စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"အနှိပ်ပညာနဲ့အသက် မွေးဝမ်းကျောင်းပြီး မျက်မမြင်ဘဝတွေကိုမြှင့် တင်ပေးနေတဲ့ ချိခါ့ရ"



မန္တလေးမြို့မှာ မျက်မမြင် တွေ နှိပ်ပေးတဲ့ ” ချိခါ့ရ”ဆိုင်ဟာ နာမည်ကြီးပြီးလာရောက် အနှိပ်ခံသူတိုင်း စိတ်ချမ်းမြေ့ ကြည်နူး ရပါတယ်။ အဲဒီဆိုင်ဖွင့်လှစ်တာ သုံးနှစ်၊ လေး နှစ်လောက်ရှိပါပြီ။ မျက်မမြင်တွေရဲ့ ဘဝရှင်သန် ရေးအတွက် အဓိကထားဖွင့်လှစ် တာမို့ အဲဒီ လုပ်ငန်းနဲ့ပတ်သက် ပြီး တည်ထောင် သူ ဒေါက်တာ အောင်ဖြိုးမြတ်က ” စစ်ကိုင်း မျက်မမြင်ကျောင်း ကနေ ဆင်း လာတဲ့ လူတွေပေါ့။ သင်တန်း အောင်လက်မှတ်နဲ့ ကျွန်တော်တို့ ဆီမှာ အလုပ်လာ လုပ်ကြ တာပါ။ ဂျပန်နာမည် ” ချိခါ့ရ” စွမ်းအားလို့ အဓိပ္ပာယ်ရတယ်။

ပုဂ္ဂလိက အဖွဲ့တစ်ခုအနေနဲ့ ဖွင့်ထားတာပါ။ အမျိုးသားဧည့် သည်လာရင် အမျိုးသားနဲ့ တွေ့ပေးတယ်။ အမျိုးသမီး ဧည့်သည်လာရင် အမျိုးသမီးနဲ့ တွေ့ပေးပါတယ်။ ဒီလုပ်ငန်းကိုလုပ်ဖြစ်တာက မျက်မမြင်တွေကအရာရာမှာ အရေးမပါသလို ဦးစားပေးမခံရဘူး။ မိဘမရှိရင်လမ်းဘေးရောက်၊ ဖြစ် ချင်သလို ဖြစ်ကြ ရတာ။ မြန်မာ ပြည်မှာတော်တော် များတယ်။ မိဘမရှိရင် မျက်မမြင်တွေ လက်မှု ပညာတစ်ခုခုတတ်ရမယ်။ ပညာ တစ်ခု တတ်ရမယ်ပေါ့။ လူပုံ အလယ်ရပ် တည်နိုင်ရမယ်။ မိဘ၊ ဆွေမျိုးတွေမရှိဘဲနဲ့လည်း ကိုယ် ပိုင်ဝင်ငွေနဲ့ရပ်တည်နိုင်ရမယ်။ အဲဒီလိုမျိုးပါ။ သူတို့တွေကအတန်း ပညာ၊ ဒါမှမဟုတ်လက် မှုပညာ တစ်ခုသင်ပေးလိုက်ပြီးတော့ ဘဝရပ်တည်နိုင်အောင် ပြုစုပျိုး ထောင်ပေးတယ်။

ကျွန်တော်က ဒီ အလုပ်ကိုလွန်ခဲ့ တဲ့ သုံးနှစ်က စခဲ့ တာပါ။လုပ်စတုန်း ကတော့ ပတ်ဝန်း ကျင်က လက်မခံ ကြဘူးပေါ့။ သူတို့ ကိုခိုင်းပြီး လုပ် စားတယ် လို့ ထင် ကြတယ်။ အမှန် ကအဲဒီလို မဟုတ် ပါဘူး။ သူတို့ဘဝ ရပ်တည်ရေး၊ ရှင် သန်ရေးအစစ အရာရာအဆင် ပြေဖို့ရည် ရွယ် တာပါ။ မျက် မမြင်တွေရဲ့ ဘဝလုပ်ငန်း တစ်ရပ် အနေ နဲ့ရေရှည်လုပ်ကိုင်နိုင်ဖို့ကဒီအနှိပ် ပညာကတော်တော်လေး ကိုအဆင် ပြေ၊ထိရောက် ပါတယ်။ အခုတော့ မျက်မမြင်အနှိပ်ခန်းတွေ မဟုတ် တော့ဘဲ စီးပွားရေးအရ တခြား အနှိပ်ခန်းတွေလည်း မတရား ပေါ်လာတယ်။ဒီတော့မျက် မမြင် တွေအတွက် နည်းနည်းထိခိုက် နစ်နာ တာပေါ့နော်။

သူတို့ကအစစ အရာရာ စည်းကမ်းပိုင်းကအစ ကောင်းမွန်အောင် ထိန်းကျောင်း တည့်မတ်ပေးရပါတယ်။လိုအပ် ရင်လိုအပ်သလိုပေါ့။ နောက် ပိုင်းနာမည်တူလုပ်ငန်းတွေ အပြိုင်ဖွင့်လာတာလည်းရှိတယ်။ ဒီမှာက မျက်စိမမြင်တာတစ်ခုပဲ။ ကျန်တာက စိတ်ဓာတ်ပိုင်းရော၊ ကိုယ်ကာ ယပိုင်းရော အကုန်ကောင်း တယ်။

ဒီလုပ်ငန်းတကယ် ပေါက် မြောက်အောင်မြင်ရင်သူ တို့ဘဝ အောင်မြင်တာပါပဲ။ အဲဒါဆိုကျေနပ်ပါတယ်” လို့ပြောပါတယ်။

M ဘွယ်

Popular Journal

https://www.facebook.com/photo.php?fbid=422407561190414&set=a.35104771499

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...