စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒူဘိုင်းတွင် လေနှင့်အတူ လွင့်ပါလာသည့် ငွေစက္ကူများကိစ္စ ရဲတပ်ဖွဲ့ အဖြေရှာရန် ခက်ခဲနေ

ငွေစက္ကူများအား လိုက်ကောက်နေသူအချို့
 
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့တွင် လေထဲမှ ငွေစက္ကူများ လွင့်ပျံလာပြီး လူအများ တိုးဝှေ့ကောက်ယူကြသဖြင့် ယာဉ်ကြောများ ပိတ်ဆို့သွားသည့် ဖြစ်ရပ်အပေါ် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ဒူဘိုင်း အာဏာပိုင်များက ယခုလ အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သဲလွန်စ တစ်စုံတစ်ရာ မရရှိသေးဟု ဝန်ခံခဲ့သည်။ ယူအေအီး နိုင်ငံသုံးငွေ ဒါဟမ်(၅၀၀)တန် ငွေစက္ကူများသည် နေ့လယ်ပိုင်း ယာဉ်ကြော ရှုပ်ထွေးနေချိန်တွင် လေထဲမှ လွင့်ပါလာခြင်း ဖြစ်သည်။ ဒါဟမ်ငွေစက္ကူ (၅၀၀)တန် တစ်ရွက်သည် ဗြိတိန်ငွေ (၈၈)ပေါင်မျှနှင့် ညီမျှသည်။

  ငွေစက္ကူများ လွင့်လာသည်ကို တွေ့ရှိသည့်နောက် ကားမောင်းလာသူများသည် ကားထဲမှ ပြေးထွက်ကာ အလုအယက် လိုက်ကောက်ကြသလို လမ်းသွားလမ်းလာများပါ ပါဝင်လာသဖြင့် ထိုနေရာတွင် ယာဉ်ကြောကျပ်တည်းကာ လမ်းများ ပိတ်ဆို့ကုန်သည်။ ဒူဘိုင်း ရဲတပ်ဖွဲ့က မည်သည့်နေရာမှ လွင့်လာမှန်း မသိသည့် ငွေစက္ကူများသည် ဒါဟမ်ငွေ နှစ်သန်းနှင့် သုံးသန်းကြားမျှ ရှိမည်ဟု ခန့်မှန်းခဲ့ရာ စတာလင်ပေါင် ငါးသိန်းဖိုးမျှ ငွေများ လမ်းပေါ် ရောက်လာခြင်း ဖြစ်သည်။

  လေပြင်းများ တိုက်ခတ်နေစဉ် ဒူဘိုင်းရှိ ဂျူမီရာ ဧရိယာတွင် မိနည်အနည်းငယ် ကြာသည်အထိ ငွေစက္ကူများ လွင့်ပျံနေခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် ငွေစက္ကူ လိုက်ကောက်သူများ၊ ၎င်းတို့ကို အသည်းအသန် ရှောင်တိမ်းနေရသည့် မော်တော်ကားများနှင့် အလွန် ရှုပ်ထွေးသွားကြောင်း မျက်မြင်များက ဆိုသည်။

ထို့နောက်တွင်မူ ရဲတပ်ဖွဲ့ဝင်များ အဆိုပါ နေရာသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ရှင်းလင်းခဲ့ရသည်။ ဒူဘိုင်း ရဲတပ်ဖွဲ့သည် ငွေစက္ကူများ စတင်လွင့်ပျံလာသည့် နေရာကို စုံစမ်းနေဆဲ ဖြစ်သော်လည်း ယခုတိုင် အဖြေမထွက်သေးကြောင်း သတင်းများက ဖော်ပြသွားသည်။
_Ref: Dailymail
http://7daydaily.com/story/32474#.VO83nC7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...