စိတ်ညစ်စရာ သုံးခုကြုံလို့ သေကြောင်းကြံသတဲ့
ပုံမှာ မြင်တွေ့နေရတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးဟာ ဗြိတိန်နိုင်ငံမှ ဖြစ်ပြီး ယခုရက်ပိုင်းလေးတင် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ ပါတယ်။ အကြောင်းအရင်းကတော့ သူမ မခံစားနိုင်တဲ့ စိတ်ညစ်စရာကြီး သုံးခုကို ကြုံတွေ့ရလို့ ဖြစ်ပါသတဲ့။
ယင်း သုံးခုတော့ ချစ်သူနဲ့ လမ်းခွဲခြင်း၊ အလုပ်ပြောင်းခြင်းနှင့် အိမ်ပြောင်းရွှေ့ခြင်း တို့ဖြစ်ပါတယ်တဲ့။ သူမဟာ ဒါတွေကို စာအုပ်ထဲမှာလည်း ချရေးသွားခဲ့ပါတယ်။ Shirley Jensen လို့အမည်ရတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး စိတ်ဓာတ်မြင့်တင်ရေး သင်တန်းပေး စကားပြော နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကိုယ်တိုင်က အသက် ၂၀ အရွယ်က အဆင့်မြင့် ဘိန်း ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၆ လ ကျခဲ့ဖူးပြီး နောက်တော့ ဘန်းစွဲနေသူများကို ပျောက်ကင်းအောင် ပြန်လည် အားတက်စေမယ့် သင်တန်းများ ပေးတဲ့ အမျိုးသမီး ဖြစ်လာပါတယ်။
အလုပ်လုပ်လာတာ ကြာပြီး တစ်ချိန်ကျတော့ ပြဿနာ သုံးခုကို ဆက်တိုက် ကြုံရသတဲ့။ ယင်းကတော့ အထက်က ပြောခဲ့သလိုပဲ အိမ်ပြောင်းခြင်း၊ ချစ်သူနဲ့ လမ်းခွဲခြင်း၊ အလုပ်သစ် ပြောင်းခြင်း တို့ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါနဲ့ပဲ သူမဟာ မိမိကိုယ်ကို ကြိုးဆွဲချ သေလိုက်သတဲ့။
--
ရိုးရာလေး မှတ်ချက်
ဘယ်အရာ ကိစ္စ မဆို စိတ်ညစ်စရာ၊ စိတ်ပျော်စရာ ဆိုတာ ခံယူတဲ့ သူ အပ်ါမှာပဲ မူတည်ပါတယ်။ စိတ်ညစ်စရာဆိုတာ နဖူးမှာ စာကပ်ပြီး ရောက်လာခြင်း မဟုတ်သလို၊ ပျော်စရာဆိုတာကလည်း ပျော်စရာပါလို့ စာကပ်ပြီး မရောက် ပါဘူး။ မိမိလက်ထဲမှာ စာရွက်နဲ့ ဘောပင်နဲ့ ရှိပြီး ဒါဟာ ပျော်ရွှင်စရာ၊ ဒါဟာ ဝမ်းနည်းစရာလို့ စိတ်ကြိုက် ကပ်ပိုင်ခွင့် ရှိပါတယ်။
အရာများကို အဆိုးမြင့်စိတ် များသူများအတွက်ကတော့ အလုပ်အသစ် ပြောင်းတာကို အတွေ့အကြုံအသစ် နယ်ပယ်အသစ်ကို ဆန်းစစ်တာလို့ မမြင်ပဲ ဒုက္ခအသစ်လို့ မြင်ခြင်း၊ ချစ်သူနဲ့ကွဲတာကို ဖူးစာမပါလို့ လွဲရခြင်းလို့ မခံယူပဲ တပ်မက်ခြင်း၊ အိမ်ပြောင်းတာကိုလည်း ဒုက္ခတစ်ခုလို့ မြင်မှာ ဖြစ်ပါတယ်။
အခက်အခဲဆိုတာတွေဟာ မိမိကိုယ် တစ်ဆင့်ပြီး တစ်ဆင့် မြင့်သွား အောင်မြင်သွားစေမယ့် stepping stone လို့ မြင်ပြီး လောကဓံ အနိမ့်အမြင့်ကို သိထားရင် စိတ်ဓာတ် ဆိုတာက ကျတော့မှာ မဟုတ်ပါဘူး။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547
စာအမျိုးအစား
သတင်း
No comments:
Post a Comment