စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆီးကျိတ်ကင်ဆာ (Prostate Cancer) အကြောင်း သိကောင်းစရာများ


ဆီးကျိတ်ကင်ဆာ (Prostate Cancer) အကြောင်း သိကောင်းစရာများ (၁)

ဆီးကျိတ် ကင်ဆာသည် အမျိုးသား များတွင် အဖြစ် အများ ဆုံးကင်ဆာဖြစ် သည်။ ၎င်း ရောဂါဖြင့် သေဆုံးမှုနှုန်း မြင့်မား လှသော်လည်း စောစီးစွာ သိရှိပြီး ကုသမှု ခံယူလျှင် ရောဂါကို ထိန်းချုပ်နိုင် စွမ်း ရရှိနိုင် ပေသည်။ ထို့ကြောင့် ဆီး ကျိတ်ကင်ဆာနှင့် ပတ်သက် သော အချက်အလက်များကိုသိရှိရန်လိုအပ် ပြီး ရောဂါရှာဖွေစစ်ဆေးမှုများကို စနစ်တကျ ခံယူရန် လိုအပ်ပေသည်။ ထို့ပြင်လူနှစ်ယောက် ဆီးကျိတ်ကင်ဆာ ရှိကြောင်း အတူတူ သိရှိနိုင် သော်လည်း ခံစားရမည့်ဝေဒနာအတိမ်အနက်မှာ တူညီမှုမရှိနိုင်ပေ။ ရောဂါပြင်းထန်မှုနှင့် ကုထုံးများ မှာလည်း တစ်ဦးနှင့်တစ်ဦး ကွာခြားမှုရှိပေသည်။

ဆီးကျိတ်ကင်ဆာများကို ၎င်းတို့ ၏ ရောဂါပျံ့နှံပုံကို အခြေခံ၍ 'ကြောင်' နှင့်'ကျား'ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ပထမတစ်မျိုးမှာ အလွန်နှေးကွေးစွာသာ ကြီးထွားပြီး ဆီးကျိတ်၏အပြင်ကို ကျော် လွန်ကာ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုမရှိ သော မပြင်းထန်သည့် အမျိုးအစားဖြစ် သည်။ နောက်တစ်မျိုးမှာ ပတ်ဝန်းကျင် ရှိ အင်္ဂါများ သို့ပျံ့နှံ့နိုင်သော လွန်စွာ ကြီးထွားမြန်သည့် ကင်ဆာအမျိုးအစား ဖြစ်သည်။ ၎င်းကင် ဆာ အမျိုးအစား နှစ်မျိုးကို ရောဂါနုစဉ်ကပင်ခွဲခြားနိုင်ပြီး သင့်တော်သော ကုသမှု ပေးရန် နည်း လမ်းများကို သိရှိနိုင်ရန် လေ့လာမှု များ ပြုလုပ်နေကြ ဆဲဖြစ်သည်။ ဆီးကျိတ် ကင်ဆာ နှင့်ပတ်သက်၍ အထင်မှား၊ အမြင်မှားဖြစ်လေ့ရှိသော အချက်များကို အောက်တွင် ဖော်ပြ လိုက် ပါသည်။

၁။ ဆီးကျိတ်ကင်ဆာဆိုသော သေဆုံးမှုနှုန်းနည်းပြီး အန္တရာယ် သိပ်မရှိတဲ့ကင်ဆာပါ။

ဆီးကျိတ်ကင်ဆာသည် သေဆုံးမှု နှုန်းဖြင့်ကြည့်လျှင် အမျိုးသားများတွင် အဆုတ်ကင်ဆာ နောက် ဒုတိယနေရာ၌ ရပ်တည်နေပြီး အမေရိကန်ပြည် ထောင် စု တစ်ခုတည်းမှာပင် နှစ်စဉ် အမျိုးသား ၃ဝ,ဝဝဝ ခန့်သေဆုံးနေသည်။ မှတ်သား ရမည့်အချက်မှာ မည်မျှပင်နှေးကွေးစွာ ကြီးထွား သော ဆီးကျိတ် ကင်ဆာဖြစ်စေ ဂရုမစိုက်ဘဲ ထားပါက အခြားအရေးကြီး အင်္ဂါ အစိတ် အပိုင်းများသို့ပျံ့နှံ့ပြီး ဆိုး ကျီုးများရစေနိုင်သည်ဆိုသောအချက် ဖြစ်သည်။

၂။ လူကြီးတွေသာ ဆီးကျိတ် ကင်ဆာဖြစ်နိုင်တယ်။

ကင်ဆာအားလုံးနီးပါးအတွက် ဤ အချက်သည် မှန်ကန်သကဲ့သို့ ဆီးကျိတ် ကင်ဆာသည် လည်း အသက်ကြီးသူ များတွင် အဖြစ်များပါသည်။ သို့ရာ တွင် အသက် လေးဆယ်ကျော်နှင့် ငါးဆယ် ကျော် အမျိုးသားများတွင်လည်း တွေ့ရှိ ရမှုပိုများပြားလာပါသည်။

