စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထောပတ်သီးကျောက်ကျော လုပ်နည်း



မမီး ထောပတ်သီး ကျောက်ကျော ကို စားဘို့ ရည်ရွယ်ပီးလုပ်တာ မဟုတ်ဘဲ..အသစ်အဆန်း နည်းလမ်းရှာတဲ့ အနေနဲ့ စမ်းသပ် လုပ်ကြည့်တာသာ ဖြစ်လို့ ပါဝင်ပစ္စည်းအချိုးတွေကို နည်းနည်းဘဲသုံးထားပါတယ်..

လိုက်လုပ်သူတွေ အဘို့ တိုင်းတာတဲ့ ခွက်တွေ ဇွန်းတွေ မရှိရင် လိုက်လုပ်ရတာ နည်းနည်း ခက်ပါလိမ့်မယ်..။

ပါဝင်သော ပစ္စည်းများ

1. ထောပတ်သီး ၁လုံး
2. နို့ဆီ ၁ စားပွဲတင်ဇွန်း
3. ကျောက်ကျောမှုန့် ၁၁ ဂရမ်
4. သကြား ၁၁၀ ဂရမ်
5. ဆား အနည်းငယ်
6. ရေ ၁၂၀ နှင့် ၆၀၀ မီလီမီတာ

ပြုလုပ်ပုံ

1. ထောပတ်သီး ၁ လုံးကို နို့ဆီ တဇွန်းနဲ့ ညက်အောင် ကြိတ်ပါ၊

2. ကျောက်ကျောမှုန့် (တယ်လီဖုန်းတံဆိပ်) ၄ ဂရမ်ကို၊ သကြား ၃၀ ဂရမ်၊ ရေ ၁၂၀ မီလီမီတာရောပီး ကြိုပါ၊ ဆူလာရင် မီးဖိုမှဖယ်ပီး အပူလျှော့သွားအောင်ထားပါ၊ နွေး နေတုန်း၊ အရည်အတိုင်းရှိနေတုန်းမှာ ထောပတ်သီး ကြိတ်ထားတာနဲ့ သမအောင်ရောမွှေပါ၊ ပုံစံခွက်အသေးတွင် ထည့်ပီး အအေးခံထားပါ၊ ခဲသွားပီဆိုရင် မိမိနှစ်သက်ရာပုံစံလေးတွေ လှီးပီး ပုံစံခွက် အကြီးတွင် စီထည့်ပါ။ တချို့ကို ချန်ထားပါ။

3. ကျောက်ကျောနောက်တအိုးကျိုပါ
ရေ ၆၀၀ မီလီမီတာ
သကြား ၈၀ ဂရမ်၊
ကျောက်ကျောမှုန့် ၈ ဂရမ်
ဆား အနည်းငယ်
ရောပီးကြိုပါ၊ ဆူလာရင် မီးဖိုပေါ်မှ ဖယ်ပါ၊ အပူလျှော့သွားအောင်စောင့်ပါ၊ ပုံစံခွက် အကြီးထဲ တ၀က် လောင်းထဲ့ ပါ၊ မြန်မြန်ခဲသွားအောင် ရေခဲသေတ္တာထဲ ထည့်ပါ၊ အဲဒီ အချိန်မှာ အိုးထဲမှာ ကျန်နေတဲ့ ကျောက်ကျော ခဲမသွားအောင် မီးပိတ်ထားတဲ့ မီးဘိုပေါ်တွင် ဆက်ထားပါ။
၃ မိနစ်လောက်နေလို့ ရေခဲသေတ္တာထဲက ကျောက်ကျောအပေါ်ယံ တင်းသွားလျှင် (လုံးဝ ခဲသွားဘို့ မလိုပါ) ကျန်နေသေးတဲ့ လှီးထားတဲ့ ထောပတ်သီး အတုံးလေးတွေကို ဆက်ပီး နေရာချပါ၊ ကျန်နေသော ကျောက်ကျောရည် လောင်းချပါ၊

အအေးခံ ပီး ခဲသော အခါ လိုရာပုံလှီးလို့ ရပါပီ။ အုန်းနို့ မသုံးထားလို့ အုန်းနို့ ရှောင်လိုသူများ အတွက် သင့်တော်ပါတယ်။

T = စားပွဲတင်ဇွန်း=၁၅ ဂရမ်/မီလီမီတာ
tsp = လက်ဘက်ရည်ဇွန်း= ၅ ဂရမ်/မီလီမီတာ
C = cup= ၂၃၀ မီလီမီတာ
gm= ဂရမ် ( ၈၀ ဂရမ်= ၅ ကျပ်သား ခန့်မှန်းချေ )
ml= မီလီမီတာ

Credit to Meemeetofu.com

https://www.facebook.com/183769381716549/photos/a.365971570162995.87504.18376

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...