စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘ၀နှင့် ပဲ့တင်သံ

                    
တစ်နေ့သောအခါ ၀ိသုင်္ခဟူသောတိုင်းပြည်ရှိ မင်းသားတစ်ဦးကား နန်းတော်ထဲမှာ နေရတာပျင်းရိလာ၏။ထို့ကြောင့် မင်းကြီးကို ခွင့်တောင်း၏။မင်းကြီးကလဲ အမတ်ကြီးနဲ့အတူ အပြင်သွားရန်ခွင့်ပေးလိုက်၏။ထို့ကြောင့် မင်းသားကား တောင်တန်း၊တောင်စွယ်ပေါများသော တောင်တန်းတစ်ခုကို သွား၏။ ထိုတောင်ပေါ်မှနေ၍ နေထွက်ခြင်းကို ရှုစားမည်ဖြစ်သည်။
တောင်ပေါ်ရောက်တော့ နေ့လည်ခင်းသာရှိသေး၏။ရဲမက် ဗိုလ်ပါတို့က နေထိုင်ရန်အတွက်သစ်ခက်တဲနန်းများ ပြုလုပ်နေကြသည်။အမတ်ကြီးက မင်းသားကို တောင်ခါးပန်းတစ်ခုကိုခေါ်သွားလေသည်။မင်းသားလဲ ထိုတောင်ခါးပန်းပေါ်မှ ရှုခင်းတို့ကို မြင်ရလေသည်။စိတ်ပျော်ရွှင်မှု ဖြစ်သောကြောင့် ရင်ခေါင်းသံဖြင့် အကျယ်ကြီး အော်ချလိုက်လေသည်။
မင်းသားရဲ့ အော်သံမှာ အနီးရှိတောင်များ ဆီမှ ပဲ့တင်သံများဖြစ်ပေါ်၍ တောင်တန်းတစ်ခုလုံး ပျံ့နှံ့သွား၏။ ကျယ်လောင်သော အော်သံကို မင်းသားနဲ့ အမတ်ကြီး ပြန်ကြားရလေ၏။
အမတ်ကြီးကို မင်းသားကမေး၏။” အမတ်ကြီး အဘယ့်ကြောင့် အသံတွေ ပြန်လာရသနည်း”
အမတ်ကြီးကား ” အရှင့်သား အသံသည် အရာဝတ္တုတစ်ခုမျက်နှာပြင်နှင့်ထိတွေ့ပါက မူလနေရာကို ပြန်လာလေ၏။ထိုအသံကို ပဲ့တင်သံဟုခေါ်၏”
ဆက်၍ပင်
” အရှင့်သား ဘ၀ဟူသည် ထိုပဲ့တင်သံများနည်းတူပင်ဖြစ်၏။ သင်အသံအော်လိုက်မှ အသံပြန်လာသလို ဘ၀မှာ သင်ပေးမှ သင့်ထံပြန်ရ၏။ သူများကို လက်ညိုးထိုးရင် သင့်ကိုလဲ လက်ညိုးပြန်ထိုးမည်ဖြစ်သည်။ သင်မုန်းရင် သင့်ကိုပြန်မုန်း၏။ သင်ချစ်ရင် သင့်ကိုပြန်ချစ်၏။ အရာရာကိုယ်လုပ်သမျှသည် ကိုယ့်ဆီပြန်ရောက်မည်ကို သတိရလော့”ဟု ဆိုဆိုးမလေသည်။
မင်းသားလဲ အမတ်ကြီးပြောသမျှ နာယူလေ၏ မကြာမီ ရဲမက်တွေရောက်လာကြ၏။မင်းသား အော်သံကြား၍တစ်ခုခုဖြစ်သည်ထင်ပြီး အပြေးလာကြည့်ကြ၏။ ထိုအခါမင်းသားမှ '' ငါသည် ယနေ့ အမတ်ကြီးမှ ဆုံးမသည့် အသိပညာတစ်ခုကို ရရှိခဲ့လေခြင်းဖြစ်သည်'' ရဲမက်များအားပြောကြားပြီးနန်းတော်သို့သို့ ပြန်ခဲ့လေသတည်း။

Credit>>Original Writer

ACM Credit To ;The Express Times


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...