(၃) ဘာလက္ခဏာမှမပြရင် ရောဂါမရှိဘူး။

ဤအယူအဆသည် အလွန်အန္တ ရာယ်များသော အယူအဆဖြစ်သည်။
အစောပိုင်းအဆင့် ဆီးကျိတ်ကင်ဆာ သည် ဘာရောဂါလက္ခဏာမှ ပြလေ့မရှိ ပါ။ သင့်အနေ ဖြင့် ဆီးကျိတ်ကင်ဆာ အားနုစဉ်အဆင့်၌ ရှာဖွေတွေ့ရှိလျှင် အလွန်အကျွံ ကံကောင်းသူ ဟု မှတ်ယူ သင့်ပေသည်။ PSA တိုင်းတာခြင်း (PSA Test) သည် ရောဂါ လက္ခဏာ မပြမီ ဆီးကျိတ် ကင်ဆာကိုအဖြေထုတ်ပေးနိုင် ပါသည်။ ဆီးကျိတ်ကင်ဆာ ရင့်လာ သည် နှင့်အမျှ တင်ပဆုံ တစ်ဝိုက်နာ ကျင်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးမထိန်းနိုင် ခြင်း၊ ဆီးတစ်စက်စက် သွားခြင်းစသည့် ဆီးသွားခြင်းဆိုင်ရာ ပြဿနာများဖြစ် ပေါ်လာတတ်သည်။ သို့သော် ဤလက္ခဏာ များသည် ကင်ဆာမဟုတ်သော ဆီးကျိတ်ရောဂါများ တွင်လည်း တွေ့ရ တတ်ပြန်သည်။ မည်သို့ပင်ဆိုစေ ရောဂါ လက္ခဏာ များပေါ်လာသည်ထိ စောင့် ဆိုင်းခြင်း သည် ကင်ဆာကိုပိုမိုကြီးထွား စေပြီးကုသရပိုခက်စေနိုင်သဖြင့် အန္တ ရာယ်များလှပါသည်။

၎။ Prostate-Specific Antigen (PSA) နည်းနေရင် ဆီး ကျိတ်ကင်ဆာမရှိဘူး။

PSA တိုင်းတာခြင်းသည် ဆီး ကျိတ်ကင်ဆာကို ရှာဖွေရန် အသုံးများ သော စစ်ဆေးမှု တစ်ခု ဖြစ် သော်လည်း အခါတိုင်းပုံသေထွက်၍မရပေ။ ဆီး ကျိတ်ကင်ဆာ၏ အစောပိုင်းအဆင့် များတွင် သွေးတွင်းရှီ PSA ပမာဏမှာ ပြောင်းလဲခြင်းမရှိပေ။ ဤအခြေအနေ နှင့် ကြုံတွေ့ လာပါက ဆီးကျိတ်ကင် ဆာရှိ၊ မရှီသေချာရန် အသေချာဆုံးနှင့် တစ်ခုတည်းသော နည်းလမ်း မှာ ဆီး ကျိတ်အသားစယူကာ စစ်ဆေးကြည့်ရန် ပင်ဖြစ်သည်။

၅။ Prostate-Specific Antigen (PSA) များနေရင် ဆီးကျိတ် ကင်ဆာရှိတယ်လို့ဆိုနိုင်တယ်

PSA တိုင်းတာခြင်းသည် ဆီး ကျိတ်ကင်ဆာအတွက် သေချာပေါက် ပြောနိုင်သော စစ်ဆေးမှု တစ်ခုတော့ မဟုတ်ပေ။ PSA မြင့်တက်ခြင်းသည် ဆီးကျိတ်တွင် ရောဂါတစ် ခုခုဖြစ်နေ ကြောင်း ဖော်ပြခြင်းသာဖြစ်ပြီး ၎င်း PSA ပမာဏကို လူနာ၏ အသက်အရွယ်၊ ဆီးကျိတ်တွင် ရောဂါတစ် ခုခုဖြစ်ခြင်း၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ စသည့် ကိစ္စအတော်များများက ပြောင်း လဲစေနိုင်သည်။ ယုတ်စွအဆုံးစက်ဘီးစီး ခြင်းသည်ပင် PSA ကိုမြင့်တက်စေနိုင် သည်။ ဆီးကျိတ်ကင်ဆာသည် သွေး တွင်း PSA ပမာဏများပြားရခြင်း၏ အကြောင်းရင်းများစွာထဲမှ တစ်ခုသာ ဖြစ်သည်။ PSA ပမာဏမြင့်မားနိုင် သည့်အခြားအခြေအနေများမှာ ရိုးရိုးဆီး ကျိတ်ကြီးခြင်း (benign prostatic hypertnophy) နှင့် ဆီးကျိတ်ရောင် ရမ်းခြင်း (prostatitis) တို့ဖြစ်ကြ သည်။

၆။ Prostate-Specific Antigen (PSA) နည်းနေရင် စအိုထဲ လက်ထည့်စမ်းသပ်ခြင်း လုပ်ရန် မလို။

စအိုထဲလက်ညှိုးထည့် စမ်းသပ် ခြင်း (Digital Rectal Examination) သည် ဆရာဝန် တစ်ယောက်က ဆီးကျိတ်အား စမ်းသပ်နိုင်သည့် တစ် ခုတည်းသော နည်းလမ်းဖြစ်သည်။ ထိုသို့ စစ်ဆေးခြင်းဖြင့် ဆီးကျိတ်မျက်နှာ ပြင်ပေါ်မှ အဖုအလုံး သို့မဟုတ် ပုံမမှန် မှုများကို စမ်းသပ်သိရှိနိုင်သည်။ ၎င်း သည် ဆီးကျိတ်ကင်ဆာရှိနိုင်သည်ဆို သောသံသယကို နှိုးဆွ ပေးနိုင်သည်။ သွေးတွင်း PSA တိုင်းတာခြင်းနှင့် စ အိုတွင်းလက်ညှိုးထည့်စမ်းသပ်ခြင်းတို့ သည်သိသာသောလက္ခဏာများမပေါ်မီ ဆီးကျိတ်ကင်ဆာကို အစောပိုင်းအဆင့် များတည်းက ရှာဖွေတွေ့ရှိစေနိုင်သော အရေးကြီးသည့် အဆင့်တစ်ခုဖြစ်သည်။

