စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆံပင်အလှအတွက် သဘာဝနည်းလမ်းများ


                                 

 ဆံကေသာ လှပစေရန်အတွက် ခေါင်းလိမ်းဆီအမျိုးမျိုး၊ ခေါင်းလျှော်ရည် အမျိုးမျိုးသုံးပြီး ထိရောက်မှုမရှိလို့ စိတ်ညစ်သူများအတွက် အလွန်ကောင်းမွန်တဲ့ သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။

နည်းလမ်း (၁)

၁။ ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး တစ်မျိုးမျိုးရဲ့အရည် လ္ဘက်ရည်တစ်ဖန်ခွက်စာနဲ့ ရောတစ်ခွက်ကို ရောလိုက်ပါ။

၂။ ပြီးတော့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပြီး ၅ မိနစ်ကြာတဲ့အခါ ရေဆေးချလိုက်ပါ။

ဒီအသီးလေးတွေဟာ ဆံပင်တွေကို ပျော့ပျောင်းစေရုံသာမကပဲ
ဗောက်များကိုလည်း ပျောက်ကင်းစေနိုင်တဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်နည်းပါ။

နည်းလမ်း (၂)

၁။ လက်ဖက်ခြောက်အမှုန့် ၁ ဇွန်းကို ရေလေးခွက်နဲ့ရောပြီး ဆူအောင်တည်လိုက်ပါ။

၂။ ပြီးရင် အအေးခံလိုက်ပါ။

၃။ ခေါင်းလျှော်ပြီးတော့ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပါ။

၎။ ( ၅) မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ ပြန်ဆေးချလိုက်ပါ။

နည်းလမ်း (၃)

၁။ ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ အုန်းဆီကို ရွှဲရွှဲလေးလိမ်းပါ။

၂။ ပြီးတော့ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ သေချာနှိပ်နယ်ပေးပါ။

၃။ နာရီဝက်ကြာရင်တော့ သေချာလေးခေါင်းလျှော်လိုက်နော်။

နည်းလမ်း (၄)

၁။ အပူပေးထားတဲ့ သံလွင်ဆီနွေးနွေးလေး လ္ဘက်ရည်ဇွန်း ၂ ဇွန်းကို ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ နှံ့စပ်အောင်လိမ်းပြီး သေချာနှိပ်နယ်ပေးပါ။

၂။ ပြီးရင် ပလတ်စတစ်ခေါင်းစွပ်လေးစွပ်၊ တဘက်နွေးနွေးလေးနဲ့ ခေါင်းကို ပတ်ပြီး နာရီဝက်ထားပေးပါ။ ( သံလွင်ဆီတွေ ဆံပင်သားထဲကို စိမ့်ဝင်ပြီး ပျက်စီးနေတဲ့ဆံပင်သားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ အတွက်ပါ)

၃။ အချိန်ပြည့်ရင် ခေါင်းလျှော်ရည် အပျော့စားလေးနဲ့လျှော်ပြီး ရေအေးလေးနဲ့ ဆေးချလိုက်ပါ။

နည်းလမ်း (၅)

၁။ ကြက်ဥနှစ်တစ်လုံးကို အရောင်ဖျော့ပြီး အမြှပ်တွေထလာတဲ့အထိ ခေါက်ပါ။

၂။ ပြီးတော့ သံလွင်ဆီ လ္ဘက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ထပ်မွှေပါ။

၃။ ရေ လ္ဘက်ရည်ခွက်ရဲ့ ၄ ပုံ ၃ ပုံကို ထပ်ထည့်ပြီး ထပ်မွှေလိုက်ပါ။

၎။ ခေါင်းလျှော်ပြီးချိန်မှာ ဒီပျော့ဆေးလေးကို တစ်ခေါင်းလုံးကိုလိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေသေချာဆေးချလိုက်ပါ။
ကြက်ဥကလည်း ဆံပင်အတွက် အားကိုးရကြောင်း သိသွားပါလိမ့်မည်။

သန်စွမ်းနက်မှောင်ပြီး မြင်သူတကာ ငေးယူရလောက်တဲ့ ဆံကေသာအလှများကို ပိုင်ဆိုင်နိုင်ကြပါစေရန် ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးနည်းများ၊ ရင်နှင်းငယ်

Credit to ကျန်းမာရေးသတင်းများ

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...