တစ်နေ့တ၌ ကျွန်ုပ်၏ အိမ်ရှိ စာအုပ်စင်မှ စာအုပ်များကို မိတ်ဆွေများ လာရောက် ငှါးရမ်း ဖတ်ရှု့ကြပြီး ပြန်မပို့သည်က များလှသဖြင့် မည်သည့် စာအုပ်သည် မည်သူထံသို့ ရောက်နေသည်ကို စာရင်းပြုစုရင်း တရုပ်တွေးခေါ် ပညာရှင်ကြီး ကွန်ဖြူးစီးယပ် ၏ အတွေးအခေါ် ဆိုင်ရာ စာအုပ် တစ်အုပ် လာပြန်မပေးသည်ကို သတိရ မိလေ၏ ။ ကျွန်ုပ်လည်း ထိုစာအုပ် အကြောင်းကို သတိရလျက် တွေးမိလေရာ ကွန်ဖြူးစီးယက်၏ ''' အမည်နှင့် လိုက်အောင် ကျင့်သုံး နေထိုင်မှု အယူအဆ ( The Ractification of Names)"' အကြောင်းအား သတိတရ တွေးတောနေမိလေ၏။ ကွန်ဖြူးစီးယက် က ''' မင်းသည် မင်း ပီသပါစေ မှူးမတ်သည် မှူးမတ် ပီသပါစေ ဖခင်သည် ဖခင် ပီသပါစေ သားသည် သား ပီသပါစေ'' ဟုဆိုထား လေ၏။
ကျွန်ုပ်သည် ကွန်ဖြူးစီးယက်၏ အဆိုပါ အတွေးအခေါ်အကြောင်းအား တွေးမိတွေးရာ တွေးကြည့်ရာတွင် လောကတွင် ပညတ်ဟုဆို အပ်သော အမည်နာမ သတ်မှတ်ချက်တို့သည် အလဟသတ် မဟုတ် ဘဲ သူတို့၏ အမည်နှင့်လိုက်ဖက်သော ဂုဏ်ဒြပ် တို့ပါရှိသည်ပင်ဖြစ်ရာ ထိုအမည်နာမအတွက် သူနှင့် လိုက်ဖက်သော အရာတို့က ရှိစမြဲ ပင်ဖြစ်လေသည်။ သို့ရာတွင် ကျွန်ုပ်တို့ လက်တွေ့ နယ်ပယ်များတွင် ထိုကဲ့သို့ မဟုတ်ဘဲ တစ်ခါတစ်ရံတွင် အမည်နှင့် မလိုက်သည့် ကိစ္စများစွာ ရှိလေ၏။ မောင်ဖြူဟု အမည်တွင်သော လွန်စွာ အသားမဲ သူရှိသကဲ့သို့ ဗမာစစ်စစ်အား ကုလားဟု အမည်တွင်သူလည်း ရှိလေ၏ ထို့ကဲ့သို့ပင် အစိုးရဆိုင်ရာ ရာထူးအလိုက် ရာထူးဆိုင်ရာ အမည် နာမများနှင့် လုပ်ပိုင်ခွင့်များရှိရာ အမည်ဖြင့် ညီသူရှိသကဲ့သို့ အချို့သော သူတို့သည် မညီသည်ကိုလည်း တွေရလေ၏။
ရဲဝန်ထမ်းကဲ့သို့ ပြည်သူအား စောင့်ရှောက်ရမည့်သူ တစ်ဦးက ပြည်သူ့ ကောင်းကျိုးအတွက် လူဆိုးဖမ်းခြင်းသည် သူ့အလုပ်ဖြစ်ပြီး ထိုလူဆိုးဖမ်းခြင်း အတွက် လူအများက အဆိုပါ ရဲဝန်ထမ်းအား ဂုဏ်ပြုမည် ဖြစ်သော်လည်း အဆိုပါ ရဲဝန်ထမ်းမှာ နာမည်နှင့် ဆန်ကျင်သော မကောင်းမှု့ကို ပြုမိရာ ရာဇဝတ်ဖြင့် ပြည်သူက ပြန်ဖမ်းရပါက ထိုအခြေအနေတွင် နာမည်နှင့် မလိုက်သောအလုပ်ကို လုပ်မိသောကြောင့် ပြသနာတစ်ခုဖြစ်ပြီး ဝိုင်းဝန်ပြစ်တင်ခြင်းကို ခံရမည်ဖြစ်၏။ မိမိ လုပ်နေသော အလုပ်နှင့် မိမိရရှိနေသော နေရာနှင့် ကိုက်ညီသော အလုပ် ကိုက်ညီသော အပြောဖြင့် သီလ သိက္ခာ ပညာနှင့်ယှဉ်လျက် ပြုမူပြောဆိုနေထိုင်ခြင်းကသ