၇။ ဆီးကျိတ်ကင်ဆာကို ကုသ မှုခံယူခြင်းဖြင့် ပန်းသေခြင်း၊ ဆီး မထိန်းနိုင်ခြင်းတို့ ဖြစ်တတ်ပါ တယ်။

ဤအချက်သည် အမျိုးသားများ အား ဆီးကျိတ်ကင်ဆာကို သေချာကု သမှုခံယူခြင်းမှ ဝေးအောင်ပြုလုပ်သော ကြောက်ရွံ့မှုကြီးများထဲမှ တစ်ခုဖြစ် သည်။ ပန်းသေ၊ ပန်းညှိုးဖြစ်ခြင်း နှင့် ဆီးမထိန်းနိုင်ခြင်းတို့သည် ခွဲစိတ်ခြင်း သို့မဟုတ် ဓာတ်ကင်ခြင်းတို့ကြောင့် လူနာအချို့ တွင် ဖြစ်ပွားတတ်သော ပြဿနာများဖြစ်သော်လည်း ကုသမှုခံ ယူသောလူနာတိုင်းတွင် ဖြစ်ပေါ်လေ့မရှိ ပါ။ အကယ်၍ မတော်တဆ ဤအခြေ အနေများနှင့် ကြုံကြိုက်လာပါကလည်း ကုသမှုနည်းလမ်းများစွာရှိနေပါသည်။

၈။ ဆီးကျိတ်ကင်ဆာအတွက် ဓာတ်ကင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကိုဖြစ်စေတယ်။

လူနာအတော်များများသည် ဓာတ် ကင်ကုသခြင်းနှင့်ပတ်သက်၍ သူကြား ကြားဖူးနားဝ ဆိုးကျိုးများကြောင့် ဆီး ကျိတ်ကင်ဆာအတွက် ဓာတ်ကင်ခြင်း ကို ရှောင်လွှဲလေ့ ရှိတတ်ကြသည်။ အချို့ လူနာများက သူတို့ထိတွေ့ရမည့် ဓာတ် ရောင်ခြည် ပမာဏ လိုသည်ထက်ပိုမည် ကိုကြောက်ရွံ့ကြသည်။ အချို့က ဓာတ် ကင်ခြင်းဖြင့် အနီးအနားရှိ အခြားအင်္ဂါ များထိခိုက်မည်ကို စိုးရိမ်ကြသည်။ ဤ အချက်များအားလံးသည် အခြေအမြစ် မရှိသော ယုံကြည်မှုများသာဖြစ်သည်။ ဆီးကျိတ်ကင်ဆာအတွက်ပြုလုပ်သော External beam radiation Therapy တွင် ဓာတ်ရောင်ခြည်တန်းလေးသည် အရေပြားကိုဖြတ်၍ ကင်ဆာဖြစ်နေ သော နေရာကိုသာ တိတိကျကျရောက် ပြီး ကင်ဆာဆဲလ် များအား သေစေကာ အခြားနေရာများကိုပျံ့နှံ့ခြင်းကိုကာကွယ် ပေးသည်။ ဖြစ်နိုင်သော ဆိုးကျိုးများ နည်းပါးစေရန်လည်း ဓာတ်ကင်ခြင်းကို တစ်ပတ်လျှင် ငါးရက်မျှဖြင့် ရက်သတ္တ ပတ် အတော်များများသာ ပြုလုပ်လေ့ရှိ သည်။ လေ့လာမှုများအရလည်း External beam radiation therapy သည် ဆီးကျိတ်ခွဲစိတ်ဖြတ်ထုတ်ခြင်း (prostatectory) အပါအဝင် အခြား ကုသနည်းများကဲ့သို့ပင် လုံခြုံပြီး၊ ထိ ရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။

၉။ တက်စတိုစတီရုန်း အစား ထိုးပေးကုသမှုများဟာ ဆီးကျိတ် ကင်ဆာကိုဖြစ်စေနိုင်တယ်။

တက်စတိုစတီရုန်းပမာဏ သွေး တွင်းမြင့်တက်ခြင်းသည် ဆီးကျိတ် ကင်ဆာဖြစ် ပွား မှုမြင့်မားခြင်းနှင့် ပတ် သက်နေကြောင်းဖော်ပြသည့်သိပ္ပံနည်း ကျ အချက် အလက် များမရှိပါ။ တက်စ တိုတီရုန်း အစားထိုးပေးကုသမှုများသည် လည်း ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို မြင့်မားစေကြောင်း မတွေ့ရှိရပေ။ ထို့ ပြင် ဆီးကျိတ် ကင်ဆာဟု အသားစနမူ နာအား စစ်ဆေးရာတွင် တွေ့ရသော သူများ၌ သွေးတွင်းတက်စတိုစတီရုန်း နည်းပါးမှုကြောင့် ဆေးကုသမှုခံယူနေရ သူများ ပါဝင်ပေသည်။ ထို့ကြောင့် သွေး တွင်း တက်စတိုစတီရုန်း ပမာဏနည်းပါး ခြင်းသည်လည်း ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း မရှိကြောင်း သိရှိရသည်။

