စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်ဝန်ဆောင်မိခင်လောင်းများ သိသင့်အချက်

                           



အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်နေသည်ဟု သံသယရှိနေသည်ဆိုပါက (LMP ပုံမှန်လာနေကျ ရာသီမလာခြင်း ) သေချာအောင် ဆရာဝန်ဖြင့် ပြသင့်ပါသည်
( ရာသီမလာရခြင်းသည် ကျန်းမာရေးကြောင့်သောက်ရသည် ဆေးဝါးများကြောင့်လား ၊ အစားအသောက်ကြောင်းလားကိုသေခြာသိရှိနိုင်စေရန်ဖြစ်ပါသည် )

သေချာစွာရှိနေပြီးဟု သိရှိချိန်ကစပြီး အစားအသောက်နှင့်အသွားအလာ အနေအထိုင်ကအစ မိခင်လောင်းများသည် အထူးဂရုစိုက်နေထိုက်ကြရပါတော့မည် ဖြစ်ပါသည် ။
သားဦးအတွက်ဖြစ်ကြသော ဇနီးမောင်နှံတို့ မှ မသိတာကများကြပါသည် တချို့ ကြတော့လည်း သိကြပါသည် တချို့ မိခင်လောင်းများသည် ဆေးအသိကို ရှက်နေကြခြင်းကြောင့် မေးမြန်ခြင်း မပြု့ သောကြောင့် မဖြစ်သင့်သည် အနေအထားများကို ရောက်ရှိတတ်ကြပါသည်
ကိုယ်ဝန်ဆောင်နေသည့်လ ( ၃ ) အတွင်းမှာ ယောင်္ကျားနှင့် အတူနေဆက်ဆံခြင်း မပြု့ သင့်ပါဘူး ၊နုနယ်သေးသော သန္ဓေသား Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။
ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ တချို့မှာပုံမှန်ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်ဆို့ပေမဲ့ ဆက်ဆံခြင်း မပြု့ ပါက ပိုကောင်းမွန်ကြောင်း လေ့လာတွေ့ ရှိရပါသည် ၊

ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။

ဖခင်လောင်းများသည်လည်း ကိုယ့်မိသားစုအနာဂတ်လှပေစေရန်အတွက် စိတ်ကောင်းထားရှိပြီး ကောင်းသောအရာများကို ဆောင်ကျဉ်းပေးရန် အကြံပြု့ ပါသည် ။
ဆရာဝန်ညွှန်းကြားချက်များ ကာကွယ်ဆေးအတွက် သတ်မှတ်ရက်ကို မပျက်ကွက်ရန် သတိပြု့ ရမည် ၊

ကိုယ်ဝန်အနုအရင့်မခွဲခြားဘဲ ခါးကုန်းပြီး အလေးအပင်များ မ ရွေ့ ခြင်း မခြင်း ၊ ကခုန်ခြင်း ၊ အမြန်ပြေးခြင်း မပြု့ လုပ်သင့်ပါ ။

အစားအသောက်များတွင် အပူအစပ်များကို တတ်နိုင်သလောက်ရှောင်ပါ ၊ အိမ်ထောင်ရေး စီးပွားရေး မပြေလည်ခြင်းများတွေ့ ကြုံခဲ့ပါက
စိတ်ထဲတွင် အကြာကြီး စွဲလန်းခံစားခြင်း ရှောင်ပါ ၊။

မွေးဖွားရက်ကို ခန့် မှန်းတွက်ချက်ပါ …..
မိမိကိုယ်ဝန်ကို တွက်ချက်ရင် ရက်သတ္ကပါတ်နဲ့သာ တွက်တာ။ ၁ လမှာ ၄ ပါတ်၊ ၁ လမှာ ၃ဝ ရက်ထားရတယ်။ ဗိုက်အပ်လာသူကို အရင်ဆုံး မေးတာက LMP ရာသီ နောက်ဆုံးလာတဲ့ရက်။ ပြောလိမ့်မယ်။ ရက်-လ-ခုနှစ်။ အဲဒီအထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းထည့်တာနဲ့ ခန့်မှန်း-မွေးမဲ့ရက် EDD ရသွားပြီ။ Ultrasound Report မှာက Weeks and Days နဲ့ ရေးတယ်။ ဂဏန်းတွက် ပျင်းသူတွေ ခေါင်းစားရတယ်။ Weeks ကို လဖွဲ့ဘို့ ၄ နဲ့စား၊ ကျန်တာကို ၇ နဲ့ မြှောက်မှ ရက်ရ၊ Days နဲ့ ထပ်ပေါင်းပါမှ ကိစ္စပြီးမယ်။ မရိုက်ခင်က တွက်ထားတာနဲ့ လွဲတတ်တယ်။ ဘယ်ရက် ဖြစ်ဖြစ် မှန်းရက်နဲ့ ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲနိုင်တယ်။

မိခင်လောင်းများမှ သားသမီးကောင်း ရတနာများ ထွန်းကားကြပါစေ
Mg Mandalay
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...