စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆီးကျောက်တည်သူများအတွက် အကောင်းဆုံးဖျော်ရည်



လူဆယ်ယောက်မှာ တစ်ယောက်ဟာ တစ်သက်မှာတစ်ခါတော့ ဆီးကျောက်တည်ကြပါလိမ့်မယ်။

ဆီးအိမ်မှာ ကျောက်တည်လာခြင်းကို ရှောင်ရှားဖို့ အနည်အနှစ်ချထားတဲ့ အသီးဖျော်ရည်မျိုးတွေကို အမြောက်အများ သောက်ပေးဖို့ ညွှန်းဆိုလေ့ရှိကြပါတယ်။

အော်စလိတ်(oxalate)မြင့်မားတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ သစ်ချသီး၊ မြေပဲ၊ မက်မွန်သီး၊ သီဟိုစေ့၊ ပဲပိစပ်၊ ပဲနို့၊ အခြောက်လှန်းထားတဲ့ ပဲအများစု၊ ဂျုံစေ့၊ ပီတမုန်လာ၊မုန်လာဥနီ၊ ကန်စွန်းဥ၊ ချောကလက်နဲ့လ္ဘက်တို့ဖြစ်ပါတယ်။

ပရိုတိန်းပါတဲ့ အသားနဲ့ အသားသုံးအစားအစာများကိုလည်း လျှော့ချရပါမယ်။
သင့်မှာ ကျောက်တည်နေပြီဆိုရင်တော့ သင့်ဆရာဝန်က ဆားသုံးစွဲမှုကို လျှော့ချခိုင်းပါလိမ့်မယ်။ နေ့စဉ်အစားအစာတွေ ထဲမှာ ပါဝင်နေတဲ့ ဆား၊ ကယ်ဆီယမ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ်နဲ့ အော်စလိတ်တို့ကို လျှော့ချပါ။

ကယ်ဆီယမ်ပါဝင်မှုမြင့်မားနေတဲ့ အစားအစာတွေကို ရှောင်ရှားတတ်အောင်၊ အစားသောက်တွေထဲမှာ ကယ်ဆီယမ်ပါဝင်နှုန်းဘယ်လောက်ရှိတယ်ဆိုတဲ့ ဖော်ပြချက်တွေ ကိုလည်း ဖတ်တတ်အောင် သင်ယူထားဖို့ လိုအပ်ပါတယ်။ ကယ်ဆီယမ်ကို အချိုးကျကျစားဖို့ သင့်ဆရာဝန်ဆီက လေ့လာရပါမယ်။
နေ့စဉ်ပြုလုပ်ရမည့်အချက်- အိပ်ရာ မဝင်မီ ရေတစ်ခွက်သောက်ပါ။ ညသန်းခေါင်တွင် နိုးလာပါကလည်း ရေတစ်ခွက်သောက်ပြီးမှ ပြန်အိပ်ပါ။

ကျောက်တည်သူများအတွက် အောက်ပါသီးစုံဖျော်ရည်ကို နေ့စဉ်တစ်ခွက်မှ နှစ်ခွက်သောက်ပေးပါ။

-လိမ္မော်သီးတစ်လုံး(အခွံခွာပြီးသား)
-ပန်းသီးတစ်လုံး
-သံပုရိုသီးတစ်လုံး
-ဖရဲသီးလေးစိပ်
-ရေခဲတုံးလေးတုံး

အသီးတွေအားလုံးက အော်ဂန်နစ်ဖြစ်ပါက ပိုကောင်းပါတယ်။

သံပုရိုသီးက စစ်ထရစ်အက်ဆစ်ပါဝင်မှု မြင့်မားပါတယ်။ ကယ်ဆီယမ်အခြေခံဖြစ်လာတဲ့ ဆီးကျောက်တွေကိုလည်း ဒီအက်ဆစ်က ခြေဖျက်ပါတယ်။

ဖရဲသီးက ဆီးကျောက်တည်မှုအတွက် အကောင်းဆုံး အသီးဖြစ်ပါတယ်။ရေဓာတ်ပါဝင်မှုကမြင့်မားပြီး ဆီးကျောက်တွေကို ရေတွေ ဖြတ်သန်းစီးဆင်းသွားရာမှာ အရေးပါပါတယ်။ ဖရဲသီးက ဆီးလမ်းကြောင်းအားကောင်းစေတဲ့ အသီးလည်းဖြစ်ပါတယ်။

ရေကိုတော့ သောက်နိုင်သလောက် များများသောက်ပေးပါ။

by Good Health

ဤစာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

Credit to သင့်အတွက်ကျန်းမာရေး


https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...