Ref; The Top Ten Prostate Cancer myths by Dr.Sunita Khatri, Steadyhealth

https://ja-jp.facebook.com/.../ဆီးကျိတ်ကင်ဆာ/ မှ ကူးယူ ဖေါ်ပြထားပါသည်။

------------------------------------

ဆီးကျိတ်ကင်ဆာ (Prostate Cancer) အကြောင်း သိကောင်းစရာများ (၂)

အမျိုးသား ဆီးကျိတ်ကင်ဆာရောဂါ (Prostate Cancer) ဟာ ဘယ်လို အကြောင်းတရား တွေကြောင့် ဖြစ်ရတာလဲ၊ ဘယ်နေရာတွေမှာ ပိုဖြစ်သလဲ၊ အစားအသောက်၊ ပတ်ဝန်းကျင်၊ တွေနဲ့ကော ဘယ်လို ဆက်စပ်သလဲစတဲ့ အချက်တွေ နဲ့ သားကြောဖြတ်ခြင်း၊ တစ်ကိုယ်ရည် အာသာဖြေခြင်းတို့နဲ့ ဘယ်လို ဆက်စပ်သလဲ ဆိုတဲ့ အချက်တွေကို အရွယ်ရောက်ပြီး အမျိုးသားတိုင်း သိချင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သေချာရေးသား ဖော်ပြပေးလိုက်ပါတယ်။

ဆီးကျိတ်ကင်ဆာရောဂါ (Prostate Cancer) ဖြစ်စေနိုင်သော အကြောင်းတရားများ

(၁) အသက်အရွယ်

အသက်အရွယ် ကြီးလာခြင်းဟာ ဆီးကျိတ်ကင်ဆာရဲ့ အဓိက အကြောင်းတရား တစ်ခု ဖြစ်ပါတယ်။ အသက် ၄၀ အောက် အမျိုးသားတွေမှာ အရမ်း ဖြစ်ခဲပေမယ့် အသက် ၅၀ ကျော်တာနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်တန်စွမ်းတွေ သိသာလွန်းစွာ တိုးတက်လာတာ ပညာရှင်များ လေ့လာတွေ့ရှိ ထားပါတယ်။ စာရင်းဇယားများ အရ ဆီးကျိတ်ကင်ဆာ ဝေဒနာရှင် ၃ ဦးမှာ ၂ ဦးဟာ အသက် ၆၅ နှစ်အထက် ဖြစ်ကြောင်း တွေ့ရှိထားပါတယ်။

(၂) လူမျိုး နှင့် ကမ္ဘာ့နေရာဒေသ

အာဖရိကန်-အမေရိကန် နွယ်ဖွား အမျိုးသားတွေဟာ တခြားလူမျိုး အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ၆၀% လောက် ပိုများတာ တွေ့ရပါတယ်။ တချို့ လေ့လာတွေ့ရှိချက်တွေ အရလည်း လူမည်း သွေးပါသူတွေဟာ လူဖြူတွေ၊ အာရှတိုက်မှာပဲ နေတဲ့ လူ ဂျပန် တရုတ် စတဲ့ အာရှသားတွေထက် ဆီးကျိတ်ကင်ဆာနဲ့ အသက်ဆုံးရှုံးဖို့ အခွင့်အလမ်း နှစ်ဆ မြင့်မားပါတယ်တဲ့။ အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က အာရှသားတွေဟာလည်း မိခင်နိုင်ငံ (သို့) အာရှဒေသတွင်းမှာပဲ မနေကြဘဲ အာဖရိက အမေရိက စတဲ့ ဒေသတွေမှာ နေထိုင်ကြီးပြင်းရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စွမ်း အန္တရာယ်က တန်းတူ ပဲလို့ တွေ့ရပါတယ်။ အကြောင်းရင်းကို တိကျသေချာစွာ မသိရသေးပေမယ့် နေ့စဉ် စားသောက်နေတဲ့ အစားအသောက် ပုံစံကြောင့်လို့ ယူဆနိုင်ပါတယ်။ သိသာထင်ရှားတဲ့ သက်သေအနေနဲ့ တွေ့ရှိထားတာက ဂျပန်လူမျိုးတွေမှာ ရှေးယခင်က ဆီးကျိတ်ကင်ဆာ မဖြစ်သလောက် နည်းပါး ခဲ့ပေမယ့် ဥရောပစတိုင် အစားအသောက်များ ဂျပန်မှာ တွင်ကျယ် ခေတ်စား လာတာနဲ့ အမျှ ယခု နောက်ပိုင်း ဆယ်စုနှစ်များမှာ ဂျပန်အမျိုးသား တွေလည်း ဆီးကျိတ်ကင်ဆာ ဖြစ်သူအရေအတွက် သိသာစွာ များလာတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

နေရာဒေသအရ ပြောရရင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း အများဆုံး ကမ္ဘာ့နေရာ ဒေသများ ဟာ မြောက်အမေရိကတိုက်၊ ဥရောပ အနောက်မြောက်ပိုင်း ဒေသများ၊ သြစတြေး လျ နိုင်ငံနဲ့ ကာရစ်ဘီယန် ကျွန်းစုများ ဖြစ်ပါတယ်။ ဖြစ်ပွားမှု နည်းတဲ့ နေရာတွေ ကတော့ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိက အလယ်ပိုင်း နဲ့ တောင်အမေရိက တိုက် တို့ပဲ ဖြစ်ပါတယ်။

