စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရည်းစားထားတာကို သဘောမတူတဲ့ မိဘက သမီးကို အိမ်အဟောင်းမှာ ၆ နှစ်မက ချုပ်ထား



ရည်းစားထားတာကို သဘောမတူလို့ အိမ်အဟောင်း တစ်ခုထဲမှာ ၆ နှစ်မက ဖမ်းချုပ်ထားခဲ့ပြီး ယင်း ဓာတ်ပုံဟာ အင်တာနက်မှာ Share သူ များလာခဲ့ပါတယ်။ တရုတ်ပြည် အလယ်ပိုင်း Hubei ပြည်နယ် Jingang ရွာမှာ နေထိုင်တဲ့ မိသားစုတစ်ခု ဖြစ်ပါတယ်။ Zhang Qi လို့ အမည်ရတဲ့ အသက် ၂၄ နှစ်အရွယ် သမီးငယ်ကို အိမ်ထဲမှာ အသက် ၁၈ နှစ်အရွယ်ကနေ စပြီးတော့ လှောင်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်အဟောင်း တစ်ခုမှာ ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့နေရာ မဟုတ်ပဲ လူသူ မနေထိုင်တဲ့ အိမ်အဟောင်းတစ်ခုမှာ လှောင်ထားခြင်း ဖြစ်ပါတယ်။ စားစရာ များကို ပေးပို့ပေမယ့် ကလေးမကတော့ ထောင်ထဲမှာ နေရတဲ့ ဘဝနဲ့ သိပ်မခြား ပါဘူး။ သူမကို ယခုလို ချုပ်ထားတာကို ရွာက သိပေမယ့် ဘယ်သူမှ ဘယ်ကိုမှ လည်း မတိုင်ရဲပါဘူး။ အကြောင်းကတော့ ယင်း မိသားစုဟာ ရွာမှာ သြဇာရှိတဲ့ မိသားစု တစ်ခု ဖြစ်နေလို့ ဖြစ်ပါတယ်။ တစ်နေ့တော့ ယင်း အိမ်အဟောင်းစီကို လူတစ်ယောက်ဟာ သွားရောက် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်တဲ့အခါ နာမည်ကျော် သတင်းတစ်ပုဒ် ဖြစ်ခဲ့ ပါတယ်။

မိမိရဲ့ သွေးသားရင်းချာ သမီးဖြစ်သူကို ယခုလို လှောင်ပိတ်ထားရအောင် တားဆီးခြင်းက လူ့အခွင့်အရေး ချိုးဖောက်ခြင်း တစ်မျိုးလည်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။ အသက် အရွယ်အားဖြင့် အရွယ်ရောက်ပေမယ့် တရုတ်မိသားစု ယဉ်ကျေးမှုအရာ မှာလည်း သားသမီး အိမ်ထောင်ရေးက မိဘရဲ့ ကြီးဆိုးမှု များစွာ ပါဝင်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက လှောင်ပိတ်ခဲ့ခြင်း ဖြစ်ပြီး ကလေးမ အနေနဲ့လည်း ထွက်ပြေးဖို့ ကြိုးစားပေမယ့် မရကြောင်း ဆိုပါတယ်။ သူမရဲ့ ချစ်သူဟာလည်း ဒီအတွက် ဘာမှ မကြိုးပမ်း နိုင်ခဲ့ ပါဘူး။ ယခု အင်တာနက်ပေါ် ရောက်လာတဲ့အချိန် ယင်း ဒေသခံ ရဲများရဲ့ တုံ့ပြန်ပြောဆိုမှုကို အများက စောင့်ဆိုင်းလျက် ရှိပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...