စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မမွေးချင်သေးလျှင် ခဏအောင့်ထားပေးတဲ့ Egg Freezing ဆေးပညာ



Facebook နဲ့ Apple တို့လို ကုမ္ဗဏီကြီးများဟာ သူတို့ ကုမ္ဗဏီမှာ အမျိုးသမီး ဝန်ထမ်းများ တိုးပွားလာအောင် ကြော်ငြာတဲ့ နည်းလမ်းတစ်ခုထဲမှာ Egg Freezing ဆိုတဲ့ ခံစားခွင့်ပါ ထည့်သွင်းပေးလာပါတယ်။ ယင်းဟာ အလုပ်လုပ်နေတဲ့ အမျိုးသမီးများ အနေနဲ့ ကိုယ်ဝန်ဆောင်ပြီး အလုပ်တွေ မပျက်ရလေအောင် မွေးဖွားဖို့ ကာလကို ရွှေ့ပြောင်းချင်း ဆေးပညာ တစ်မျိုး ဖြစ်ပါတယ်။

သူက ကလေးဖြစ်ဖို့ ရယ်ဒီဖြစ်နေပြီ ဖြစ်တဲ့ မျိုးဥကို အမျိုးသမီး ကိုယ်အင်္ဂါထဲကနေ ထုတ်ပြီး မျိုးဥ သိုလောင်ရုံ ရှိတဲ့ ဆေးရုံမှာ သိမ်းဆည်းပေးထားပါတယ်။ နောက် ၁၀ နှစ် ပဲ ဖြစ်ဖြစ် နှစ် ၂၀ ပဲ ဖြစ်ဖြစ် ကိုယ်မွေးချင်ပြီ ကလေးလွယ်ချင်ပြီ ဆိုတဲ့အခါမှ ယင်းမျိုးဥကို ပြန်လည် ထည့်သွင်းနိုင်စေတဲ့ နည်းပညာ ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်လောက်ကတည်းက စမ်းသပ်အောင်မြင်လာပေမယ့် ၁၉၈၀ ကျော်မှ ပိုလို့ ခေတ်စားခဲ့တဲ့ အရာ ဖြစ်ပါတယ်။ သူ့ကို တီထွင်တုန်းကတော့ ကင်ဆာရောဂါရှိနေပြီး ကလေးမွေးဖွားရန် ခက်ခဲနေတဲ့ မိခင်များကို ကူညီဖို့ အတွက် ဖြစ်ပါတယ်။ ယခုတော့ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးရန် ခက်ခဲနေတဲ့ အမျိုးသမီးတိုင်း ပြုလုပ်နိုင်တဲ့ ကျန်းမာရေး ကိစ္စ တစ်ခုဖြစ်သွားပါပြီ။

သူက တစ်ခါ ခွဲစိတ်ရင် အမေရိကန်မှာတောင် ကန်ဒေါ်လာ ၈၀၀၀ အထိ ဈေးရှိနိုင်ပြီး မျိုးဥကို သိုလှောင်သိမ်းဆည်းခက တစ်နှစ်ကို အနည်းဆုံး အမေရိကန် ၁၀၀ ကနေ စပါတယ်။ ဒါကြောင့်မို့ ဆင်းရဲတဲ့ မိခင်များ မလုပ်နိုင် ပါဘူး။ ဒါကြောင့်မို့ Facebook နဲ့ Apple ဟာ ၎င်းတို့ ကုမ္ဗဏီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးများ အနေနဲ့ သားဥကို ရေခဲရိုက်ပြီး ခဏသိမ်းထားဖို့အတွက် ကုန်ကျတဲ့ စရိတ်ကို ထုတ်ပေးတဲ့ ခံစားခွင့်မျိုးကို ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

ဘာသာရေး ရှုထောင့်အားဖြင့် ကြည့်ရင် သူ့မှာ အငြင်းပွားစရာတွေ အများကြီးပါ။ မျိုးဥဆိုတာ ပြောမယ်ဆိုရင် အသက်ရှိပြီ ဖြစ်တဲ့ ကာလလ ရည်ကြည် ဖြစ်ပါတယ်။ ယင်း အရည်ဟာ အသက်ရှိနေပြီ ဖြစ်ပေမယ့် အထီးအမ မကွဲပြားသေး ပါဘူး။ ဒီတော့ ယင်း Egg freezing လုပ်တဲ့ မိခင်စီ ရောက်တဲ့ ကလေးငယ်ဟာ ဆိုရင် ပန္ဒိသဋေ နေစဉ်ကာလကို သာမန် လူများထက် ပိုကြာကြာနေဖို့ ကံပါလာတယ်လို့ပဲ ဆိုရပါလိမ့်မယ်။ အချို့ဆိုရင် အသက် ၂၀ မှာ Egg Freezing လုပ်ပြီး အသက် ၃၀ ကျော်မှ မွေးတာမျိုးတို့ ပြုလုပ်တာကြောင့်ပေါ့။ ဒီတော့ ကိုးလလွယ် ဆယ်လ ဖွားရမယ့် အစား ၁၀ နှစ်မက လွယ်ပြီးမှ ဖွားရတာမျိုး ဖြစ်သွားပါလိမ့်မယ်။

Ref: gurdian
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...