(၃) နေ့စဉ် အစားအသောက်ပုံစံ

အမှတ်စဉ် (၂) မှာ ပြောခဲ့တဲ့ လူမျိုးလိုက် ဖြစ်ပွားမှုနှုန်း မတူညီကြခြင်းဟာ လူမျိုးအလိုက် မျိုးရိုးဗီဇ ခြားနားမှုကြောင့် အဓိက ဖြစ်တယ်လို့ ယူဆကြသလို နေ့စဉ် အစားအသောက် ပုံစံ (Diet Style) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေ့စဉ် အစားအသောက် ပုံစံတွေမှာ အောက်ပါ စားစရာများဟာ ဆီးကျိတ်ကင်ဆာ ဖြစ်မှု မဖြစ်မှုနဲ့ တိုက်ရိုက် ဆက်စပ်ကြောင်း ပညာရှင်များ က လေ့လာတွေ့ရှိ ထားပါတယ်။

အဆီ

အဆီများများ စားတဲ့ အမျိုးသားတွေဟာ မစားတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ တိရိစ္ဆာန်အဆီများများစားရင် ဆီးကျိတ်ကင်ဆာသာမက ကင်ဆာအမျိုးမျိုး ဖြစ်စေဖို့ အားပေးတာတော့ အသေအချာပါပဲ။

အမျှင်ဓာတ်

Fibre ခေါ် အပင်တွေက ရရှိတဲ့ အမျှင်ဓာတ် ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးထဲမှာ လှည့်ပတ်နေ တဲ့ အမျိုးသား သက်စောင့်ဟော်မုန်း Testosterone နဲ့ ပုံမှန်အားဖြင့် အမျိုးသားတွေမှာလည်း အနည်းငယ် ပမာဏရှိတဲ့ အမျိုးသမီးဟော်မုန်း Estradiol တွေရဲ့ ပမာဏကို ပုံမှန် အတိုင်း အတာမှာ ရှိနေစေဖို့ အထူးအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အသီးအရွက် များများ စား တဲ့ အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါးကြောင့် တွေ့ရှိ အတည်ပြု ထားကြပါတယ်။

ပဲပိစပ် ခေါ် ပဲနို့

ပဲပိစပ်ဟာ အပင်ထွက် ဖြစ်ပေမယ့် အသားဓာတ် မြင့်မားစွာ ပါဝင်လို့ အစိမ်းရောင် အသား (Green Meat) လို့တောင် တင်စား ခေါ်ဝေါ်ကြတဲ့အထိ အာဟာရ ပြည့်ဝသလို isoflavones လို့ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတွေ ပါဝင်တဲ့ အတွက် ဆီးကျိတ်ကင်ဆာ ဖြစ်ပေါ်ကြီးထွား လာမှုကို တားဆီးပေးရာ ရောက်စေတဲ့ အာနိသင် ရှိပါတယ်။

ဗိုက်တာမင် အီး နှင့် ဆယ်လီနီယမ် သတ္တုဓာတ် ကြွယ်ဝသော အစားအစာများ

ဗိုက်တာမင်အီးနဲ့ ဆယ်လီနီယမ် သတ္တုဓာတ် နှစ်မျိုးဟာ ပေါင်းစပ်ပြီး ကင်ဆာအကျိတ်တွေ ဖြစ်ပေါ်ခြင်းကို တားဆီးနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်မျိုး ကြွယ်ဝတဲ့ အစားအသောက်တွေကို ပုံမှန် စားသုံးလေ့ ရှိတဲ့ ဒေသတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မတွေ့ရ သလောက်ကို နည်းတတ်ပါတယ်။ ဗိုက်တာမင်အီး ကြွယ်ဝတဲ့ အစားအသောက်တွေက ငါး(အဆီ)၊ အခွံမာသီး အဆန်များ၊ ဂျုံ၊ နေကြာစေ့၊ မြေပဲ၊ ကန်စွန်းဥ၊ ထောပတ်သီး၊ မလိုင်၊ ထောပတ်၊ ဥအကာ နဲ့ ပေါက်ပေါက်ဆုပ်၊ ဘိန်းမုန့် စတဲ့ အစားအသောက်များ ဖြစ်ပါတယ်။ ဆယ်လီနီယမ် ကြွယ်ဝတဲ့ အစားအသောက်များကလည်း ဗိုက်တာမင်အီး ကြွယ်ဝတဲ့ အစားအသောက်များ နဲ့ အကြမ်းဖျဉ်း တူညီကြပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ပါတဲ့ Lycopene ဟာ ဆီးကျိတ် နဲ့ ပတ်သက်တဲ့ ရောဂါ အမျိုးမျိုးကို ကာကွယ် ပေးနိုင်တာမို့ အမျိုးသားတွေ အတွက် အသင့်တော်ဆုံး အစားအသောက် တစ်မျိုး ဖြစ်ပါတယ်။ ခရမ်းချဉ်သီး ဆော့စ်၊ ခရမ်းချဉ်သီးသုပ် စသဖြင့် ပုံစံများဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ အခြား လိုင်ကိုပင်း ကြွယ်ဝတဲ့ အသီးအနှံများကတော့ ဖရဲသီး၊ စပျစ်သီး စတဲ့ အသီးအနှံများ ဖြစ်ပါတယ်။

