စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တကယ့်အပြင်က Time Traveller



Time Traveller ကို မြန်မာလို တည့်တည့်ပြန်ရင်တော့ အချိန် ခရီသွား ဖြစ်ပေမယ့် သူဆိုလိုချင်တာကတော့ အချိန်ကာလ များအပေါ် ခရီးသွားခြင်း ဖြစ်ပါတယ်။ ဆိုလိုရင်းက ယင်း ခရီးသွားသူဟာ သူလိုချင်တဲ့ အချိန် ရှေးခေတ်ကိုပဲ ဖြစ်ဖြစ် အနာဂတ်ခေတ်ကိုပဲ ဖြစ်ဖြစ် ခရီးပြန်သွားလို့ ရသူ ဖြစ်ပါတယ်။

ယခု ဖော်ပြပါ ဓာတ်ပုံမှာ မျက်မှန်တပ်ထားသူကို မြင်တွေ့ရမှာပါ။ ယင်းပုံဟာ ၁၉၄၁ ခုနှစ်က ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်က Gold Bridge က South Forks Bridge တံတား ဖွင့်ပွဲ တစ်ခုမှ မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါတယ်။ ၁၉၄၁ ခေတ်ကာလ ဆိုတာ အဖြူအမည်း ဗီဒီယို ဓာတ်ပုံတို့သာ ခေတ်ထွန်းတဲ့ ကာလ ဖြစ်ပြီး ဝတ်စားမှုလည်း ယင်း မျက်မှန်နဲ့လူလို ခေတ်မမှီ ပါဘူး။ မျက်မှန်ကတော့ ၁၉၂၀ လောက်ကတည်းက ပေါ်တဲ့ သားရေသားပါ မျက်မှန်တစ်ခုလို့ ပြောလို့ရပေမယ့် တီရှပ်ကျတော့ ခန့်မှန်းရခက်နေပါတယ်။ သူဟာ ဟော်ကီ အသင်းတစ်သင်းရဲ့ အမှတ်တံဆိပ်ပါ တီရှပ်ကို ဝတ်ဆင်ထားပြီး အပေါ်မှာ ထပ်ချုံထားတဲ့ ပုံစံက ယနေ့ ၂၁ ရာစုမှာ ကြည့်ရင်တောင် အတော်လေးကို ခေတ်မှီနေတာကြောင့် ကမ္ဘာမှာ Time Traveller ဖြစ်နိုင်ချေ စာရင်းမှတ်တမ်းတည်းမှာ ယင်းလူကို ထည့်သွင်းထား ပါတယ်။

Time Travel အယူအဆနဲ့ အကြောင်းအရာကို စာအုပ်ရေးသား အောင်မြင်တဲ့ အချိန်ကာလကတော့ ၁၇၇၁ ခုနှစ်ဝန်းကျင်က ဖြစ်ပြီး ပြင်သစ်စာရေးဆရာ Louis-Sébastien Mercier က ရေးခဲ့တာပါ။ သူ့ထက်စောတာတွေလည်း အများကြီးပါ။ ဥရောပမှာတင်မက အာရှမှာဆိုရင် ဂျပန်မှာ ပုံပြင် ထွက်ရှိပါတယ်။ ဘာသာကြီး လေးဘာသာ စလုံးမှာလည်း Time Travelling နဲ့ ပက်သက်လို့ နီးစပ်တဲ့ အယူအဆများရှိကြောင်းလည်း လေ့လာသူများက သက်သေပြထားကြပါတယ်။

ဥပမာ ဗုဒ္ဓဘာသာမှာဆိုရင် ၃၁ ဘုံ ရှိပြီး ဘုံတစ်ဘုံနဲ့ တစ်ဘုံ သက်တမ်းခြင်း တူညီမှု မရှိတာကြောင့် ယင်း ဘုံအကြား ဆက်စပ် သွားမိသူများဟာ Time Traveller ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆိုရင် ဇာတ်တော်တွေထဲမှာလည်း အများကြီးပါ။ လူ့ပြည်ကို အခန့်မသင့်ပဲ ရောက်ရှိ သွားတဲ့ နတ်သမီးတစ်ဦးဟာ လူ့ပြည်မှာ လူသားတစ်ဦးနဲ့ အိမ်ထောင်ကျပြီး အသက် ၂၇ နှစ်ပြည့်ပြီး စုတေဲ့ အခါမှ နတ်ပြည် ဘုံဘဝ ကို ပြန်လည် ရောက်ရှိသွားပြီး သူ့အတွက် ကြားမှာ ကြာသွားတဲ့ အချိန်က နတ်ဘုံက အချိန်နဲ့ တွက်ရင် စက္ကန့်ပိုင်းပဲ ဖြစ်ပါတယ်။ ပန်းခူးနေဆဲ အခိုက်အတန့်ဖြစ်ပါတယ်။ လူ့ပြည်မှာ အိထောင်ကျပြီး ၂၇နှစ် နေတာခဲ့ခြင်း ဖြစ်ပြီး သူ့အနေနဲ့ နတ်ဘဝ ပြန်ရောက်ချင်လို့ ဘဝ တစ်လျှောက် ကောင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ ဘုံ အသီးသီးက အချိန်ကွဲပြားမှုကို အဘိဓမ္မာရဲ့ ဘုံ ကျမ်းမှာ လေ့လာနိုင်ပါတယ်။ သက်တမ်းအားဖြင့်ကွာခြားမှုဟာ အင်မတန်များပါတယ်။ အဓိကအားဖြင့် လူ့ဘုံ၊ ငရဲဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတို့မှာ ကွာခြားခြင်း ဖြစ်ပါတယ်။

