စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စပိန်ဘာသာစကားမှာ ကမ္ဘာပေါ်တွင် ပျော်ရွှင်စရာအကောင်းဆုံး ဘာသာစကားဟု သိပ္ပံပညာရှင်များ ထုတ်ပြန်





လန်ဒန်

စပိန်ဘာသာစကားဟာ ကမ္ဘာပေါ်မှာ ပျော်ရွှင်စရာအကောင်းဆုံး ဘာသာစကားဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဆိုပါ စပိန်ဘာသာစကားမှာပါဝင်တဲ့ စကားလုံးတစ်လုံးချင်းစီရဲ့ အသုံးအနှုန်းမူ ပုံစံတွေဟာ လူမှုရေးဆိုင်ရာ စည်းလုံးညီညွတ် မှုကိုဖြစ်စေရုံသာမက ပျော်ရွှင်ဖွယ်ရာကောင်းတယ်လို့ သိပ္ပံပညာရှင်များက အတည်ပြုပြောဆိုခဲ့ပါတယ်။

သိပ္ပံပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ စပိန်ဘာသာစကားဟာ ဝမ်းနည်းမှု အဆိုးမြင်ဝါဒီများမရှိစေတဲ့စကားလုံးများ ပါဝင်တယ် လို့ သိရပါတယ်။

ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးဘာသာစကား ဆယ်မျိုးကို စစ်တမ်း ကောက်ယူကာ ယင်းဘာသာစကားများမှ ရုပ်သံ၊ သီချင်း စာသားနဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတဲ့စကားလုံးတစ်သိန်းခန့်ကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

ယင်းလေ့လာချက်များတွင် စပိန်ဘာသာစကားဟာ ပျော်ရွှင်မှုကိုဖြစ်ပေါ်စေတဲ့ စကားလုံးအသုံးအနှုန်းများပါဝင်ပြီး ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

စပိန်ဘာသာစကားအောက်တွင် ဘရာဇီး၊ ပေါ်တူဂီ၊ အင်္ဂလိပ်နဲ့ အင်ဒိုနီးရှားတို့ ပါဝင်တယ်လို့ သိရပါတယ်။

Ref: Daily Mirror

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...