(၄) အ၀လွန်ခြင်း

အ၀လွန်ခြင်းဟာ ဆီးချိုနဲ့ ကိုလက်စထရော မြင့်မားခြင်းဆိုင်ရာ ရောဂါမျိုးစုံနဲ့ ကင်ဆာ ရောဂါများဆီကို ဦးတည်သွားပါတယ်။ အ၀လွန်သူ အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပြီး အ၀လွန်သူ အမျိုးသမီးများကတော့ ရင်သားကင်ဆာနဲ့ သားဥအိမ် ကင်ဆာ ဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

(၅) အလုပ်အကိုင် နှင့် ဆိုင်သော ပတ်ဝန်းကျင်

Cadmium လို့ခေါ်တဲ့ သတ္တုဓာတ် တစ်မျိုးနဲ့ ပုံမှန်ထိတွေ့မှု ရှိနေတဲ့ လုပ်ငန်းလုပ်သူ အမျိုးသား တွေ (ဥပမာ လယ်သမားများ၊ ဘက်ထရီ၊ ဂဟေဆော်၊ ရွှေရည်စိမ်၊ သတ္တုရည်စိမ် လုပ်ငန်းများ လုပ်ကိုင်သူတွေ ) ဟာ အသက်ကြီးလာချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားဖို့ နီးစပ်ကြောင်း လေ့လာတွေ့ရှိထားရပါတယ်။

(၆) စောစီးစွာ အမျိုးသား သားကြောဖြတ်ထားခြင်း

အသက် ၃၅ နှစ် မတိုင်ခင် အမျိုးသား သားကြောဖြတ်နည်းနဲ့ သန္ဓေတားထားသူတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်လာနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက် တစ်ရပ် ဆေးပညာလောကမှာ ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီရလဒ်ကို ဆန့်ကျင်တဲ့ လေ့လာမှု ရလဒ် အသစ်တွေလဲ ထွက်ပေါ်လာပြန်လို့ ဒီကိစ္စဟာ အခုအချိန်အထိ မသေချာသေးဘူး လို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ရှင်းရအောင် အမျိုးသားတွေ အသက် ၃၅ မတိုင်ခင် သားကြော မဖြတ်သင့်ဘူး လို့ပဲ အကြံပြုပါရစေ။

(၇) ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးရောဂါ (BPH) ဖြစ်ဖူးသူများနဲ့ ကာလသားရောဂါ တစ်ခုခု ရှိခြင်း

BPH (benign prostatic hyperplasia) ခေါ် ဆီးကျိတ်ကြီးရောဂါ ဖြစ်ဖူးသူများဟာ ဆီးကျိတ်ကင်ဆာ နောက်က လိုက်ဖြစ်တတ်တာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ ခွဲစိတ် (သို့) ဆေးသွင်းကုသထားရင်တော့ ဖြစ်တန်စွမ်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဂနို၊ ဆစ်ဖလစ်၊ ခလက်မိုင်းဒီးယား စတဲ့ ကာလသားရောဂါ ရှိသူတွေကျတော့ ဆီးကျိတ်ကို ခဏခဏ ရောင်ယမ်းစေနိုင်တဲ့ အတွက်ကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စေဖို့ နီးစပ်တာလို့ ဆိုကြပါတယ်။

(၈) မိသားစု မျိုးရိုးရှိခြင်း

ဖခင် (သို့) မွေးရင်းအစ်ကိုမှာ ဆီးကျိတ်ကင်ဆာ ရှိဖူးသူ အမျိုးသားများဟာ ဆီးကျိတ်ကင်ဆာ လိုက်ဖြစ်ဖို့ အခြားသူတွေထက် ၃ ဆ ပိုနီးစပ်လို့ အနေအထိုင် အစားအသောက် အထူး ဆင်ခြင် နေထိုင်သင့်ပါတယ်။ ဒီလို မျိုးရိုးရှိနေလို့ မိမိမှာတော့ တစ်နေ့ သေချာပေါက် ဖြစ်လာမယ် လို့ ခံယူပြီး စိတ်ပျက် အားလျှော့နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ကင်ဆာဆိုတာ အနေအထိုင် အစားအသောက် ပုံစံများအပေါ် အဓိက မှီတည်ပြီး ဖြစ်တဲ့ ရောဂါမျိုးမို့ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ကျန်အချက်များကို လိုက်နာနိုင်မယ် ဆိုရင် ဆီးကျိတ်ကင်ဆာ ကင်းဝေးနိုင်ပါတယ်။

(၉) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်မှာ မည်သည့်ကောင်းကျိုးမျှ မပေးဘဲ ဆိုးကျိုး များစွာ ပေးနိုင်တဲ့ ဓာတုဒြပ်ပေါင်း ၄၀၀ ကျော် ပါဝင်ကာ ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ ဆေးလိပ်သောက်ခြင်းဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းကိုပါ အားပေးပါသတဲ့။

(၁၀) တစ်ကိုယ်ရည် အာသာဖြေခြင်း

ဆီးကျိတ်ကင်ဆာနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း ဘယ်လို ဆက်စပ်ကြသလဲ ဆိုတာ အားလုံး သိချင်နေကြတဲ့ အချက်တစ်ချက်ပါ။ ပိုဖြစ်စေတယ် သို့မဟုတ် ကာကွယ်နိုင်တယ်လို့ အငြင်းပွားနေကြတဲ့ အချက်တစ်ချက်မို့ နောက်ဆုံးပေါ် စစ်ဆေးတွေ့ရှိချက်များကို အတိအကျ ဖော်ပြပေးလိုက်ပါတယ်။ အသက် ၂၀ ကနေ ၅၀ ကြား အမျိုးသားတွေမှာ တစ်ပတ်မှာ ၂ ကြိမ်နဲ့ အထက် အာသာဖြေရင် အသက် ၆၀ ရောက်ချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စွမ်း ၇၉% နီးစပ် ပါသတဲ့။ အသက် ၅၀ ပြည့်ပြီး အမျိုးသားတွေကျတော့ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် အာသာဖြေပေးရင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်စွမ်း ၇၀% လျော့နည်း ပါသတဲ့။

