စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝက်သားဒုတ်ထိုး

                 

မနေန.ညနေက လုပ်စားဖြစ်တဲ. မစုံမလင် ၀က်သားဒုတ်ထိုးနဲ. ကြာဇံကြော်၊
တတိယ အကြိမ်မြောက်လုပ်စားခြင်းပါ။..

ဝက်သားဒုတ်ထိုးအတွက်

-၀က်ကလီစာအစုံ၊နားရွက်၊ လျှာ၊၀က်သား – ၁.၅ KG
-ပြုတ်ထားသောကြက်ဥ – 3လုံး
-ရှာလကာရည် – ထမင်းစားဇွန်း ၃ဇွန်း
-ဟင်းချက်ဝိုင် - ထမင်းစားဇွန်း ၃ဇွန်း
-ကြက်သားမှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
- ပျားရည် – ထမင်းစားဇွန်း ၃ ဇွန်း
- ခရုဆီ – ထမင်းစားဇွန်း ၃ဇွန်း
- ပဲငံပြာရည် အနောက် – ထမင်းစားဇွန်း ၁ဇွန်း
-ပဲငံပြာရည် အကြည်- – ထမင်းစားဇွန်း ၃ဇွန်း
- ဆား – ထမင်းစားဇွန်း ၁ ဇွန်း
- သကြား – ထမင်းစားဇွန်း ၁ ဇွန်း
-နတ်နတ်ပွင့် – ၃ ပွင့် (သို.) တရုပ်မဆလာ ထမင်းစားဇွန်း ၁ ဇွန်း
- ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
-ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း
-ငရုပ်ဆီ- ရွေပုဇွန်မှဝယ်သည်..

ဝက်သားဒုတ်ထိုးချက်နည်း

- နားရွက်နှင့်လျှာကို ဓါးနှင့်ခြစ်ပါကာ ၀က်ကလီစာအစုံ၊နားရွက်၊ လျှာ၊၀က်သား၊ တို.ကိုရေနှင့်ဆေးပြီးဝက်အူများကို ရှလာကာရည်နှင့်ရေအနဲငယ်ထည်.ကာ သန်.စင်အောင်ဆေးပါ။ ၀က်အူပိတ်အတွက် ၀က်အူမလေးတွေကို အထပ်ကလေးတွေဖြစ်အောင် ပြောင်းပြန်လှန်ပြီး အူဒီဖက်ထိပ်မှပိာုဖက်ထိပ်ကို ၁၀” ကို ၅” သာကျန်သည်အထိ တူတံလေးနှင့်ထိုးထည်.ပါ။
အူချိုများကိုလဲရေဆေးပြီး ထိပ်နှစ်ဖက်ကို သွားကြားထိုးတံနှင့်ပိတ်ထားပါ။
ထိုနောက် ဆား၊ ကြက်သားမှုန့်၊ဟင်းချက်ဝိုင် ပျားရည်၊ ရှာလကာရည်၊ သကြား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်နှင့်အနောက်၊ နတ်နတ်ပွင့်တို.ကိုထည့်ကာသမအောင်နုယ်ပေးပြီး ၁နာရီခန့် နုပ်ထားပါ။
-ချက်မည်. ဒယ်အိုးကြီးထဲသို. ဆီထည့်ပြီး ဆီကျက်လျှင် ၀က်ကလီစာကိုထည်.ကာ သူ.ရေကုန်ပြီှးဆီပြန်သည်အထိကြော်ပေးပါ။ထိုနောက် ၀က်ကလီစာမြုပ်ရုံရေနွေးထည့် ကာမီးပြင်းပြင်းဖြင့် ရေခမ်းပြီးဆီပြန်သည်အထိ အဖုန်းအုပ်ကာတည်ထားပေးပါ။ဆီပြန်လာလျှင် အကျက်မြန်သော အသဲ၊ နှလုံး၊ လျှာ၊နားရွက်၊ကျောက်ကပ်၊တို့ကို ဆယ်ကာပုဂံတစ်ခုထဲထည်.ထားပါ။ပြုတ်ထားသော ကြက်ဥ ၃လုံးကို အခွံခွာကာထည့်ပြီး ကျက်ခဲသော ၀က်အူအစုံကိုရေနွေးနှစ်ကြိမ် (သို) ၃ကြိမ်ခန့် ထပ်ကာထပ်ကာထည်.ကာမီးပြင်းပြင်းနှင့်အဖုံးအုပ်ကတည်ပြီး ကျက်၍ ဆီပြန်လာပါက ဆော့ရည်အနည်းငယ်ထားကာဖယ်ထားသော အသဲ၊ နှလုံး၊ လျှာ၊နားရွက်၊ကျောက်ကပ်၊တို့ကို ထည်.ကာမွေပြီး ၀က်ကလီစာတို.ကို ပါးပါးလှီးကာ ဆော့ရည်များ ဆမ်းပြီး ငရုတ်ဆီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ တို့ဖြင့် အရသာရှိသောဝက်သားဒုတ်ထိုးကိုသုံးဆောင်နိုင်ပါပြီရှင်..
- ကြာဇံကြော်နဲ.လဲတွဲဖက်ပြီးစားနိုင်ပါတယ်..

ငရုပ်ဆီအတွက်

ငရုပ်သီးစိမ်း(၂)တောင့်နှင့် ကြက်သွန်ဖြူနှစ်မွာကိုရေဆေးကာ
ထောင်းပြီး ပုဂံတစ်ခုထဲသို.ထည်.ပါ အပေါ်မှ ငရုပ်ဆီ
ဆန်ချိန်ခွက် တစ်ဝက်ခန်.နှင့် ဆား၊ ငံပြာရည်၊သကြား၊ရှာလကာရည်၊
ထမင်းရည်အနဲငယ်ထည်.ကာ သမအောင်မွေပြီး
ဝက်သားဒုတ်ထိုးနှင့်တွဲကာသုံဆောင်နိုင်ပါပြီရှင်

မူရင်း = Myanmar Foods & Other

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...