မိမိဘဝ တိုးတက်ရန်အတွက် မိမိဘဝတွင် ရရှိထားသော ဝိသေသပြု အမည်နာမ တစ်ခုသည် မိမိ၏ ဝိသေသဖြစ်ပြီး ထိုအရာအပေါ်တွင် ကိုက်ညီအောင် နေထိုနိုင်သူကသာ ဘဝတွင် အောင်မြင်ရမည် ဖြစ်သည်။ မိမိ လုပ်ကိုင်နေသော အလုပ်၏ ဝိသေသနှင့် ဆန်ကျင်မနေစေရန် အရေးကြီးလှပေသည်။ သို့အတွက် ခံယူချက်ရှိဖို့ လိုသည် ကြိုးစား အားထုတ်ဖို့ လိုအပ်သည်။ ကုန်သည်သည် ကုန်သည် ပီသစွာဖြင့် အလုပ်ကို လုပ်ကိုင်ရမည်ဖြစ်၏ ကုန်သည်တို့ တတ်အပ်သော ပညာတို့ကို အမြဲမပြတ် လေ့လာနေပါက ကုန်သည်ဆိုသော နာမည်၏ နာမဝိသေသ ထူးခြားလာပြီး ဘဝတွင် အောင်မြင်သည်သာ ဖြစ်သည်။
ကွန်ဖြူးစီးယက် ၏ အယူအဆအရ လူတိုင်းသည် မိမိတို၏ နေရာနှင့်အလုပ်ပေါ်တွင် ထိုအမည်များနှင့်အညီ တိတိကျကျလုပ်ကိုင် တာဝန်ထမ်းဆောင်ရန် တိုက်တွန်းခြင်းဖြစ်လေ၏ လူတို့သည့် မိမိတွင် အမှားတစ်ခုရှိပါက ထိုအမှားအတွက် အချို မဝန်ခံတတ်ကြပေ အခြား သူတစ်ဦးအား အပြစ်ပုံချတတ်ကြသည်က များလေ၏ ထိုကဲ့သို့ မိမိအပြစ် မိမိမသိခြင်းသည်ပင် တာဝန်ယူမှု့ တာဝန်ခံလိုစိတ် မရှိခြင်းဖြစ်ပြီး ကျောက်ဆောင်ပေါ်ရေညှိတက်သကဲ့
လောကတွင် မည်သည့်အရာ မဆို ယုံကြည်ချက်ဖြင့် တာဝန်ယူ တာဝန်ခံပြီး မိမိ လုပ်နေသော အရာအပေါ် သစ္စာတရားဖြင့် လုပ်ဆောင် နိုင်သူ ရိုးသားသူ သီလ ပညာဖြင့် အမှားအမှန်ကို ဝေဖန် ပိုင်းခြား တတ်သူဖြစ်ပြီး မိမိဘာလုပ်နေသည် မည်သည့်နေရာ မည်သည့် အခြေ အနေဖြင့် မည်ကဲ့သို့ အလုပ်ကို လုပ်ဆောင်နေရသည် တို့ကို မိမိကိုယ် မိမိ သိရှိပြီး ထိုအပေါ်တွင် အကောင်းဆုံး လုပ်ဆောင်ခြင်းဖြင့် ဘဝ၏ ခယောင်းလမ်းကို လျောက်နိုင်မည်ဖြစ်ကြောင်း ကျွန်ုပ် တွေးမိလေရာ ကျွန်ုပ်ကိုယ်တိုင်ပင် ပြင်ဆင်စရာများ များစွာရှိကြောင်း တွေ့ရလေ၏ ။
အတွေးများနှင့် ကျွန်ုပ်လည်း ဘဝ ခယောင်းလမ်းတွင် လျောက်နေရဆဲ အမှားများနှင့် ရင်ဆိုင်ရဆဲ အမှန်အတွက် ပြုပြင်ရဆဲဖြစ်ကြောင်း စဉ်းစားရင်း တစ်နေ့တာ လုပ်ငန်းခွင်သို့ ထွက်လာရလေတောသည်။
Lazy Cat (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment