စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Smart Phone ကို သုံးတတ်ပြီလား … ?


                        
ဒီနေ့အတန်းပြီတော့ မန္တလေးပွဲအတွက် Flyer တွေ print ထုတ်ရင်း ဘာအကြောင်း ရေးရင်ကောင်းမလဲလို့ စဉ်းစားနေတာ အဲဒါနဲ့ လိုင်းပေါ်ခဏ တက်ကြည့်လိုက်တာ Yangon Media Group ရဲ့ facebook စာမျက်နှာမှာ တင်ထားတဲ့ သတင်းတစ်ပုဒ်ကို ဖတ်မိလိုက်လို့ ရေးစရာလေးတွေ ဖြစ်လာပါတယ် … ။ စမတ်ဖုန်း အက်ပလီကေးရှင်း တစ်ခုကြောင့် အသက်ရှင်ခွင့်ရသွားတဲ့ မစ်ချီကန် ပြည်နယ်က အကြောင်း သတင်းလေးပါ … ။

ဒီနေ့ခေတ်မှာ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဆိုက္ကားသမား၊ ဈေးသည် အစ ဝန်ကြီးတွေအထိ Smart Phone တွေ၊ Tablet တွေ သုံးနေကြပါပြီ … ။ လူငယ်တွေကတော့ ပြောစရာမလိုလောက်အောင် နေ့စဉ်နဲ့ အမျှ … အချိန်တွေတော်တော်များများမှာ ကိုယ့်ရဲ့ ဖုန်းလေးကို ပွတ်ပွတ်နေကြတာကို တွေ့ကြမှာပါ … ။ မနက်မိုးလင်းကတည်းက ညအိပ်ရာဝင်တဲ့ အထိ အားတိုင်း ဖုန်းလေးကို ပွတ်ပွတ်နေတာပါပဲ … ။ အဲဒီိလို ပွတ်နေတာကို အကျိုးရှိအောင် ပွတ်ကြစေချင်ပါတယ် … ။

နည်းပညာတွေဟာ နေ့စဉ် လူသားတွေဖြတ်သန်းနေတဲ့ အခန်းကဏ္ဍအားလုံး လောက်နီးပါးမှာ အသုံးချရမယ့် ကိစ္စတစ်ခုအဖြစ် ဖြစ်လာနေပါပြီ။ ဒါဆိုရင် ဒီလိုတိုးတက်ပြောင်းလဲလာ နေတဲ့ နည်းပညာတွေကို နေ့စဉ်ဘဝမှာ ဇိမ်ခံရုံသက်သက်မဟုတ်တော့ဘဲ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ဘာသာရေး၊ လူမှုရေး၊ ဘဏ်လုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ အစရှိတဲ့ လုပ်ငန်းကိစ္စ အသီးသီးမှာ အသုံးချနိုင်ဖို့လိုပါတယ်။

ကိုယ့်ရဲ့ ဖုန်းထဲမှာရှိတဲ့ application တွေကို စစ်ကြည့်လိုက်ပါ … ကိုယ့်ရဲ့ ပညာရေးအတွက်၊ ကိုယ့် skill အတွက်၊ ကိုယ့်ရဲ့ အောင်မြင်ရေးအတွက် … ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အစရှိတဲ့ ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့ … တကယ်အသုံးတည့်တဲ့ application တွေ ဘယ်လောက် ရှိပါသလဲ … ? အပျော်သက်သက်နဲ့ အချိန်ဖြုန်းမယ့် application တွေပဲ ရှိနေတယ် ဆိုရင်တော့ Smart Phone ကို မသုံးတတ်သေးဘူးလို့ ဆိုချင်ပါတယ်… ။

