ္ဌာန်ကို သူတိတ်တဆိတ် ချမှတ်ဖြစ် ခဲ့သည်။
ဂရပ်ဖစ်တီ ပညာရှင်တစ်ဦး ဖြစ်သော သူ့အမည်ရင်းက ဗစ် တာလန်ဒီတာ။ ‘အမ်’ဟုလည်း ခေါ်သည်။ မျိုးရိုးအစဉ်အလာရှိ သည့် ပန်းချီဆရာဗစ်တာ ဒီလန်ဒီ တာ၏ မြေးဖြစ်သည်။ သူ့ကို စပိန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး လွန် ခဲ့သည့်   ငါးနှစ်က  စတင်ကာ ဂျာမနီနိုင်ငံ မြို့တော်ဘာလင် တွင် နေထိုင်နေသည်။ ၂၀၁၁ ခုနှစ်၌ သူသည် မြန်မာနိုင်ငံတစ် ၀န်း ခရီးထွက်ခဲ့၏။ ထိုအချိန်က စ၍ မြန်မာနိုင်ငံ၌ ဘာတွေဖြစ်ပျက် နေသည်ကို   သူအတော်အတန် ကြားသိနားလည်ခဲ့ရသည်ဟု ဆိုသည်။

ထို့နောက် သုံးနှစ်အကြာ ၂၀၁၄ ခုနှစ်တွင် ဘာလင်တံတိုင်း ပေါ်၌ ကမ္ဘာ့ငြိမ်းချမ်းရေးသမား ကြီးများ၏ ရုပ်ပုံကို သူရေးခြယ် ခွင့်ရလာသည်။ သူရေးခြယ်စရာ လူပုဂ္ဂိုလ်များက အမျိုးသားတို့၏ ပုံများချည်းဖြစ်နေသည့်အနက် အမျိုးသမီးတစ်ဦးဦး၏ ပုံကို ထည့် သွင်းရန် သူ့နှလုံးသားက မြန်မာ နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်ပုံ ကို ရေးခြယ်ရန် ဆုံးဖြတ်လိုက်ပါ သည်။
‘‘သက်ရှိလူသားတွေရဲ့ အကောင်းဆုံးနမူနာတချို့ကို ကိုယ်စားပြုဖို့ ကျွန်တော်ရှာဖွေ လေ့လာနေခဲ့တာပါ။ ကျွန်တော်တို့ရဲ့ လက်ရှိသမိုင်းဖြစ်စဉ်မှာ မတူညီတဲ့ နိုင်ငံတွေက လူပုဂ္ဂိုလ် တွေ၊ သူတို့က နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေဆိုတော့ အထူးသဖြင့်  စစ်ဆန့်ကျင်ရေးဝါဒီတွေပေါ့’’ဟု ဗစ်တာက ပုံတူများရေးဆွဲရခြင်း နှင့်ပတ်သက်၍ ပြောပြသည်။

၂၀၁၄ စက်တင်ဘာလလယ် က ဂျာမနီနိုင်ငံ ထဲလ်ထိုးမြို့ ကလေးရှိ မြေကွက်လပ်တစ်နေ ရာတွင် တောင်အာဖရိက အသား အရောင်ခွဲခြားမှု တိုက်ဖျက်ရေး အမျိုးသားခေါင်ေးဆာင် နယ်လ် ဆင်မင်ဒဲလား၊ မြန်မာအတိုက်အ ခံ ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်၊ အိန္ဒိယလွတ်လပ်ရေး လှုပ်ရှားမှု ခေါင်းဆောင် မဟတ္တမဂန္ဒီ၊ တိဗက်ဘုန်းတော်ကြီး ဒလိုင်း လားမားနှင့် ဂျာမန်နိုင်ငံရေး သမားဝီလီဘရန့်တို့၏ ပုံတူပန်း ချီကားကြီးများကို ခိုင်ခိုင်မတ် မတ်စိုက်ထူခဲ့သည်။

