စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခါးဖွင့်ရန် နှေးနေသည့် ခြံစောင့်ကို ကားဖြင့်တိုက်သတ်သည့် အိန္ဒိယ သန်းကြွယ်သူဌေး


ခြံတံခါး ဖွင့်ပေးရာတွင် နှေးကွေးနေသည့် ပြစ်ချက်ကြောင့် ခြံစောင့်ကို ကားဖြင့် တိုက်သတ်သည့် အိန္ဒိယ သန်းကြွယ်သူဌေး တစ်ဦးကို လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရှိရသည်။

မိုဟာမက် နစ်ရှမ်သည် ၎င်း၏ Hummer ဇိမ်ခံ SUV မော်တော်ကားကြီးဖြင့် ခြံစောင့် ချန်ဒရာဘိုစီကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ခြံစောင့်ကို နံရံဖြင့် ညှပ်တိုက်ပြီးနောက် သတ္တုတုတ် တစ်ချောင်းဖြင့်လည်း ရိုက်နှက်ခဲ့သေးကြောင်း အစိုးရ ရှေ့နေများက ဆိုသည်။

အသက်(၅၀) အရွယ်ရှိ ချန်ဒရာဘိုစီသည် တစ်ကိုယ်လုံးတွင် ဒဏ်ရာ အများအပြား ရခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်က ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ၎င်းသည် အသက်ရှူ အထောက်အပံ့ ကိရိယာများဖြင့် (၂)ပတ်ကြာ အသက်ရှင်နေပြီးမှ သေဆုံးသွားခြင်း ဖြစ်သည်။ ယခုအခါ အသက်(၃၉)နှစ်အရွယ် သန်းကြွယ်သူဌေး နစ်ရှမ်သည် လူသတ်မှုဖြင့် စွဲချက်တင်ခံလိုက်ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။

သရစ်ဆာမြို့မှ ကီလာရာရှိ ၎င်း၏ နေအိမ်ခြံဝင်း တံခါးကို ဖွင့်ပေးရာတွင် ချန်ဒရာဘိုစီက နှေးကွေး တုံ့ဆိုင်းနေသဖြင့် နစ်ရှမ်က ဒေါသတကြီး မော်တော်ကားဖြင့် ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် နစ်ရှမ်ကို လူသတ်ရန် ကြံစည်မှုဖြင့် အမှုဖွင့်ထားပြီး ဖြစ်သော်လည်း ချန်ဒရာဘိုစီ သေဆုံးသွားသည့်နောက် စွဲချက်ကို လူသတ်မှုအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

နစ်ရှမ်သည် ယခင်ကလည်း မော်တော်ကားနှင့် ပတ်သက်သည့် အမှုတစ်ခုကြောင့် ရဲတပ်ဖွဲ့ထံ ဖြေရှင်းခဲ့ရသေးသည်။ ထိုစဉ်က နစ်ရှမ်သည် ၎င်းပိုင် Ferrari ဇိမ်ခံပြိုင်ကားကို (၉)နှစ်အရွယ် သားဖြစ်သူအား မောင်းခွင့်ပေးခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ၂၀၁၃ ခုနှစ် အတွင်းကလည်း နစ်ရှမ်သည် ၎င်း၏ မော်တော်ကားကို ရပ်တန့်စစ်ဆေးသည့် အမျိုးသမီး ရဲမေတစ်ဦးအား ကိုယ်ပိုင် Rolls Royce ဇိမ်ခံကားအတွင်း ပိတ်ထားခဲ့ဖူးသဖြင့် ပြဿနာ တက်ခဲ့သေးသည်။

နစ်ရှမ်သည် တန်ဖိုးကြီး မော်တော်ကားများကို စွဲစွဲလမ်းလမ်း စုဆောင်းလေ့ရှိသူဖြစ်ပြီး Bentley၊ Aston Martinနှင့် Jaguar အမျိုးအစား ကားများကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းသည် ဆေးရွက်ကြီး လုပ်ငန်း၊ အရှေ့အလယ်ပိုင်း ဒေသတွင် ဟိုတယ်နှင့် ကျောက်မျက်ရတနာ လုပ်ငန်းများ ပိုင်ဆိုင်ထားသည့် သန်းကြွယ်သူဌေး တစ်ဦးဟုလည်း သိရှိရသည်။
_Ref: BBC
http://7daydaily.com/story/31935#.VONeTi7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...