စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အပြစ်



ညနေစောင်းလေပြီး ကျွန်ုပ်လည်း သူငယ်ချင်းကျောင်းဆရာနှင့် သူ့မိတ်ဆွေများ ညနေခင်းအချိန် ထိုင်နေကျ ' ဒေါ်ရိတ်ကြီး' အကြော် ဆိုင်သို့ထွက်လာရာ ဆိုင်တွင် သူငယ်ချင်းကျောင်းဆရာအား သူ့မိတ်ဆွေများနှင့်အတူ အဆင်သင့် တွေ့ရလေ၏ ။ကျွန်ုပ်ရောက်ချိန် နောက်ကျ၍လားမသိ ဘူးသီးကြော်ကုန်ပြီဖြစ်ရာ တိုဟူးကြော် ရေနွေးကြမ်းတို့သာရလေတော့သည် ။ကျွန်ုပ်နှင့်သူငယ်ချင်း ကျောင်းဆရာတို့လည်း ရောက်တတ်ရာရာ စာကားပြောနေရင်း လူတို့အကြောင်း ဘဝအကြောင်း စိတ်၏ထူးဆန်းပုံများ စသဖြင့် ခေါင်းစဉ်ရှာနေမိလေ၏။

ကျွန်ုပ်တို့စာကားဝိုင်းအနီးရှိ စာပွဲဝိုင်းသို့ မိန်းကလေးငယ် ၃ ဦးတို့ရောက်လာကြလေ၏ အကြော်မှာယူရာတွင် တိုဟူးကြော်တစ်မျိုး သာကျန်ရှိသည်ကို အကြောင်းပြု၍ တစ်ယောက်သောမိန်းကလေးမှ စာကားဆိုလေရာ ဖောက်သည်များပြီး ရောင်းရသည့်ဆိုင် ဖြစ်သောကြောင့် ပိုလုပ်သင့်သည် ဟုပြောလေရာ နောက်တစ်ယောက်မှ ရောင်းရတော့ မာနတက်၍ လာရောက် အားပေးသူကို အလေးမထားသည့်သဘောဖြစ်ကြောင်း ပြောပြန်လေ၏ နောက်တစ်ဦးကလည်း အကြော်များအားသန့်ရှင်းစွာ ကြော်သလား ကျမ်းမားရေးအာမခံရှိမည်မဟုတ် ဟုပြောနေပြန်လေ၏ ထို့နောက် အကြော်ဆိုင်အား '' အကျော်ဆိုင်'' ဟု စာလုံးပေါင်းမှားနေ သည်ကို ပြစ်တင်ဝေဖန်ရင်း အရွှင်ဖောက် နေကြပြန်လေသည်။

