
၂၀၁၄ခုနှစ် ကမ္ဘာ့သတင်းဓာတ်ပုံ ပြိုင်ပွဲမှာ တစ်နှစ်တာ အကောင်းဆုံးဆု
ရခဲ့တဲ့ဓာတ်ပုံကတော့ ဒိန်းမတ်ဓာတ်ပုံဆရာ မတ်နစ်ဆင် ရိုက်ကူးတဲ့
ရုရှားလိင်တူ စုံတွဲပုံ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ လိင်တူစိတ်ဝင်စားမှုကို
တားမြစ်ပိတ်ပင်တဲ့ ဥပဒေ ထုတ်ပြန်ခဲ့ပြီး ရုရှားသမ္မတ ပူတင်ကလည်း
လိင်တူစိတ်ဝင်စားသူတွေကို ပြည်ဝင်ခွင့်
ပေးမှာမဟုတ်ဘူးလို့
ပြောခဲ့ဖူးပါတယ်။ ဆုရသွားတဲ့ ဓာတ်ပုံနာမည်က Jon and Alex ဖြစ်ပြီး
လိင်တူစိတ်ဝင်စားသူ နှစ်ဦးပွေ့ဖက်နေတာကို ရိုက်ကူးထားတာပါ။
ကမ္ဘာ့သတင်းဓာတ်ပုံ ပြိုင်ပွဲမှာ နိုင်ငံ ၁၃၂နိုင်ငံက ဓာတ်ပုံဆရာ ၅၇၅၄ရဲ့
ဓာတ်ပုံ ၉၈၆၇၁ကို စိစစ်ရွေးချယ်ပြီး အမျိုးအစားအလိုက် ဆုပေးခဲ့တာဖြစ်ပါတယ်။
Nz ရိုးရာလေး
www.yoyarlay.com
လစ်ဗျားနိုင်ငံ မြောက်ပိုင်းမှ ဒုက္ခသည်တွေကို အီတလီရေတပ်က ကယ်ဆယ်လာတဲ့ပုံကို အီတလီနိုင်ငံသား ဓာတ်ပုံဆရာ ဆီဆတီနီက ရိုက်ကူးထားတာပါ။
ဆီရီယာလီယွန်နိုင်ငံ၊
ဖရီးတောင်းမြို့မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရတွေကို
သီးသန့်မြေတိုက်ခန်းမှာ နေရာချထားပေးရာ အီဘိုလာဗိုင်းရပ် ကူးစက်ခံရသူ
တစ်ဦး မြေခန်းမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ပါတယ်။ လုံခြုံရေး
ဝန်ထမ်းနှစ်ဦးက သူ့ကို မြေခန်းသို့ ပြန်ပို့ခဲ့တဲ့ ဓာတ်ပုံကို မူလာက အမိအရ
ရိုက်ယူနိုင်ခဲ့တာပါ။ ဓာတ်ပုံရိုက်ပြီး မကြာမီ အီဘိုလာဗိုင်းရပ်စ်
ကူးစက်ခံသူ ကွယ်လွန်ခဲ့ပါတယ်။
တရုတ်နိုင်ငံ၊
အန်ဟွာခရိုင်၊ ဆူဇူးမြို့ အခြေစိုက် ဆပ်ကပ်အဖွဲ့တစ်ဖွဲ့က မျောက်လိမ္မာအဖြစ်
ပြသဖို့ မျောက်ကို ရိုက်နှက်လေ့ကျင့်နေတာကို တရုတ်ဓာတ်ပုံဆရာ ယွန်ရှီချူ
းက ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဆူဇူးမြို့ဟာ ဆပ်ကပ်အဖွဲ့ ၃၀၀ကျော်
အခြေစိုက်တဲ့ မြို့ဖြစ်ပြီး ဒီပုံမှာ မျောက်ကလေးရဲ့ သနားစဖွယ်
အမူအယာကြောင့် တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေးအဖွဲ့တွေ ဒေါသထွက်ခဲ့ကြပါတယ်။
ဆူပူအုံကြွမှုတွေ
ဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံ၊ ဒိုးနက်စ်မြို့က အိမ်တစ်အိမ်မှာ အပျက်အစီး
အကျိုးအပဲ့တွေကြားက သွေးစက်တွေ စွန်းပေနေတဲ့ ထမင်းစားပွဲကို
ရုရှားဓာတ်ပုံဆရာ ဆာဂျီအီနစ်စကီက ယခုကဲ့သို့ ရိုက်ကူးထားပါတယ်။
https://www.facebook.com/yoyarlaydotcom/posts/844217778954809
No comments:
Post a Comment