စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စန္ဒီမြင့်လွင်တို့ရဲ့ မိသားစု ကထိန်အလှူ





စန္ဒီမြင့်လွင်တို့မိသားစုကထိန်ဟာ အောက်တိုဘာ ၂၈ရက်နေ့ မနက်က တိုက်ကြီးမြို့ပညာလင်္ကာရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကထိန်ခင်းခဲ့ကြပြီး စာ သင်ကြားနေတဲ့ ကလေးများအတွက်လည်း ကျောင်းသုံးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ တကယ်ကို လိုအပ်နေတဲ့ ကျောင်းမှာ မိသားစုတွေနဲ့အတူ သွားေ ရာက် လှူဒါန်းခြင်းဖြစ်ကြောင်းကို စန္ဒီမြင့်လွင်က ” ဒီကျောင်းက ဘာမှသိပ်မရှိဘူး။ ဘုန်းကြီးက ကလေးတွေကိုလည်း ပညာတတ်စေချင်တယ်။
 ဒီးဒီ ကထိန်အလှူ လှူချင် တာက ကိုယ့်မိသားစုတွေကိုလည်း ကုသိုလ် ဖြစ်စေချင်တယ်။ကထိန်ခင်းရတဲ့အလှူကိုလည်း ပီတိဖြစ်တယ်။ 
 
ဒီတစ်နှစ်တာလုံးအတွက်ဘုန်းကြီးတွေ ကိုပဒေသာ ပင် သီးပြီး အများကြီးလှူရတဲ့အတွက် ပျော်တယ်။ ကျေနပ်ပါတယ်။ ဒါနဲ့ဆိုရင် ကထိန်ခင်းတာ နှစ် ကြိမ်ရှိပြီ။ ဒီနှစ်ကတော့ ကိုယ့်မိသားစုသီးသန့် ကထိန်ခင်း တာ ပါ။ နှစ် တိုင်းက ထိန်ခင်းနိုင်အောင်လည်း ကြိုးစားမှာပါ။ လမ်းမှာဆိုရင်လည်း ဒီးဒီတို့ အိမ်နားမှာ စု ပေါင်းမဟာဘုံကထိန်ရှိတယ်။ တတ်နိုင်သလောက်သင်္ကန်းတွေ ဝင်လှူဖြစ်ပါ တယ်။ ကထိန်ကတော့ လူတွေအားလုံးကုသိုလ်ရတဲ့ပွဲတော်တစ်ခုလည်းဖြစ်တဲ့အတွက် ကောင်းပါတယ်။

အခုမိသားစုကထိန်အလှူကလည်းကိုယ် တစ်ယောက်ထဲဆိုရင်တော့ သိပ်မလုပ်နိုင်ပါဘူး။ မိသားစုအားလုံးတစ်ယောက် တစ်မျိုးစီဝိုင်းလှူပေးကြတော့ ကထိန် အ လှူလေးမြောက်သွားတာပါ။ ဝမ်းသာရပါတယ်” လို့ မိသားစုကထိန်အလှူအတွက် ပီတိဖြစ်ရပုံကို ပြောပါ တယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...