စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အုတ်ပုံကြီး မဟုတ်ပါ


ဘာသာတရားတိုင်းမှာ အမှတ်လက္ခဏာကိုဖေါ်ပြဖို့ အတွက် အမှတ်လက္ခဏာအမျိုးမျိုးကိုအသုံးပြုကြတယ်
တာအိုဘာသာမှာဆိုရင် ဆန့် ကျင်ဘက်နှစ်ခုတို့ ရဲ့ပေါင်းစည်းညီညွတ်မှု့ ကိုဖေါ်ပြဖို့ အတွက်
ယင်နဲ့ ယန်Ying Yang) ကိုအမှတ်လက္ခဏာအဖြစ်သုံးတယ်
ဆစ်ခ်ဘာသာမှာဆိုရင် ဘာသာရေးဆိုင်ရာရုန်းကန်လှုပ်ရှားမှု့ ကို ဖေါ်ပြဖို့ အတွက် ဓါး ကို
အမှတ်လက္ခဏာအဖြစ်အသုံးပြုတယ်

ခရစ်ယာမ်ဘာသာမှာ ခရစ်တော်တည်ရှိခြင်းကိုဖေါ်ပြဖို့ အတွက် ငါး ကိုအမှတ်လက္ခဏာအဖြစ်
အသုံ့းပြုပြီး လူသားတွေအတွက် အသက်စွန့် လွှတ်မှု့ ကိုဖေါ်ပဖို့ ရာ လက်ဝါးကပ်တိုင်ကို အမှတ်
လက္ခဏာအဖြစ်အသုံးပြုကြပါတယ်

ဗုဒ္ဓဘာသာမှာ လူသားတဦးရဲ့အလုံးစုံ ပြီ့းပည့်စုံမှု့ ကို ဖေါ်ပြဖို့ ရာ ဘုရားရုပ်တုတော် ဆင်းတုတော်
ပုံတော်ကို အမှတ်လက္ခဏာအဖြစ် အသုံ့းပြုကြပါတယ်
ဒီနေရာမှာ ပြောချင်တာက အမှတ်လက္ခဏာဟာပြယုဂ်သက်သက် မဟုတ်ဘူးဆိုတာပါပဲ
ရှိခိုးလိုက်ပြီဆိုတာနဲ့  ထက်သန်တဲ့သဒ္ဒါတရာနဲ့ အလှုခံပုဂ္ဂိုလ်ရဲ့ မြင့်မြတ်စင်ကြယ်မှု့ က
ကြီးကျယ်တဲ့အကျိုးကို ရှိစေတာပါ

အုတ်ပုံကြီးကို ရှိခိုးတာမဟုတ်ပါဘူး လေးသင်္ချေကမ္ဘာတသိန်းဖြည့်ဆည်းမှ ရှိလာတဲ့ ဂုဏ်တော်တွေကို မှန်းပြီးရှိခိုးတာပါ။
အမေနဲ့ တခြား မိန်းမတွေဟာမိန်းမအသွင်သဏ္ဌန်တူညီပေမဲ့ ပေးဆပ်မှု့ ခြင်း
ကွာခြားတဲ့အတွက် တန်ဘိုးရှိပုံခြင်းကွာခြားသွားတာပါ

အခြားမိန်းမကိုသတ်ယုံနဲ့ တရားအတွက် အနှောင့်အယှက်မဖြစ်ပါဘူး အမေကိုသတ်ရင်တော့ အဝီစိငရဲကိုလည်းမဖြစ်မနေကျမယ် ဘယ်လောက်ပဲံတရားအားထုတ်ပါစေ တရားလည်းမရတော့ဘူး အဲဒါ ကျေးဇူးရှိပုံခြင်းကွာခို့ ရှိတဲ့အကျိုး ကွာခြားတာပါ

သတ္တဝါတွေတရားရဖို့  ပေးဆပ်ခဲ့ရတဲ့ ပေးဆပ်မှု့ ဟာအင်မတန်ကို ကြီးမားလို့  ရှိတဲ့အကျိုးဟာလည်း အင်မတန်ကို ကြီးမားပါတယ်
ဒါဖြင့် တခြားဘာသာတွေ သူတို့ ဘုရားရှင်တွေကိ ရှိခိုးတာရော အကျိုးကျေးဇူးမရှိနိုင်ဘူးလားလို့ မေးစရာရှိတယ်
မရရှိနိုင်ပါဘူး ဘာ့ကြောင့်လည်းဆိုတော့ ဘုရားရှင်အစစ်က
တစ်ဆူတည်းပဲရှိလို့ ပါ အဲဒီ အစစ်ကို ရှိခိုးမှပဲအကျိုးကျေးဇူးရှိနိုင်မှာပါ
ဒါ့ကြောင့် အုတ်ခဲပုံကြီးကို ရှိခိုးတာမဟုတ်ပါဘူး
ဂုဏ်တော်တွေကို ရှိခိုးတာပါ

အုတ်ခဲပုံကြီးကို ရှိခိုးနေတယ် လို့ မြင်နေကြပေမဲ့
အကျိုးကျေးဇူးတွေကတော့ အများကြီးပဲရနေပါတယ်
ဆိုတာတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါလိမ့်မယ်။
Ko Myint Khine

https://www.facebook.com/501057299977813/photos/a.501060999977443.1073741826.501057299977813/718318188251722/?type=1 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...