စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒီနည်းလေးတွေနဲ့ ဆေးလိပ်ဖြတ်ကြမယ်



ချိုအီတဲ့ အစားအစာ၊ အသား၊ ကော်ဖီနဲ့ အရက်ယမကာတွေကိုရှောင်ကြဉ်ပါ။ အချိုဓာတ်ပါတဲ့ အစားအစာကို စားသုံးပြီးတဲ့အခါမှာ နောက်ထပ်အချိုဓာတ်ပါတဲ့ အစားအစာကို တောင့်တတတ်လေ့ရှိပါတယ်။ ဒါမှမဟုတ်ရင် အာသာပြေအောင်ဆိုပြီး ဆေးလိပ်ကို အစားထိုး သောက်ကြတာများပါတယ်။ အသား စားသုံးပြီးရင် ဆေးလိပ်သောက်ရတာ ပိုအရသာရှိတယ်လို့ ဆေးလိပ်သောက်သူ အများစု ကပြောပါတယ်။ ကော်ဖီသောက်ရင်းဆေးလိပ်သောက်ရတာ အရသာအရှိဆုံးလို့ ယူဆထားတဲ့သူတွေလည်း မနည်းပါဘူး။ အပေါင်းအသင်းတွေနဲ့ အရက်သောက်တဲ့အချိန်တွေမှာလဲ ဆေးလိပ်က မပါမဖြစ် ပါဝင်နေတတ်ပါတယ်။ ဒီတော့ ဆေးလိပ်အတွက် ပိုပြီးအာသာပြေစေတဲ့ အစားအသောက်များကို တတ်နိုင်သမျှ လျှော့ချပါ။ ဒါမှမဟုတ်လည်း ဆေးလိပ်သောက်သုံးချင်စိတ် လျော့နည်းစေတဲ့ အစားအသောက်တွေကိုစားသုံးပါ။ပန်းသီး

တစ်နေ့ ကိုပန်းသီး ၂လုံး၊၃လုံးလောက်စားပါ။ ပန်းသီးမှာသွေးအဆိပ်သင့်မှုတွေကိုလျှော့ချပေးနိုင်တဲ့ ဒြပ်တစ်မျိုးပါဝင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအဆိပ် သင့်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဆေးလိပ်သောင်ချင် စိတ်ပြင်းပြနေတဲ့ အချိန်မှာ ပန်းသီးတစ်လုံးကိုသာ စားလိုက်ပါ။ ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။




ဂျင်း နှင့် ကြက်သွန်ဖြူ

ချင်းက အပူစာတစ်မျိုးဖြစ်ပါတယ်။ ချင်းကြောင့် ကိုယ်အတွင်းမှာရှိတဲ့ အဆိပ်တောက်တွေကို ချွေးအဖြစ် ပြောင်းလဲပေးစေနိုင်ပါတယ်။ ကြက်သွန်ဖြူကတော့ ဆေးလိပ်ဖြတ်ထားတဲ့သူတွေအတွက် သွေးပေါင် ချိန်ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။



နွားနို့ နှင့် အခြားနို့ ထွက်ပစ္စည်းများ

နွားနို့ တစ်ခွက်သောက်ပြီးဆေးလိပ်သောက်ရင် ခါးသက်သက်အရသာမျိုးဖြစ်စေနိုင်လို့  ဆေးလိပ်သောက်တဲ့သူအများစုကတော့ နွားနို့ သောက်ရင်းဆေးလိပ်သောက်တာကို မနှစ်သက်ကြပါဘူး။ ဒီတော့ ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာရင် ဟော်လစ် ဒါမှမဟုတ် နွားနို့ သောက်လိုက်ပါ။ ကျန်းမာရေးနဲ့ လည်း ညီညွတ်ပါတယ်။



အသီးအရွက်များ

ဟင်းသီးဟင်းရွက်များများစားသုံးခြင်းကဆေးလိပ်သောက်ချင်စိတ်ကိုလျှော့ချပေးနိုင်ပါတယ်။ နောက်တစ်နည်းအရနီကိုတင်းဓာတ်တွေကိုလျှော့ချပေးနိုင်ပါတယ်။



ဆား

ထူးဆန်းပြီး လုပ်လေ့လုပ်ထ မရှိကြပါဘူး။ ဒါပေမယ့် တကယ်အသုံးဝင်ပါတယ်။ ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာရင် ဆားကို လက်တစ်ဖဝါးစာ ပါးပါးလေးထည့်ပြီး လျှက်လိုက်ပါ ။ ဆေးလိပ် သောက်ချင်စိတ်ကို ခဏတာ လုံးဝဖျောက်ပေးနိုင်ပါတယ်။



Ref:menxp.com
ဟန်နီ 
Trend Myanmar
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...