စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အ ဖေ ကြိုက်တဲ့ဟင်း


ကျတော့် အသက်(၉)နှစ်သားလောက်တုန်းက ပေါ့။ မှတ်မှတ်ရရ အိမ်မှာ
ကြက်သားဟင်းချက်တဲ့နေ့တွေဆို ကျွန်တော်သိပ် ပျော်တယ်။
အ ဖေဝန်ထမ်း အ မေ ဝန်ထမ်း ဆိုတော့
လူချမ်းသာမိသားစုတွေလို နေ့တိုင်း ကြက်သားဟင်း မချက်နိင်ပါ။
ကျွန်တော်ရယ် အ ဖေရယ် အ မေရယ် ထမင်းလက်ဆုံ စားကြတိုင်း
အ ဖေ သိပ်ကြိုက်တယ်ဆိုတဲ့ ကြက်အ တောင် ပံ…
အ မေ့ အတွက် လည်ချောင်းနဲ့ ခြေ ထောက်ရိုး …….



ကျွန်တော့် အတွက် က တော့ ကြက်ရင်အုပ်…နဲ့ ပေါင် သား။………….
ဒါ ကျွန်တော်တို့မိသားစု အချင်းချင်းပဲ သိနားလည်တဲ့ ဘာသာစကား။ …….
ကျွန်တော် လောကကြီး အ ကြောင်း ကောင်းကောင်းမသိသေးပေမယ့်
ကျွန်တော် မကြာ မကြာပြောလေ့ရှိတာက အ ဖေ နဲ့ အ မေ သိပ်အတာပဲ….
ကြက်အ တောင် ပံ တို့ ကြက် လည်ချောင်းရိုးတို့ ဆိုတာ
ရင်အုပ် တို့ ပေါင်တို့လောက် မ ကောင်းကြောင်း
ကျွန်တော် ဆရာလုပ်ပြောတိုင်းအ ဖေ အမြဲ ပြန်ပြော တာက
“ တနေ့ ငါ့သား အဖေ့ နေရာရောက်ရင် ကြက်အတောင်ပံကြိုက်သွားမှာပါတဲ့”
အ ဖေ့ စကားအဓိပ္ပါယ် ကျွန်တော် နားမလည်သလိုကျွန်တော်ဘာမှငြင်းချက် မထုတ်ပါ။
အဖေကအစာကို ကြေအောင် ဝါးစားဖို့ပြောရင်း ကျွန်တော့်
ထမင်းပန်းကန်ထဲနောက်ထပ် ကြက်ပေါင် တခုထပ်ထည့်ပေးလေ့ရှိတယ်။
ကျွန်တော့် ဘဝ ရဲ့မိသားစု စုံစုံလင်လင်နဲ့ သိပ် ပျော်စရာ ကောင်းခဲ့တဲ့ အချိန်တွေပေါ့။

ဒီနေ့ဆို အ ဖေ ဟာသူသိပ်ကြိုက်တဲ့ ကြက် အ တောင် ပံ ဟင်း နဲ့ ကျွန်တော့် ကိုထားပြီး
လူ့လောကကြီးကနေထွက်သွားတာ (၁၁)နှစ် ရှိသွား ပြီနော်။
ဒီနေ့ ကျွန်တော် အ ဖေ့ကို ပြောပြစရာ တခုရှိတယ် အ ဖေ။
အ ဖေ့ မြေးလေးက သုံးနှစ်ပြည့်ခဲ့ပြီ.. ပြီးတော့ ကျွန်တော် ငယ်ငယ်ကလိုပဲ..
သူက အ ဖေကို သိပ်ချစ်တယ် ကြက်ပေါင် လည်းသိပ်ကြိုက်တယ်။
ကျွန်တော်လည်းအလိုလိုနေရင်း ကြက်အတောင်ပံကြိုက်တဲ့အဖေ တစ်ယောက် ဖြစ်ခဲ့ပြီ အ ဖေ။

အ ဖေသာ တမလွန်ကနေ တစ်ရက်လောက်ပြန်လာလို့ရရင် ကျွန်တော် တို့မိသားစုလေး
ကြက်ပေါင် တွေချည်းဘဲ ပါတဲ့ဟင်းတခွက်နဲ့ ထမင်းလက်ဆုံစားရ အောင် အ ဖေ။ cry emoticon cry emoticon
ထုံးစံအတိုင်း အ ဖေ က ကျွန်တော့် ထမင်းပန်းကန် ထဲကို ကြက်ပေါင် ထည့်ပေး။..

အဲဒီနေ့ကျရင် …အ ဖေ ကြက်အ တောင်ပံ မစားနဲ့တော့နော် အ ဖေ။

အ ဖေ့ သား 

(Gray Cloud ရဲ့ လက်ရာပါ..ရင်ထဲနင့်လွန်းတဲ့အထိကောင်းလွန်းတဲ့ မိဘမေတ္တာဘွဲ့ စာသားလေးတွေပါ 
)

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...