ထဲလ်ထိုးသည် ဘာလင်မြို့ အပြင်ဘက်တွင်ရှိပြီး ဘာလင်မြို့ လယ်နှင့် ၁၇ မီတာ(၁၁မိုင်) ကွာဝေးသည်။ ဂျာမနီနိုင်ငံ၏ ပြည်နယ် ၁၆ ပြည်နယ်ထဲမှ တစ် ခုဖြစ်သည့် ဘရန်ဒန်ဘာ့ဂ်ပြည် နယ်၊ ပို့စ်ဒမ်-မစ်တဲလ်မာ့ခ် ခရိုင် အတွင်းရှိ မြို့ကလေးဖြစ်သည်။ ဘာလင်မှနေ၍ နာရီဝက်ခန့် ရထားစီးသွားရပြီး ထဲလ်ထိုးဘူ တာရောက်ပါက ၁၅ မိနစ်ခန့် ကားထပ်စီးလျှင် ပုံတူကားချပ် ကြီးများ ရှိရာကို ရောက်နိုင်သည်။
ပုဂ္ဂိုလ်ကျော်များ ပုံတူဆွဲ ထားရာ အင်္ဂတေပြား အချပ်ကြီး များမှာ တစ်ချိန်က ဘာလင်တံ တိုင်းနံရံဖြစ်ခဲ့ဖူးသည့် အစိတ်အ ပိုင်းများ ဖြစ်သည်။ ဆောက်လုပ် ရေး ကုမ္ပဏီတစ်ခုက ယင်းနံရံ အပိုင်းများကို ၀ယ်ယူခဲ့ပြီး တရား ၀င်မှတ်ပုံတင်၍ ထိုပုံများ ရေး ခြယ်စေခဲ့သည်ဟု ဆိုသည်။ လက်ရာရှင်က ဗစ်တာပဲ ဖြစ်ပါ၏။

‘‘ဘာလင်တံတိုင်းကို ရေး ခြယ်နိုင်တာ ကျွန်တော်သိပ်ဂုဏ် ယူတယ်။ ဒါမျိုး ကျွန်တော်အ ရင်က တစ်ခါမှ မဆွဲခဲ့ဖူးဘူး။ လှပတဲ့အရာတွေကို ရေးဆွဲတာ မျိုးပဲ ကျွန်တော်ပိုအာရုံစိုက်ခဲ့တာ’’ ဟု ဗစ်တာက ပြောသည်။

ပထမဆုံး ဗစ်တာလုပ်ခဲ့ သည်က လွတ်နေသည့် နံရံတစ် ချပ်တလေရှိလိုရှိငြား ရှာဖွေရွေး ချယ်ရခြင်းပဲ ဖြစ်သည်။ ထို့ နောက်  ထိုနံရံအပိုင်းကို ၀ယ် ထားသည့် ပိုင်ရှင် (သို့မဟုတ်) ပြတိုက်မှူးထံ ခွင့်ပြုချက် တောင်း ရပြန်၏။ ၎င်းနှင့် စာချုပ်တစ် စောင်ကို ဗစ်တာလက်မှတ်ထိုးခဲ့ ရသည်။ ထိုစာချုပ်မှာ ပါသည့်အ ချက်က ပုံတူရေးခြယ်ထားသည့် ဘာလင်တံတိုင်းနံရံ ကားချပ်ကြီး ကို ရောင်းချရန် ခွင့်ပြုချိန် ခြောက် လဖြစ်ကြောင်း၊ ရောင်းချရရှိ သည့် ငွေကြေးကို ယင်းပြတိုက် မှူးနှင့် ဝေယူရမည့်အကြောင်းတို့ ဖြစ်သည်။ ထို့နောက် ပုံကိုရေး ခြယ်ရန်အတွက် ပန်းချီဆရာစိတ် ကြိုက် ဓာတ်ပုံတစ်ပုံကို ရွေးချယ် ပြီး သင့်တော်သည့်အချိုးကျ မှတ် သားလိုက်သည်။ ပုံတစ်ပုံအတွက်  ခုနစ်ရက်မှ ဆယ်ရက်အကြား အချိန်ယူခဲ့ရသည်။ နောက်ဆုံး တွင်တော့  ရုပ်ပုံကို နံရံတစ်ချပ်ပေါ်၌ ရေးခြယ်နိုင်ခဲ့ပါပြီ။
‘‘ကျွန်တော် ဂရပ်ဖစ်တီဆွဲ တဲ့ အတွေ့အကြုံ ၁၈ နှစ်တစ် လျှောက်မှာ ဒီဟာက ကျွန်တော် အခုအချိန်ထိ လုပ်ခဲ့သမျှထဲ အရေးအကြီးဆုံး စီမံကိန်းပဲခင်ဗျ။ လူတွေက ဒါကိုကြိုဆိုကြတာကို လည်း ကျွန်တော်သိပ်ကို ပီတိဖြစ်ရပါတယ်’’ ဟု အသက် (၃၄)နှစ်အရွယ် ပန်းချီဆရာက ပြောသည်။

