စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







3D, 4D တို့ထက် အဆင့်မြင့်တဲ့ 4DX ရုပ်ရှင်ရုံ



3D ပြီးတော့ 4D ရုပ်ရှင်ရုံ ပေါ်တာကိုလည်း သိကြမှာပါ။ ဒါ့အပြင် 4DX ဆိုတာ ၂၀၁၀ လောက်ကတည်းက ပေါ်နေတာကိုတော့ လူသိနည်းခဲ့ပါတယ်။ ကိုရီးယား နိုင်ငံမှ ကုမ္ဗဏီတစ်ခုမှ စတင် တိထွင်နိုင်ခဲ့ပြီး Avator, Frozen, Gravity တို့လို ဇာတ်ကားမှာ အသုံးပြုခဲ့တော့ ပိုမို လူသိများခဲ့ပါတယ်။ ကမ္ဘာမှာ ယင်း ရုပ်ရှင်ရုံပေါင်း ၄၀ ကျော် ရှိနေပါပြီ။

4D ဆိုတာကတော့ သုံးဖက်မြင် ရုပ်သံအပြင် ခုန်ပါ လှုပ်ရင် လှုပ်သလို ပြသမှာ ဖြစ်ပါတယ်။ 4DX ကတော့ ခုန်လှုပ်တာ အပြင် ဘေးဘယ်ညာနဲ့ အရှေ့အနောက် အရွှေ့ ပါ ပါဝင်လာပါမယ်။ ပြီးရင် ရုပ်ရှင်ဇာတ်ကားထဲကပေါ် မူတည်လို့ အနံ့လည်း ပါဝင်လာအုံးမှာ ဖြစ်ပါတယ်။ အနံ့ဆိုတာကလည်း လူတွေကို ကျန်းမာရေး မထိခိုက်စေမယ့် အနံ့မျိုးများသာ ဖြစ်ပါတယ်။ ဥပမာ ရုပ်ရှင်ထဲမှာ ဗုံးကွဲတိုင်း အပြင်မှာ အသက်အန္တရာယ်ရှိတဲ့ မီးခိုးအနှံ့များ ရနေလို့ မဖြစ်ပါဘူး။

ဒီအတွက်လည်း သေချာ စီမံ ဖော်စပ်ထားတဲ့ အနံ့များကို အဆင်ပြေရင် ပြေသလို လွင့်ပေးပြီး မိုးရွာခြင်း၊ ဖုံထခြင်း အစရှိသဖြင့်တိုပလည်း ပါဝင်အုံးမှာ ဖြစ်ပါတယ်။ အဲ့ဒီထက် ပိုစုံလင်တဲ့ အသေးစိတ် အချက်အလက် များကို http://www.pocket-lint.com/news/132560-forget-3d-4dx-is-the-future-of-cinema-and-here-s-why ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
  အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

http://www.innewsmyanmar.com/2015/02/3d-4d-4dx.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...