စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သိန်းရှာနိုင်တဲ့ ၁၅နှစ်သမီးရဲ့ ကလေးထိန်း စီးပွားရေး




ပုံမှာ မြင်တွေ့ရတဲ့ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးဟာ Noa Mintz လို့ အမည်ရပြီး ကမ္ဘာ့ အသက်အငယ်ဆုံး စွန့်ဦးတီထွင်သူ စာရင်းထဲမှာ ပါဝင်လာပါပြီ။ အကြောင်းကတော့ သူမဟာ ကလေးထိန်း စီးပွားရေး လုပ်ငန်းကို တည်ထောင်ပြီး နှစ်စဉ် ကုမ္ဗဏီဝင်ငွေ ၅ သိန်း ရှာဖွေ နိုင်နေလို့ ဖြစ်ပါတယ်။

သူမရဲ့ လုပ်ငန်းမှာ အိမ်အဖော်လုပ်မယ့်သူ ၂၅ ဦးနဲ့ ကလေးထိန်း ဦးရေ ၅၀ တို့ ပါဝင်ပါတယ်။ အကယ်၍ အိမ်ဖော် သို့မဟုတ် ကလေးထိန်းလိုအပ်ပြီ ဆိုရင် သူမရဲ့ ကုမ္ဗဏီကို ဆက်သွယ်ရုံပါပဲ။ သူမဟာ ဝဘ်ဆိုဒ် တစ်ခု ထောင်ထားပြီး ယင်းကနေ ခေါ်ယူတဲ့ သူများကို သူမဆီမှာ sign up လုပ်ထားသူများအား လွတ်ပေးပါတယ်။ ကုမ္ဗဏီ စည်းမျဉ်းစည်းကမ်းအရ သူမဟာ အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် စီအီးအို နေရာ ကို ရင်းနှီးတဲ့ မိတ်ဆွေကို ထားရှိစေပါတယ်။

ဒါကြောင့်မို့ သူမရဲ့ လုပ်ငန်းဟာ အောင်မြင်ပြီး အိမ်ဖော်နဲ့ ကလေးထိန်းများကို အလုပ်ရှာပေးနိုင်ပါတယ်။ သူမရဲ့ ကုမ္ဗဏီဝင်ငွေအဖြစ်လည်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅သိန်း ဝင်တာကြောင့် နယူးယောက်မြို့မှာ နာမည်ကြီးတဲ့ စွန့်ဦးတီထွင်သူ ဆယ်ကျော်သက် တစ်ဦး ဖြစ်ပါတယ်။ ဒါကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက စလုပ်ခဲ့တာပါ။ သူမဟာ အသက် ၇ နှစ်ကတည်းက စီးပွားရေး လုပ်မယ်လို့ အမေ့ဆီ ပြောခဲ့သူ ဖြစ်ပြီး တကယ်ပဲ ဇွဲနဲ့ လုပ်နိုင်တာကို တွေ့ရ တော့ မိဘများ ကိုယ်တိုင် အံ့သြခဲ့ကြောင်း ဆိုပါတယ်။
.
Ref: metro
အောင်ခမ်း

http://www.innewsmyanmar.com/2015/02/blog-post_23.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...