စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Hot Pot ချက်နည်း

                         

ဟော့ပ်ပေါ့ပ်ချက်ရန် ပါဝင်သောပစ္စည်းများ-

ဝက်ရိုး၊ ကြက်ခြေထောက် ကြက်ရိုး၊ ကြက်သွန်မြိတ်၊
ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ မုန်လာဥနီ၊ ငရုတ်သီးအနီတောင့်၊
နာနတ်ပွင့်၊ စမုံစပါး၊ သစ်ကြပိုးခေါက်၊ တရုတ်ငရုတ်ကောင်းတစ်မျိုးလိုအပ်ပါတယ် ( Sichuan Peppercorn)ပါ။ ရန်ကုန်က တ၇ုတ်တန်းမှာ ၀ယ်လို့ရနိုင်လောက်ပါတယ်။ မရှိရင်လည်းမထည့်နဲ့ပေါ့။ ပြီးတော့ ဆီအနည်းငယ်လိုအပ်ပါတယ်။

ကြက်သွန်ဖြုနဲ့ ဂျင်းအနည်းငယ်ကို လှီးထားပါ။ ငရုတ်သီးအခြောက်တောင့်လေးငါးတောင့်ကို ထောင်းထားပါ။ အခြောက်တောင့်သုံးခြင်းအားဖြင့်အရောင်ပိုလှပါတယ်။

အရင်ဦးဆုံးအသားတွေကို ရေဆေးပြီး အိုးထဲထည့် အသားမြုပ်တဲ့အထိ ရေအပြည့်ထည့်၊ ဂျင်းလက်တစ်ဆစ်ခန့်ကို ထုပြီးထည့်ပါ။ မုန်လာဥနီတစ်ဥနဲ့ ခရမ်းချဉ်သီးနှစ်လုံးလောက်ကို လှီးပြီးထည့်ပေးပါ။ ကြက်သွန်မြိတ်ရဲ့ အဖြုရောင်အပိုင်းဖက်ကို လှီးပြီးထည့်ပေးပါ။ ဆားသုံးဇွန်းလောက်ထည့်ပါ။ ပြီးတာနဲ့ မိနစ်ငါးဆယ်လောက်တည်ပေးပါ။

အသားပြုတ်ရည်တည်တုန်းမှာ ဆီသတ်ဖို့ပြင်ရပါမယ်။ ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းထည်ပါ မွှေပေးပြီး မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ငရုတ်သီးထည့်ပါ မွှေပေးပါ။ ပြီးရင် နာနတ်ပွင့် သစ်ကြပိုးခေါက် စီချွမ်ငရုတ်ကောင်း စမုံစပါးတို့ထည့်ပါ။ ဆီသတ်ပြီးတာနဲ့ မီးပိတ်ပြီး အသားပြုတ်ရည်အိုးထဲကို ထည့်ပါ။ အသားပြုတ်ရည်အိုးကို ကြာကြာတည်ပေးပြီး ကိုယ့်စိတ်ကြိုက်အရသာကို ပြုပြင်။ ပြီးရင် အကုန်ဆယ်ပစ်ပြီး ဟော့ပေါ့အိုးထဲထည့် ကိုယ့်စိတ်ကြိုက် အသားပြား အရွက်စုံ မှိုတို့ထည့်ပြီး စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

အသားပြုတ်ရည် အချိုကိုတော့ နောက်ရက်မှတင်ပေးတော့မယ်နော

မူရင်း = ဆန်ဂို့ဟင်းလျာများ-Sango's Curries


https://www.facebook.com/183769381716549/photos/a.365971570162995.87504.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...