ဖုန်း၊ တက်ဘလက်၊ အိုင်ပက် အစရှိတဲ့ ကိုယ့်ရဲ့ Mobile Device တွေထဲမှာ ကိုယ့်အတွက် အသုံးချနိုင်တဲ့ application အများကြီးရှိပါတယ်။
တစ်ချိန်တုန်းကဆိုရင် Android Market ထဲကို ဝင်ဖို့အတွက် 1 Mobile Market တို့လိုမျိုးတဆင့်သွားရပေမယ့် ခုအချိန်မှာ Google Play ကနေ တိုက်ရိုက် download ရယူနိုင်ပါပြီ။ ပညာရေးအတွက် အသုံးချမယ်ဆိုရင်လည်း အင်္ဂလိပ်ဘာသာစကား၊ အင်ဂျင်နီယာ၊ စာရင်းအင်းပညာ အစရှိသည်ဖြင့် သက်ဆိုင်ရာ အကြောင်းအရာမျိုးစုံကို တွေ့နိုင်ပါတယ် …။

ဒီနေ့ခေတ်မှာ ဘယ်ဘာသာရပ်ကို လေ့လာချင်သည်ဖြစ်စေ အင်္ဂလိပ်စာနဲ့ ရေးထားတာမို့ အင်္ဂလိပ်ဘာသာစကား ကို အတိုင်းအတာတစ်ခုအထိတော့ တတ်မြောက်ဖို့လိုပါတယ် … ။ အဲဒီအတွက်လည်း Dictionary တွေ၊ Listening သင်ခန်းစာတွေ၊ Spoken သင်ခန်းစာတွေ များစွာ ရှိပါတယ် … ။ အဲဒီလိုပဲ အခြားခြားသော ကဏ္ဍတွေအတွက်လည်း mobile app ပေါင်းများစွာ ရှိပါတယ် …။

ကိုယ့်လက်ထဲမှာ ရှိတဲ့ Smart Phone တွေ၊ Tablet တွေဟာ ဘယ်လောက်ပဲ တန်းဖိုးကြီးမားနေပါစေ … ကိုယ့်အတွက် အကျိုးရှိအောင် မသုံးချဘူးဆိုရင်တော့ ကိုယ့်အတွက် တန်ဖိုးမရှိဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ် … ။ Smart Phone တွေ Model အသစ်တွေ ထွက်ရင် တော်တော်များများက လိုချင်လိုက်ကြတာ … ရှိတာကိုလည်း လဲချင်လိုက်ကြတာ … ပြီးရင်မေးကြည့်ပါ … အဲဒီလူတွေကို အဲဒီ Model အသစ်တွေမှာပါလာတဲ့ အားသားချက်တွေ … စွမ်းဆောင်ရည်တွေကို ကိုယ့်အတွက် ဘယ်လို အကျိုးရှိအောင် အသုံးချမလဲလို့ … အဲဒီလိုမဟုတ်ပဲ … အကောင်းစားကို ကိုင်ချင်တယ် … ဈေးကြီးတာကို ကိုင်ချင်တယ် ဆိုရင်တော့ For Show ပဲ ဖြစ်ပါလိမ့်မယ် …. ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကြွားရုံ သက်သက်ပဲ ဖြစ်ပါလိမ့်မယ် … ။

ဈေးကြီးပေးဝယ်ထားပြီး … For Show လောက်ပဲ သုံးမယ်ဆိုရင်တော့ … ဇိမ်ခံပစ္စည်းလောက်ပဲ သုံးမယ်ဆိုရင်တော့ ကျွန်တော့် အမြင်ကတော့ ရှုံးပါတယ် … ဒါကြောင့် တန်ဖိုးကြီး နည်းပညာပစ္စည်းတွေကို တန်ဖိုးရှိအောင် သုံးကြစေချင်ပါတယ် … ။ နေ့စဉ်နဲ့မျှ ပွတ်နေတဲ့အခါ အကျိုးရှိအောင် ပွတ်ကြစေချင်ပါတယ် … ။

“လူငယ်တွေ နည်းပညာပစ္စည်းတွေကို အသုံးချတတ်ကြပါစေ … ”

အောင်ကိုဦး (UMK)
Be the Best !

Credit to : [https://www.facebook.com/aungkouumk]

https://www.facebook.com/books4friends/photos/a.238058026339423.1073741828.238

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...