စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံသားတစ်ဦး CNA ၏ဒေါ်လာ နှစ်သန်းထောက်ပံ့မည့်အစီအစဉ် ရွေးချယ်ခံရ

                              

စင်ကာပူအခြေစိုက်ရုပ်သံလိုင်းဖြစ်သော Channel NewsAsia (CNA)က ၂၀၁၅ အတွက်လုပ်ငန်းစတင်  တည်ထောင်လိုသောလုပ်ငန်းများအား  စင်ကာပူဒေါ်လာနှစ်သန်းဖြင့် မြေတောင်မြှောက်ပေးမည့်  အစီအစဉ်အတွက် စားသောက်ဆိုင်ဆော့ဖ်ဝဲဖန်တီးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးရွေးချယ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

Channel News Asia သည် အာရှဒေသအတွင်းမှ  လုပ်ငန်း စတင်တည်ထောင်လိုသူအချို့ကို မြေတောင်မြှောက်ပေးရန် ဒုတိယ အကြိမ်မြောက် Start-Up အစီ အစဉ်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ် ပြီး ၂၀၁၄ သြဂုတ်၌ အာရှဒေသတွင်း နိုင်ငံများမှ ယှဉ်ပြိုင်လိုသူများကို စာရင်းလက်ခံခဲ့ပြီး ပြိုင်ပွဲဝင် ၂၀ ဦး ရွေးချယ်ခံခဲ့သည်။

‘‘အာရှနိုင်ငံတွေထဲက ဝင် ပြိုင်တဲ့ပြိုင်ပွဲဝင် ၂၀ ဦးထဲကနေ နောက်ဆုံးအဆင့်ရွေးချယ်မယ့် ရှစ်ဦးစာရင်းထဲမှာ မြန်မာနိုင်ငံက တစ်ဦးပါခဲ့တယ်။ အဲဒီရှစ်ဦးထဲ ကနေ လေးဦးကိုရွေးချယ်ပြီး စင် ကာပူဒေါ်လာနှစ်သန်းကို လုပ်ငန်းပေါ်မူတည်ပြီး ခွဲဝေပေးသွားမှာ ပါ’’ဟု Channel News Asia (CNA)၏ ပြန်ကြားရေးတာဝန်ခံ (မြန်မာ)မှ မဖြိုးမွန်မွန်ဇော်က ပြောသည်။

  နောက်ဆုံးအဆင့်ရွေးချယ် မည့်လူစာရင်းတွင်ပါဝင်ခဲ့သည့် ကိုမင်းဇေယျာစိုးအနေဖြင့် နိုင်ငံ တကာမှ စီးပွားရေးလုပ်ငန်းရှင် များနှင့်ယှဉ်ပြိုင်ရာတွင် Smart Sale Market ဟုအမည်ပေးထား သည့် စားသုံးသူများနှင့် စားပွဲထိုး များကြားTablet များအသုံးပြု၍ အော်ဒါမှာသည့် စနစ်အသုံးပြုထားသောဆော့ဖ်ဝဲဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

 Channel News Asia အနေဖြင့် Start-Up အစီအစဉ် ကို အာဆီယံဒေသအတွင်း တိုး တက်လာမည့် စီးပွားရေးပြိုင်ဆိုင် မှုများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရရှိစေရန်နှင့် အနာဂတ်လူငယ် များ ကိုယ်ပိုင်စွမ်းဆောင်ချက်စွန့်ဦးတီထွင်မှုများဖြင့် လုပ်ငန်းတစ်ခု လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

http://7daydaily.com/story/31580#.VN9GPnvdXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...