အထူးသဖြင့် ဤလူသားတို့ ၏ ပုံတူပန်းချီကို ရေးဆွဲနိုင်သည့် အတွက် ၀မ်းမြောက်ရသလို ဤ ပုံများကို ရှုကြည့်သူတိုင်းအပေါ် အပြုသဘောဆောင်သည့် လှုံ့ ဆော်မှုတစ်စုံတစ်ရာပေးနိုင်ပြီး ကောင်းမှုကောင်းကျိုး၏ အောင် ပွဲခံမှုကိုလည်း ပြသနိုင်မည်ဟု ယုံ ကြည်ကြောင်း သူကဆိုသည်။ ရှည်လျားဆိုးရွားခဲ့သည့် ဆယ်စု နှစ်ချီ သမိုင်းမှတ်တိုင်တစ် လျှောက် ထိခိုက်ဒဏ်ရာ အများ အပြားရှိခဲ့သော ဘာလင်တံတိုင်း နံရံပေါ်တွင် ယခုပုံများရေးခြယ် ရပုံနှင့်ပတ်သက်၍ ‘‘ဒီနံရံက ဒုက္ခ ဆင်းရဲ အတော်ခံခဲ့ရတဲ့ နံရံပါ။ ကျွန်တော်က လေးစားသမှု အပြည့်နဲ့ ဆွဲချင်ခဲ့တာမို့လို့ အခု လို မီးခိုးရောင်မျိုးကို ရွေးချယ်ခဲ့ တာပေါ့’’ ဟု ဗစ်တာက ဆိုသည်။

ဂျာမနီနိုင်ငံ၏ အအေးပို သည့် နိုဝင်ဘာလ ရာသီဥတု အောက်တွင် ထဲလ်ထိုးရှိ ပုံတူပန်း ချီကားများ ရေးဆွဲထားရာ မြေ ကွက်လပ်၌ လူပရိသတ်များ တဖွဲဖွဲ ရှိနေကြသည်ကို တွေ့ရှိရ သည်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် များအပြင် ယင်းမြေကွက်လပ်၏ အနောက်ခြမ်း၌ အခြားသော ပန်း ချီလက်ရာများနှင့် နံရံချပ်များ လည်း  စိုက်ထူထားသည်။

အချို့နေရာတွင် ကမ္ဘာ့နိုင်ငံ အချို့မှ အာဏာရှင်များ၏ ပုံများ ကိုလည်း ရောင်စုံဆေးတို့ဖြင့် ရေးခြယ်ထားသည်ကို တွေ့နိုင် သည်။၎င်းတို့ကို အခြားပန်းချီ ဆရာတို့က ရေးဆွဲခြင်းဖြစ်ပြီး ဗစ် တာကမူ ငြိမ်းချမ်းရေးဆုရှင်များ ၏ ပုံတူများကိုသာ ရေးဆွဲထားသည်ဟု ဆိုသည်။ ကွင်းပြင်ထဲ၌ လူပရိသတ်အချို့က ပုံတူများကို ကြည့်ရှုနေကြသည်။ အချို့ကမူ ပုံတူများဘေးတွင် ပြသထားသည့် ဆိပ်ကမ်းစီမံကိန်းကို လေ့လာနေကြသည်။

