စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်သုဝေတို့ မိသားစုရဲ့ကထိန်အလှူ





ချစ်သုဝေက မိသားစုတွေနဲ့အတူ အောက်တိုဘာ ၂၇ ရက်နေ့က မင်းကွန်းမှာ ကထိန် သွားခင်းခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ကထိန်ခင်းခဲ့တာ ဒီနှစ်ဆိုရင် ၂၆ ကြိမ်မြော က်ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ဖခင်ရဲ့ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ကထိန်ခင်းခဲ့တဲ့နေရာဖြစ်ပြီး ဒီနှစ်မှာလည်း အောင်အောင်မြင်မြင်နဲ့ ကထိန် ခင်းနိုင် ခဲ့သလို၊ ကထိန်အောင်ပွဲအနေနဲ့ ညဘက်မှာ စတိတ်ရှိုးပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေအထူးအားပေးခဲ့ကြကြောင်းလည်းသိရပါတယ်

ဘိုးဘွားများလက်ထက်ကတိုင် မင်းကွန်းမှာ နှစ်တိုင်းကထိန်ခင်း

” မင်းကွန်းမှာတော့ နှစ်တိုင်းလိုလို ကထိန်ခင်းဖြစ်တယ်။ မင်းကွန်းဘက်က ရွာခံလူများတယ်။ အဲဒီမြေကို ခြေချလိုက်တာနဲ့ ထရီဇာတို့ငယ်ဘဝကို တအားသတိရတယ်။ ထရီဇာတို့ ငယ်ငယ်ကဆိုရင် ဖုန်တထောင်းထောင်းထနေတဲ့ တကယ့်ကျေးလက်နေရာလေးပဲ။ တောင်တွေ တက်ကြတယ်။ မျောက်ရှုံးအောင်ဆော့ကြတယ်။ မီး ပန်းေ တွဖောက်ခဲ့ကြတယ်။ အခုတော့ မင်းကွန်းက တအားတိုးတက်လာပါပြီ။ မင်းကွန်းမှာက ဘုန်းကြီးကျောင်းတွေအများကြီးပဲ။ ဖေဖေတို့ဘိုးဘွားဘီဘင်က တည်း က ဆော က်ခဲ့တဲ့ သီလရှင်ကျောင်းလေးရှိတယ်။ အရင်ကတော့ အဲဒီမှာကထိန်ခင်းတယ်။ ဒီနှစ်တော့ ဖောင်တော်သီကျောင်းမှာခင်းတယ်။ မင်းကွန်းမှာ ဘုန်းကြီးတွေ၊ သီလရှင်တွေ တအားများပေမယ့်အလှူပေးမယ့် အရပ်သူတွေကျတော့ ရုန်းကန်လှုပ်ရှားတဲ့ သူတွေများတယ်။ ဆွမ်းဆိုလည်းကောင်းေ ကာင်းဘုဉ်း မပေးရ ဘူး။ လို အပ် ချက် တအားများတယ်။ လိုနေတဲ့နေရာမှာ ခင်းလိုက်တော့ အကျိုးရှိမယ်ထင်တာနဲ့ မင်းကွန်းမှာပဲအမြဲတမ်းသွားခင်းဖြစ်တယ်။ ဖေဖေတို့ ဘိုးဘွားဘီ ဘင်က တည်း က ခင်းခဲ့တဲ့ နေရာဒေသလေးလည်း ဖြစ်တယ်။ လိုအပ်နေတဲ့နေရာလည်းဖြစ် တယ်။ ဖောင်တော် သီမှာ ဖေဖေဆော က်ထားတဲ့ကျောင်းလည်းရှိတော့ ကိုယ်ဆော က်ထား တဲ့ကျောင်းမှာကထိန်ခင်းတဲ့ သဘောပါ။ “

ချစ်စရာ ကထိန်ဓလေ့

” ကထိန်ခင်းတာက သိပ်ကိုကောင်းမွန်တဲ့ ဓလေ့လေးပါ။ အဲဒီနေ့က ဆရာတော်ဟောတဲ့ တရားထဲမှာ ကထိန်ရဲ့ အကျိုးအာနိသင်နဲ့က ကထိန်ခံရတဲ့ သံဃာတော်တွေမှာ လည်း ဘယ်လိုအရာတွေ ပြည့်စုံရမယ်ဆိုတဲ့အကြောင်းဟောထားတာ ထရီဇာတို့ဆိုရင် ခရစ်ယာန်ဘာသာဆိုတော့ ဗဟုသုတတော်တော်လေးရတယ်။ ကထိန်ရဲ့ အနှစ် သာရ ကထိန်ရဲ့ အဓိပ္ပာယ်လေးက သိပ်ကို ကောင်းမွန်ပြည့်စုံလွန်းတဲ့အတွက် ဒီဓလေ့လေးက တအားချစ်ဖို့ကောင်းတယ်။ ကထိန်ကတော့ အပျော်သက်သက်မ ဟုတ် ဘူး။ ကထိန်ပဒေသာပင်ဆိုတာ ဆိုက်ကားဂိတ်တွေမှာလည်း ရှိနေတုန်းပဲ။ သာမန်လူတန်းစားတွေက အစ၊အခြေခံလူတန်းစားတွေကကအစလူတန်းစားအသီးသီးက က ထိန်ကို အမြတ်တနိုးနဲ့လုပ်နေကြတုန်းပဲ။အဲဒီဓလေ့လေးကတအားပျော်စရာ ကောင်းတယ်။

ဟိုနေ့ကတောင် အစ်ကိုနဲ့လမ်းထွက်တော့ အလှူခံတဲ့ အရုပ်ကြီးတွေ တွေ့သေးတယ်။အဲဒီအရုပ်တွေမြင်ရင် သိပ်ပျော်တာပဲ။ ငယ်ငယ်က အရုပ်ကြီးတွေဆိုရင် ရသေ့ပုံတို့ တရုတ်ကားတွေ ခေတ်စားတဲ့ခေတ်ဆိုရင် ကွမ်ရင်မယ်တော်ပုံ၊ ဝူခုန်းပုံ တွေနဲ့ အလှူခံကြတယ်။ အဲဒါတွေ ခုထိ မပျောက်ပျက်သေးဘူး။ ဒီလိုချစ်စရာကောင်းတဲ့ ဓလေ့ေ လးကိုနောက်ထပ်မျိုး ဆက်သစ်တွေကိုထပ်ပြီး လက်ဆင့်ကမ်းသွားသင့်ပါတယ်” ။
ပေါ်ပြူလာ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...