
ဂျက်ကီချန်းဟာ ၁၉၅၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ယခု
ဆိုရင်တော့ အသက် ၆၀ ရှိပါပြီ။ နာမည်ကြီး တရုတ်မင်သား တစ်လက်ဖြစ်ရုံသာ
မကဘဲ သီချင်းဆိုလည်း ထူးချွန်သူ တစ်ယောက်ပေါ့။ ဒါ့အပြင် သူဟာ ရုပ်ရှင်ဇာတ်ညွန်း များကိုလည်း ရေးတဲ့အပြင် ဒါရိုက်တာ အဖြစ်ပါ လုပ်ဆောင်ကြောင်း သိရပါတယ်။
ဂျက်ကီချန်းဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်ပြီး ရုပ်ရှင်၊ ဇာတ်လမ်း
များကို စီစဉ်တင်ဆက်သူ တစ်ယောက်လည်း ဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် လူရွှင်တော် ပုံစံ ခပ်ပြောင်ပြောင်လည်း နေတတ်သူမို့ ဘက်ပေါင်း
စုံအောင် ထူးချွန်တဲ့ နာမည်ကျော် မင်းသားတစ်ယောက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
သူဟာ စွန့်စားတဲ့ ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မူ များကိုလည်း ရရှိသူ တစ်ယောက်ပါ။ ဇာတ်လမ်းတွေထဲမှာ ဆိုရင် ခပ်ပြောင်ပြောင် ဒီဇိုင်းလေးများနဲ့ ရိုက်လေ့ရှိလို့ ပရိသတ်တွေလည်း အထူးပင် နှစ်သက်ခဲ့ကြ ပါတယ်။ သူ့အကြောင်းများကို ယခုထက်ပိုမိုပြီး သိလိုတယ် ဆိုပါက - http://en.wikipedia.org/wiki/Jackie_Chan
မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
Ref- wiki
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com



https://www.facebook.com/yoyarlaydotcom/posts/791982840844970
No comments:
Post a Comment