စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဓါး



တစ်နေ့တစ်၌ ကျွန်ုပ်လည်း များစွာသော လုပ်ငန်းဆောင်တာများ လူမူ့ရေး ကိစ္စများဖြင့် အတော်ပင် ရှုပ်နေသော အချိန်တွင် ငယ်သူငယ်ချင်းဖြစ်သူ တစ်ဦးမှ လူငယ် တစ်ဦးအား ခေါ်ဆောင်လျက် ကျွန်ုပ်၏ ရုံးခန်းသို့ ရောက်ရှိလာလေ၏။ သူငယ်ချင်းဖြစ်သူမှာ ကျွန်ုပ်နှင့် နှစ်အတော်ကြာ ကွဲကွာနေသည်ဖြစ်ရာ ကျွန်ုပ်သည်လည်း သူငယ်ချင်းအား အိမ်သို့ ဖိတ်ခေါ်ရလေ၏။ အိမ်သို့ရောက်လျင် သူငယ်ချင်းဖြစ်သူမှ လူငယ်အား သူ၏ ညီဝမ်းကွဲ တော်စပ်သူ တစ်ဦးဖြစ်ကြောင်း အလုပ် လုပ်လိုသည် ဖြစ်သဖြင့် ကျွန်ုပ်ထံသို့ ခေါ်ဆောင်လာပါကြောင်း ပြောပြ မိတ်ဆက်ပေးရာ ကျွန်ုပ်လည်း သင့်တော်သော အလုပ်အကိုင်အား ရှာဖွေ ပေးနိုင်ပါကြောင်း ပြောပြရင်း သူငယ်ချင်းကြိုက်တတ်သော နံရိုးပေါင်း ခေါက်ဆွဲအတွက် ပြင်ဆင် ချက်ပြုတ်ရလေ၏။

ကျွန်ုပ်ထံတွင် အလုပ် လာရောက် လုပ်ကိုင်မည်ဆိုသော သူအတွက် မည်သည့် ပညာများ တတ်သည်ကို သိလိုသဖြင့် စကားမေးပြန်ရလေလျင် ထိုလူငယ်က သူ့တွင် ပညာ အမျိုးစုံ ပါကြောင်း ပြောလျင် ကျွန်ုပ်လည်း အံသြာရ လေသည်။ လူငယ်က ကွန်ပျူတာပညာကို တတ်မြောက်ကြောင်း ပြောပြလေ၏ ကျွန်ုပ်က စာရင်းကိုင်ကို မေးလျင် သူက တတ်မြောက်သည်ဟု ပြောပြန်လေ၏ ကျွန်ုပ်က အနုပညာ အကြောင်း ပြောလေရာ လူငယ်က သူ ဂီတာတီး သီချင်းဆိုခဲ့သည်ကို ပြောပြပြန်လေသည် ကျွန်ုပ်က ကျောက်မျက် ရတနာ အကြောင်းကို စလိုက်လျင် လူငယ်က မိုးကုတ် အကြောင်း ဖားကန့် အကြောင်း စုံလှလေ၏။ ကျွန်ုပ်လည်း ဗေဒင် နက္ခတ် အကြောင်း ပြောပြန်ရာ သူက ကျွန်ုပ်အား တွက်ချက်ပေး လိုက်သေးသည် ကျွန်ုပ်က သွေးတိုးရောဂါ စနေပြီဖြစ်ကြောင်း သူငယ်ချင်းအားပြောပြရာ လူငယ်မှ ဆေးနည်း တစ်ခုအား ပေးပြန် လေ၏ ။ ကျွန်ုပ်လည်း ခေါက်ဆွဲ ပန်းကန်များ ပြင်ရလေလျင် လူငယ်က ချက်ခြင်း ပြုတ်ခြင်း အကြောင်းအား ထပ်ပြောနေပြန်လေ၏

ကျွန်ုပ်လည်း ထိုကဲ့သို့ အရာရာ တတ်ကျွမ်းကျင်နေသော သူအား မည်သည့် နေရာတွင် နေရာ ချထားရမည်ကို တွေး၍ပင် မရ ဖြစ်လေတော့သည်။ ကျွန်ုပ်လည်း သူငယ်ချင်းကို အားနာရသည်ဖြစ်ရာ မည်သို့ ပြောရမည်ကို စဉ်းစားနေရလေသည် ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် ဖြတ်သန်းခဲ့ရသော ဘဝတစ်လျောက်တွင် ထိုကဲ့သို့သောလူများ များစွာ တွေ့ခဲ့ဖူးလေရာ ထိုလူငယ် ပြောဆိုနေသည့် အကြောင်းအရာများ အကြောင်းကို ကျွန်ုပ် ကောင်းစွာ သိနေပီဖြစ်သည်။ ကျွန်ုပ်နှင့် အလုပ် တွဲလုပ်ခဲ့ဖူးသော လူတစ်ယောက်သည် ပညာများစွာ တတ်သော်လည်း တစ်ခုမှ ကောင်းစွာ ဆရာဖြစ် မတတ်သဖြင့် ဘာမျှ လုပ်ကိုင် စားသောက် မရဘဲ ဖြစ်ခဲ့ဖူးလေသည် အမှန်တော့ လောကတွင် ပညာတစ်ခုတည်းကိုသာ ကျွမ်းကျင်စွာ တတ်မြောက်ရန် လေ့လာသင့်ပီး ထိုပညာဖြင့် အသက်မွေးနိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း ကျန်ပညာများအား သဘေမျှ ဝါသနာပါက လေ့လာသင့်ကြောင်း ကျွန်ုပ်လည်း ရှင်းပြရလေ၏ ။


 လောကတွင် စစ်သူကြီး တစ်ဦးအဖို့ အသုံးပြ၍ု မရသော တုံးနေသော ဓါးဆယ်ချောင်း ရှိသော်လည်း စစ်မြေပြင်တွင် အသုံးမဝင်နိုင်ပေ အကယ်၍ အလွန်ထက်သော ဓါးတစ်ချောင်းသာ ရှိပါက စစ်သူကြီးသည် ရန်သူ ရာပေါင်းများစွာကို တိုက်ခိုက်နိုင်သည်သာဖြစ်သည်။ ယခု လူငယ်သည်လည်း ဘာသာစုံကို တတ်မြောက်နေ သော်လည်း ဆရာဖြင့် မည်သည့် ပညာမှ မတတ်သည်ဖြစ်သဖြင့် ကျွန်ုပ်အနေနှင့်လည်း မည်သည့်နေရာမျှ မပေးနိုင်ဖြစ်ရကြောင်း ရှင်းပြရလေသည်။

ထိုအခါ ကျွန်ုပ်၏ သူငယ်ချင်းဖြစ်သူနှင့် ညီဖြစ်သူတို့လည်း ကောင်းစွာ သဘောပေါက်ပုံရပြီး ကျွန်ုပ်တည်ခင်းသော နံရိုးပေါင်း ခေါက်ဆွဲကို မြိုင်နေအောင်စားလျက် ကျွန်ုပ်အား သူ့၏ ညီဝမ်းကွဲအနေဖြင့် ဓါးတစ်လက်ရွေးပီး သွေးခိုင်းပါအုံးမယ် ဟုပြောကာ ကျွန်ုပ်၏အိမ်မှ ထွက်ခွါသွားလေတော့သည် . . .။ ။

Lazy Cat (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...