အမှန်အားဖြင့် ယင်းမြေ ကွက်လပ်နေရာမှာ ထဲလ်ထိုးတူး မြောင်းနံဘေးတွင် တည်ရှိနေ သည်။ ၃၇ ဒသမ ၈၃ ကီလိုမီတာ (၂၃ ဒသမ ၅၁ မိုင်)ရှည်လျား သည့် ထဲလ်ထိုးတူးမြောင်းမှာ မြို့ တော် ဘာလင်တောင်ပိုင်းသို့ ဆက်သွယ်နေသည့်  ဘာလင်နှင့် ဘရန်ဒန်ဘာ့ဂ် ပြည်နယ်နှစ်ခုလုံး တွင် စီးဆင်းသည့် တူးမြောင်းဖြစ် ပြီး ထဲလ်ထိုးမြို့ကို အစွဲပြုကာ ထဲလ်ထိုးတူးမြောင်းဟု အမည် တွင်ခဲ့သည်။ ဘာလင်အလယ် ဗဟိုအထိ ရေလမ်းကြောင်းဖြင့် ဖြတ်သန်းသွားလာနိုင်သော ထဲလ်ထိုးတူးမြောင်းကမ်း နံဘေး၊ ပုံတူပန်းချီနံရံချပ်ကြီးများရှိရာ မြေကွက်လပ်၏    တစ်ဝက်လောက် တွင် မကြာမီ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်တော့မည်     ဖြစ် သည်။

‘‘ဒါတွေ မကြာခင် နေရာ ဖယ်ရတော့မယ်ထင်တယ်။ ဘယ်ကို ရောက်မလဲတော့ ကျွန်တော်လည်း မသိဘူး’’ဟု ၀ါရင့်သမ္ဘာ ရင့် ဂျာမန်သတင်းစာဆရာ အန်း ဒရီးယက်စ်လောရန့်စ်က ပြောပြ သည်။ သူကနေ့စဉ် ဤနေရာကို ဖြတ်၍ ဘာလင်သို့ အလုပ်သွား အလုပ်ပြန် လုပ်နေသူ ဖြစ်သည်။
ဂျာမနီအစိုးရ၏ Berlin Wall in the World အမည်ရှိ စာ အုပ်တွင် ဘာလင်တံတိုင်း အ စိတ်အပိုင်းများကို အထိမ်းအမှတ် အဖြစ် ပိုင်ဆိုင်ထားသည့် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများအကြောင်း မှတ်တမ်းတင်ပြသထားသည်။ ယခုထဲလ်ထိုးရှိ မင်ဒဲလား၊ ဒေါ်အောင်ဆန်းစုကြည်၊ ဂန္ဒီ၊ ဒလိုင်းလားမားနှင့် ၀ီလီဘရန့်တို့ ၏ ကားချပ်များလည်း ယင်းစာ အုပ်၌ မှတ်တမ်းဝင်နေခဲ့ပြီ။ ထို့ ကြောင့် ယခုနံရံအစိတ်အပိုင်းများ ကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့နိုင် သည်ဟု ဆိုသည်။

မြက်ခင်းစိမ်းကလေးများ ကျိုးတိုးကျဲတဲပေါက်နေသည့် အရိုင်းဆန်ဆန် မြေပြင်ပေါ်တွင် ဆယ်ပေကျော်အမြင့်ရှိသည့် ဘာ လင်တံတိုင်း နံရံအစိတ်အပိုင်း ဟောင်းများကို မတ်မတ်စိုက်ထူ ထားသည်။ ထဲလ်ထိုးကားလမ်းမ ကို မျက်နှာမူထားသော ရှေ့မျက် နှာစာ ၀င်ပေါက်နားတွင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင်များ၏ အဖြူ၊ အမည်း၊ မီးခိုးရောင်ပုံတူများက နာဇီခေတ်ဆိုး၏ လက်ကျန် တံ တိုင်းအစိတ်အပိုင်းပေါ်တွင် တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခံဟန် ပြုံးရိပ်သန်းနေကြသည်။
ဤပုံတူများ၏ သိသာထင် ရှားသည့် ထူးခြားသောလက္ခဏာ က ဘာများဖြစ်လိမ့်မလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ပန်းချီ ဆရာဗစ်တာ လန်ဒီတာက ယခု ကဲ့သို့ ပြောပြခဲ့ပါသည်။

‘‘သူတို့ရဲ့ ထူးခြားတဲ့ ပင် ကိုအရည်အသွေးရဲ့ အနှစ် သာရကို ဒီပုံတူတွေက ဖော်ပြ ထားတယ်’’


http://www.7daydaily.com/story/24414#.VGoNiuJh71U

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...