စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပို့စကဒ်ရောင်းရင်း ဟောလိဝုဒ်မင်းသမီးနဲ့ သူငယ်ချင်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဈေးကလပြည့်ဝန်း (ရုပ်သံ)


စပါးတွဲရောင်းရာကနေ အင်္ဂလိပ်စကားကို ထမင်းစားရေသောက်ပြောတတ်ခဲ့ပြီး ဗိုလ်ချုပ်ဈေးတ၀ိုက် နိုင်ငံခြားသားဧည့်သည်တွေကို ပို့စကဒ်ရောင်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူလေးက အသက် ၁၃ နှစ်သာရှိသေးတဲ့ ကလေးငယ်လေး လပြည့်ဝန်းပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်ဈေးတ၀ိုက် နိုင်ငံခြားသားဧည့်သည်တွေကို ပို့စကဒ်ရောင်းရင်း၊ ဈေးထဲကိုလမ်းညွှန်ရင်း အသက်မွေးနေတဲ့ကလေးတွေများစွာထဲမှာ လပြည့်ဝန်းကတော့ ထူးခြားပါတယ်။
သူ့ကို ဇူလိုင်လကုန်ပိုင်းက မြန်မာပြည်ကိုလာလည်သွားတဲ့ ဟောလိဝုဒ် မင်းသမီး Jena Malone ရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း တွေ့နိုင်ပါတယ်။ ဟောလိဝုဒ်မင်းသမီးလို့ မသိဘဲ သာမန်ဧည့်သည်တစ်ဦးလိုပဲ ပို့စကဒ်သွားရောင်းရင်းက မင်းသမီးကို ဗိုလ်ချုပ်ဈေးတ၀ိုက် သွက်သွက်လက်လက်လိုက်ပို့ရင်း ခင်မင်းရင်းနှီးသွားခဲ့တဲ့ လပြည့်ဝန်းအကြောင်းကို Jena Malone က သူ့ဖေ့စ်ဘွတ်ခ်မှာ တခမ်းတနား ဖွဲ့နွဲ့ရေးသားထားတာပါ။

မင်းသမီး Jena Malone ဟာ ကမ္ဘာကျော်ခဲ့တဲ့ The Hunger Game ဇာတ်ကားရဲ့ နောက်ဆက်တွဲ The Hunger Game(2) မှာ မင်းသမီးဂျနီဖာလော့ရင့်နဲ့ အပြိုင်သရုပ်ဆောင်ထားသူပါ။
Jena Malone ပေးတဲ့ပိုက်ဆံတွေကို မယူတဲ့အပြင် သူ့လွယ်အိတ်ထဲမှာ သိမ်းထားတဲ့ ဖန်စီလက်စွပ်ကလေးကိုတောင် မင်းသမီးကို လက်ဆောင်ပြန်ပေးခဲ့ပုံကို ဟောလိဝုဒ်မင်းသမီးက အသည်းခိုက်သွားပုံနဲ့ နောက်တစ်ခါလာရင် လပြည့်ဝန်းကိုလာရှာပြီး နွေးနွေးထွေးထွေးနှုတ်ဆက်ဦးမယ်လို့ သူ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

အင်္ဂလိပ်၊ ဂျပန်၊ ထိုင်းနဲ့ တရုတ်ဘာသာစကားတွေကို သူငယ်ချင်းဖြစ်သူက နှုတ်တိုက်သင်ပေးရာကနေ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့ပြီး အခုတော့ လပြည့်ဝန်းက ဈေးဂျပိုးလေးဖြစ်နေပါပြီ။
ဧည့်သည်က သူ့ကို ပို့စကဒ်တွေမ၀ယ်ပေမယ့် ဧည့်သည်ဝယ်ချင်တဲ့ ရိုးရာပစ္စည်းတွေ၊ လက်မှုပစ္စည်းဆိုင်တွေကို ခေါ်သွားပေးရင်လည်း ဆိုင်တွေကပေးတဲ့ ရာခိုင်နှုန်းအလိုက် ငွေကြေးကိုလည်း သူ့လုပ်အားခအနေနဲ့ ရရှိတာပါ။

လူကြီးဖြစ်တဲ့အထိ ဒီအလုပ်ကိုပဲလုပ်သွားမှာဖြစ်ပြီး အဖေနဲ့အမေကို တိုက်အိမ်အကြီးကြီးနဲ့ ထားချင်တယ်။ နှစ်တန်းမောင်လေးကို ဆယ်တန်းအောင်ရင် ဧည့်လမ်းညွှန်လုပ်စေချင်တယ်လို့ လပြည့်ဝန်းက သူ့ရည်မှန်းချက်ကို ပြောပါတယ်။

သူကတော့ ဗိုလ်ချုပ်ဈေးနဲ့အနီးတ၀ိုက် ပတ်ဆန်ကုန်တိုက်ကြီးရှေ့မှာ ပို့စကဒ်ရောင်းလိုက်၊ ဈေးပိတ်ရက်ဆိုရင် အိမ်မှာဆော့ကစားလိုက်နဲ့ သူ့ရဲ့ကလေးဘ၀လေးကို စီးပွားရှာရင်း၊ ကစားရင်းနဲ့ ကုန်လွန်နေပါတယ်....။

http://7daydaily.com/story/17502#.U9-lBbHzuSp 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...