(၁၁) ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း

အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းဟာ ဆီးကျိတ်ကင်ဆာကို အားပေးတယ် မပေးဘူးလို့ တိကျစွာ မတွေ့ရသေးပေမယ့် အသက်ကြီးပိုင်း အမျိုးသားတွေမှာတော့ လေ့ကျင့် ခန်း မှန်မှန် ပြုလုပ်သူ တွေဟာ မလုပ်သူတွေလောက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု နှုန်း မမြင့်တာ သေချာတွေ့ရှိရပါတယ်။

http://myanmarinuk.blogspot.jp/2011/11/mmdailynews.html မှ ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။

---------------

ဆီးကျိတ်ကင်ဆာ (Prostate Cancer) အကြောင်း သိကောင်းစရာများ (၃)

လိင်ဆက်ဆံခြင်းဖြင့် ဆီးကျိတ်ကင်ဆာ ကာကွယ်နိုင်

အမျိုးသားများသည် လိင်ကျန်းမာရေးကို အ ထူးဂရုစိုက်ရန်လိုအပ်သည်။ အထူးသဖြင့် လိင်အင်္ဂါ နှင့်ဆက်စပ်နေသော ကိုယ်အတွင်းရှိ အင်္ဂါအစိတ် အပိုင်းများ ဆောင်ရွက်ပုံကို ယေဘုယျသိထားရန် လိုသည်။ ရောဂါတစ်ခုဖြစ်လာလျှင် ဆရာဝန် (သို့) ကျန်းမာရေးဝန် ထမ်းတစ်ဦးဦးက ရှင်းပြသည့်အခါမှ သဘောပေါက်ရသည်ထက် မိမိကိုယ်ခန္ဓာ၏ သဘာဝ လှုပ်ရှားနေမှုကို ကြိုတင်သတိထားပါက ကျန်းမာရေး အလေ့အကျင့်ကောင်းများကို စနစ် တကျ ရွေးချယ်တတ်လာမည်ဖြစ်သည်။

၂ဝဝ၃ ခုနှစ်တွင် သြစတြေးလျနိုင်ငံသားလူ လတ်ပိုင်းတစ်ဦးက ဆီးကျိတ် (Prostate) ကင်ဆာ အကြောင်း သုတေသနပြုလုပ်ရာတွင် တွေ့ရှိချက် တစ်ခုကို တစ်ကမ္ဘာလုံး ဆေးသိပ္ပံ သုတေသီများ က လည်း ဝိုင်းဝန်းအတည်ပြုပေးနိုင်ခဲ့ကြသည်။

တစ်ပတ်လျှင် (၄)ကြိမ်မျှ ယောက်ျားများ လိင်တံကို ထောင်မတ်စေရန်ပြုလုပ်ပေးခြင်းသည် ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်း သုံးပုံတစ်ပုံမျှ လျော့ ကျစေနိုင်သည်” ဟု အဆိုပြုထားချက် ပင်ဖြစ်သည်။

Alvarad ဆေးရုံကြီး၏ လိင်ကျန်းမာရေး ဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး Irwin Goldstein ၏ ကောက်ချက်မှာ ”သွေးကြောအတွင်းသို့ ကောင်း စွာ သွေးများစီးဆင်းလည်ပတ်စေခြင်း အလုပ်ဖြစ် သဖြင့် သွေးကြောပိတ်ဆို့မှုကို လျော့ကျစေတာပါပဲ” ဟု ပြောဆိုခဲ့သည်။ တစ်နည်းအားဖြင့် တစ်ပတ်လျှင် (၄) ကြိမ်မျှ လိင်ဆက်ဆံခြင်းသည် ဆီးကျိတ်ကင်ဆာ ရောဂါကို လျော့ကျစေနိုင် သည်ဟု အကြံပြုကြ သည်။

►ပရိုစတိတ်ဂလင်း (သို့) ဆီးကျိတ်ဂလင်း ဘာလုပ် သလဲ

ကိုယ်တွင်း ဆီးအိတ်အောက်နားတွင် ကပ် လျက်ရှိသော လိင်တံရင်း၏ အပေါ်ဖက်တွင်ရှိပြီး သစ်ကြားသီးအရွယ်ခန့်ရှိသည်။ အစာဟောင်းများ ရှိရာ မစင်အိတ်ကြီး၏ ရှေ့ဖက်ဆီးပြွန် သည် ဆီး ကျိတ်ဂလင်း (၂)ခု အလယ်မှဆက်နေပြီး ယောက်ျား လိင်တံနှင့် ဆက်နေသည်။

ဆီးကျိတ်ဂလင်းမှ အရည်တစ်မျိုးကို စစ်ထုတ် ပေးပြီး ဝှေးစေ့အတွင်းမှ ထွက်လာသော သုတ်ရည် တွင် ပါဝင်သော ကျားမျိုးပွားသုတ်ကောင်များ ရှင် သန်စေရန်အတွက် အားဖြည့် အာဟာရအရည် ကို ထုတ်လွှတ်ပေးသည်။