အခြားသော ဘာသာရေး အယူအဆတို့မှာလည်း Time travel နဲ့ ပက်သက်တဲ့ အယူအဆများစွာ တွေ့ရပါတယ်။ ယင်းနဲ့ ပက်သက်လို့လည်း ယုံကြည်လက်ခံမှုမျိုး အမျိုးမျိုးကွဲပြားပါတယ်။ အချို့က အတိတ်ကို သွားလည်ရုံသာ ရပေမယ့် အချို့ကတော့ ဖြစ်ရပ်တွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြုပြင်ပြောင်းလဲချင်ရင် ကြိုးစားလုပ်ယူလို့ ရကြောင်းတောင် ဆိုပါတယ်။ ဥပမာ လွန်ခဲ့တဲ့ ဆယ်နှစ်က ကိုယ်ချစ်တဲ့ လူတစ်ယောက် အက်ဆီဒန့်ကြောင့် သေသွားရင် ယင်း ဖြစ်ရပ်ဆီကို Time Traveller က ပြန်လည် သွားပြီး အက်ဆီးဒန့် အခြေအေနမှ လွတ်မြောက်အောင် ကယ်ထုတ်လိုက်တာမျိုး ဖြစ်ပြီး ယင်း ကယ်ဆယ်မှုကြောင့် သူ ယခုခေတ်ကို ပြန်လာတဲ့ အခါ သူကယ်တဲ့လူကို သက်ရှိထင်ရှား ပြန်လည် မြင်ရခြင်း ဖြစ်ပါတယ်။

ရူပဗေဒ ပညာအရလည်း အချိန်တစ်ခုနဲ့ တစ်ခုအခြား ခရီးသွားလို့ရအောင် သံလိုက်စက်ဝိုင်းများ ဖန်တီးနိုင်ကြောင်း ဆိုပြီး ယနေ့တိုင် ကြိုးစားတီထွင်နေသူများလည်း ရှိပါတယ်။ သူက နည်းပညာနဲ့ စိတ်ကူးယဉ် နှစ်မျိုး ပေါင်းစပ်ထားတဲ့ ယုံကြည်မှု တစ်မျိုး ဖြစ်ကြောင်းလည်း အချို့က ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ် တကယ့် အပြင်က Time Traveller များ အကြောင်း မှတ်တမ်းများစွာလည်း ရှိနေပါတယ်။ ဥပမာ ၁၉၄၈ ခုနှစ်က အမေရိကန်က အဖြူအမည်းကာလ ရုပ်ရှင်တစ်ကားမှာ iPhone ကို အသုံးပြုပြီး မြေပုံနဲ့ အချိန် ကြည့်တဲ့ ဇာတ်ဝင်ခန်းပါနေတာမျိုးကို http://youtu.be/6OPRtvjUi6I ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

အမေရိကန် ရေတပ် စစ်သင်္ဘောတစ်စီးဟာ ၁၀ စက္ကန့် အနောက်ကို ပြန်လည် ရောက်ရှိသွားတဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရကြောင်းလည်း ၁၉၄၃ ခုနှစ်တုန်းက သတင်းကြီးခဲ့ဖူးပါတယ်။ ယင်းကဲ့သို့ပဲ အလားတူ ဖြစ်ရပ်ပေါင်းများစွာကို http://goo.gl/IVNDJ4 ထဲမှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

Time travelling နဲ့ ပက်သက်လို့ Project Almanac လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကား ကိုလည်း လောလောလတ်လတ် ရုံတင်နေတာကြောင့် ရာသီစာ အမှီလေး ရေးသား ဖော်ပြ ပေးလိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး) 

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.565

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...