စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ


(တချို့ဟင်းသီး ဟင်းရွက်တွေကတစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမို အာနိသင် ရရှိစေပါတယ်)

ခရမ်းချဉ်သီးနှင့် ထောပတ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီ အောက်ဆီးဒင့် ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်း တစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။ဂျုံမှုန့်နှင့် လိမ္မော်ရည်

ဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင် ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။

ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး

ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲဖက် စားတာကြောင့် ဆီးကျိတ် ကင်ဆာကို ကာကွယ် ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဆိုပါတယ်။

ဘလူးဘယ်ရီသီးနှင့် စပျစ်သီး

ဘလူး ဘယ်ရီသီးနဲ့ စပျစ်သီးတွေကို တစ်ခုချင်းစီ စားတာထက် တွဲဖက်ပြီး စားပေး တာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်ကို တွန်းလှန်ပေးနိုင်တဲ့ အင်တီ အောက်ဆီးဒင့် အာနိသင်ကို ပိုမို ရရှိစေ ပါတယ်။

သံပရာသီးနှင့် ကိုက်လန်ရွက်

သံပရာသီးမှာ ပါတဲ့ ဗီတာမင်စီဟာ ကိုက်လန်မှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ် က စုပ်ယူမှု ပိုအားကောင်းအောင် ကူညီ ပေးနိုင်ပါတယ်။

နနွင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်

နနွင်း ထည့်ချက်ထားတဲ့ ဟင်းလျာထဲ ငရုတ်ကောင်းမှုန့်ကို ထည့်ချက်ပေး တာကြောင့် ခန္ဓာကိုယ်မှ ကာကူမင် ဒြပ်ပေါင်း စုပ်ယူမှုကို အဆ တစ်ထောင် ပိုအားကောင်း စေပါတယ်။

Credit: ဇွန် (Good Health)


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3447325

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...