ယောက်ျားအင်္ဂါထောင်မတ်နေစဉ်အတွင်း၌ ၄င်းဂလင်းမှ အရည်များကို ဆီြး>ွပန်တွင်းသို့ ပို့ပေး စေပြီး သုတ်ကောင်များ အသက်ရှင်နိုင်စေရန် ဆောင်ရွက်ပေးနေသည့်အတွက် အထူးပင်တန်ဖိုးရှိ လှသည့် ဂလင်းဖြစ်သည်။

► သတိထားရမည့် မိမိကိုယ်တွင်းရှိ ဆီးကျိတ်ဂလင်း

ဆီးကျိတ်သည် အောက်ပါဝေဒနာရောဂါများ ကို ခံစားရတတ်၏။

(၁) ရောဂါပိုးအချို့ဝင်ရောက်၍ ဆီးကျိတ်ရောင် ရမ်းတတ်သည်။ သို့ရာတွင် ပဋိဇီဝဆေးများ သောက် သုံးခြင်းဖြင့် ပျောက်ကင်းနိုင်သည်။

(၂) အသက် ၅ဝ ကျော်အရွယ်အမျိုးသားများတွင် ဆီးကျိတ်ကြီးရောဂါဖြစ်လာတတ်သည်။ BPH (Benign Prostatic Hypertrophy) ဟု အမည် ပေးထားသည်။ ရောဂါလက္ခဏာမှာ ၄င်းရောဂါ ကြောင့် ဆီးပြွန်ကို အတင်းအကျပ်ညှပ်ထားသလိုဖြစ် နေ၍ ဆီးသွားရခက်ခဲလာပြီး အသက်အရွယ်ကြီး လာလေ ပို၍ ဒုက္ခပေးလေဖြစ်တတ်သည်။ ခွဲစိတ် ကုသခြင်း(သို့) ဆေးဝါးသောက် သုံးခြင်းဖြင့် ၄င်း ရောဂါ ကို ပျောက်ကင်းနိုင်သည်။

(၃) ဆီးကျိတ်ကင်ဆာမှာ အမျိုးသားများတွင် ဖြစ် တတ်သော အရေပြားကင်ဆာရောဂါထက် အဖြစ် အများဆုံး ရောဂါတစ်ခုဖြစ်သည်။ ဆီးကျိတ်ကင်ဆာ ဖြစ်သူ (၃၅) ဦးတွင် (၁) ဦးခန့် သေဆုံး တတ်သည်။ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း ကြောင့် ပျောက်ကင်း နိုင် ပါသည်။ မကုသလျှင် အ ထူးပင် ဒုက္ခများခံစားရသည်။

► ဆီးကျိတ်ကင်ဆာကာကွယ်စေနိုင်သော အစားအ စာများ

ယနေ့ ဆေးသိပ္ပံပညာရှင်မျာသည် သုတေသ နပြုထားသော စာတမ်းများမှ အထူးသဖြင့် သစ်သီး နှင့် ဟင်းသီးဟင်းရွက်များများစားသော အာရှဒေသ များနှင့် မြေထဲပင်လယ် ဒေသသားများမှာ ကျန်းမာ ရေးအထူးကောင်းမွန်သည့် ဓလေ့ဖြစ်ကြောင်း ဖော်ပြထားသည်။ အနီရောင်အသားများ၊ အရည် အသွေးကောင်းသောအဆီများကိုသာ စားသုံးခြင်း ဖြင့် ပရိုစတိတ်ကင်ဆာသာမက နှ လုံးရောဂါကိုပါ သက်သာရာရစေနိုင်သည်။

► ဘရာဇီး အခွံမာသီး (Brazil Nut)

ဘရာဇီင်္းသစ်စေ့သည် တောင်အမေရိက၏ ထူးကဲသော Selenium ဟုခေါ်သော ဓာတုပစ္စည်း တစ်မျိုး ထူးကဲစွာပါဝင်သော သစ်စေ့ဖြစ်သည်။ ၄င်း ဓာတ်မှာသဘာဝအားဖြည့် လျော့နည်း သွား ပါက စိတ်ကျခြင်းကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိရသည်။

ထို့ပြင် ဆဲလင်နီယမ်း(Selenium) ဓာတ် လျော့ကျသွားပါက ဆီးကျိတ်ကင်ဆာကိုလည်း အ မျိုးသားများ ခံစားလာရခြင်းဖြစ်သည်။ ထို့အပြင် ဘရာဇီးသစ်စေ့ထဲတွင် ဇင့်သတ္ထု ဓာတ်ကြွယ် ဝ စွာ ပါဝင်နေခြင်းကြောင့်လည်း ၄င်းဂလင်း၏ ကျန်းမာ ရေးကိုအားဖြည့် ပေးသည်။ တစ်ပတ် လျှင် အနည်း ဆုံး တစ်ကြိမ် ၄င်းသစ်စေ့ကို အမျိုးသားများ စား သုံးသင့်ကြောင်း အကြံပြုထားသည်။

►ပန်းဂေါ်ဖီစိမ်း (Broccoli)

ပန်းဂေါ်ဖီစိမ်းတွင် ကင်ဆာရောဂါ(သို့) အ မြစ်ပွားရောဂါဖြစ်ပွားစေနိုင်မှုကို ကာက
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...