ကျောင်းဆရာသူငယ်ချင်းမှ ကျွန်ုပ်အား စာကားစပြောလေတော့ သည်။ ကြားတယ်မဟုတ်လားသူငယ်ချင်း သူတပါးအပြစ်ကို ပြောရတာတော့ဖြင့် လောကတွင် အတော်လွယ်သားဘဲ သို့သော် မိမိမှာ အပြစ်ကင်းပါသလား ဆိုသည်ကို မတွေးသူက များသည်ပင် မဟုတ်လား အမှန်ကိုမတွေ့မမြင်သမျှ အဓိကနှင့် သာမည မခွဲတတ်သူများ လောကတွင်များလာနေပြီဖြစ်ကြောင်း ပြောလေ၏ ဟုတ်ပေသည် အကြော်ရောင်းသူသည် ချိန်ဆထားသော်လည်း မှာယူသူတို့အတိအကျမရှိနိုင်ပေ ထို့ကြောင့်အကြော်သည် သတ်မှတ်ပုံစံဖြင့် အရောင်းကုန်ခြင်းတူမည်မဟုတ်ပေ လမ်းဘေးဆိုင်ဖြစ်သဖြင့် ကျမ်းမာရေးအာမခံချက်ရှိ မရှိဆိုသည်ကို စစ်ဆေးထားမည်တော့ မထင်ပေ အမည်စာလုံးပေါင်း မှားနေခြင်း ကလည်း အရေးပါသော ကိစ္စမဟုတ်ပေ အခြေအနေနှင့် အနေအထားပေါ်မူတည်ပေသည် သတ်ပုံမှားသော်လည်း ကျော်မသွားဘဲ အဘယ်ကြောင့်အကြော်ဆိုင် ကိုဝင်လာသနည်း သတ်ပုံမှားခြင်းက အကြော်ဆိုင်အတွက် အဓိကတော့မဟုတ်ပေ သို့သော် မှန်တော့ပိုကောင်းတာပေါ့ ဟု မိတ်ဆွေတစ် ဦးကလည်း မှတ်ချက်ပြု နေပြန်လေသည်။ အခြားမိတ်ဆွေတစ်ဦး ကလည်း အဆိုပါမိန်ကလေးများ၏ ဝတ်စားဆင်ရင်ပုံမှအစ အစစအရာရာ တို့သည် အနောက်တိုင်းဆန်လှသဖြင့် အနောက်တိုင်း စာသောက်ဆိုင်များတွင်စားသင့်ပြီး လမ်းဘေးအကြော်ဆိုင်သို့ လာရောက်၍ ပြစ်တင်စာကားပြောနေခြင်းကလည်း ကြည့်မကောင်း ဟုပြောပြန်လေ၏။ထိုအခါ ကျွန်ုပ်တို့ကိုယ်တိုင် သူများအပြစ် ပြောသူများဖြစ်နေသည်မဟုတ်ပါလား ဟုပြောလေရာ ဝါးကနဲ ပွဲကျ၍သွားလေတော့သည်။

လောကတွင် သူတပါးအားအပြစ်ဆိုရန်အတွက် မိမိတွင်အပြစ် ကင်းပါသလားဟု ပြန်တွေးတတ်သူက နည်းပါးလေ၏ လောကတွင် အလွယ်ဆုံးအရာသည် သြဝါဒပေးခြင်း သူတပါးအားအပြစ်တင်ခြင်း ဖြစ်ပြီး အခက်ခဲဆုံးအရာသည် သြဝါဒကို လိုက်နာခြင်းနှင့် အပြု သဘောဆောင်အကောင်းမြင်တတ်ခြင်း ပင်ဖြစ်ကြောင်း ဂရိတွေးခေါ် ပညာရှင်တစ်ဦးအား ကိုးကား၍ မိတ်ဆွေတစ်ဦးက ပြောပြလေ၏ ။မြတ်ဗုဒ္ဓသည်လည်း စိတ်နေစိတ်ထားနှင့်ပါတ်သက်သည် တို့ကို အကြောင်းပြု၍ တရားများစွာ ဟောကြားခဲဖူးသည်ပင်ဖြစ်သည်။ လောကတွင် သူတပါးအပြစ်ကို လွယ်ကူစွာမြင်တတ်သူကများ၍ များ၍လာရာ အပြုသဘောဆောင်သူက နည်း၍နည်း၍ လာသည်ပင်ဖြစ်ကြောင်း ပြောနေကြပြန်သည်။

နေလည်းဝင်ပြီဖြစ်ရာ ကျွန်ုပ်တို့လည်း ပြန်မည်အပြုတွင် ဘေးစာ ပွဲမှ မိန်းကလေးသုံးဦးလည်း အကြော်ဖိုးငွေရှင်းရာ ပြန်အမ်းငွေတွင် ငွေစက္ကူ အစုတ်ပါသည့်ကို အကြောင်းပြု၍ ဒေါ်ရိုက်ကြီးနှင့် အခြေအတင် စာကားများနေကြပြီဖြစ်ရာ လောကတွင် သီးခံခြင်း အပြုသဘောဆောင်သော စိတ်ဓါတ်တို့ ပို၍ပို၍ အားနည်းလာ သည်ကို ပို၍ပို၍သတိပြုမိရလေတော့သည်။ ။

LazyCat

https://www.facebook.com/yoyarlaydotcom/photos/a.625738190802770.10737418

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...